ဂဠုန်ဆရာစံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စံ၊ ဆရာ (ဂဠုန်) စာမျက်နှာကို ဂဠုန်ဆရာစံ သို့ ပြန်ညွှန်းပေါ်ထပ်၍ Dr Lotus Black က ရွှေ့ခဲ့သည်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထားပါသည် +ထားသည်, -တိရိစ္ဆာန် +တိရစ္ဆာန်, -အဓိပ္ပါယ် +အဓိပ္ပာယ်, -ခဲ့ပါသည် +ခဲ့သည်, -ရပါသည် +ရသည်)
စာကြောင်း ၆၁ -
ဤသို့ဖြင့် ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်တွင် နယ်ချဲ့အစိုးရအား လက်နက်ကိုင်တော်လှန်ရန် မော်လမြိုင်မှ သာယာဝတီသို့ ထွက်ခွာလာ ခဲ့သည်။ ၁၉၃၀ ပြည့်နှစ် အောက်တိုဘာလ ၂၆ တွင် သာယာဝတီ အင်းရွာ မကျီးကုန်းဘုန်ကြီးကျောင်း၌ ဝံသာနုလယ်သမားခေါင်းဆောင် များနှင့် လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတဝှမ်းရှိ လယ်သမားများနှင့် ဂဠုန်တပ်များကို စတင်ဖွဲ့စည်းသည်။
 
၁၉၃၀ အောက်တိုဘာ ၂၈တွင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့မြောက်အရပ်ရှိ မြစိမ်းတောင်ညိုဘုရားတွင် ဆရာစံသည် လက်ပံပင်မှ ဂဠုန်ငှက်မင်းဟူသော အဓိပ္ပါယ်ဖြင့်အဓိပ္ပာယ်ဖြင့် ‘သုပဏ္ဏက ဂဠုနရာဇာ’ဘွဲ့ကို ခံယူ၍ ဥပုသ်ကြီးဝင်ခဲ့သည်။ ဆရာစံသည် ဂဠုန်တပ်ဖွဲ့ဝင်များကို ‘က’၊ ‘ခ’ ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ‘က’ ဂဠုန် တပ်ဖွဲ့ဝင်များသည် လက်နက်စွဲကိုင်လျက် နယ်ချဲ့အစိုးရတပ်များကို ရှေ့တန်းမှ တိုက်ခိုက်ရသည်။ အာဏာဖီဆန်သောအနေဖြင့် အစိုးရသစ်တောကြိုးဝိုင်း များအတွင်းသို့ဝင်၍ သစ်ဝါးများခုတ်ကြရမည်။ ‘ခ’ ဂဠုန်တပ်များသည် နောက်ပိုင်းမှ စားနပ်ရိက္ခာများ ထောက်ပံ့ရသည်။ ထို့အပြင် ရှေ့တန်းမှလိုအပ်သော အကူအညီများကို ပေးရမည့်အပြင် ‘က’ ဂဠုန်တပ်ဖွဲ့ဝင်များ တိုက်ပွဲ ကျဆုံးလျှင်သော်လည်းကောင်း၊ ထောင်တန်းကျလျှင်သော်လည်းကောင်း ကျန်ရစ်သူ အိမ်ထောင်စုဝင်များကို ‘ခ’ ဂဠုန်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းစောင့်ရှောက်ရသည်။
 
ဆရာစံသည် တော်လှန်ရေးအတွက် အခိုင်အမာတပ်စွဲရန် အလံတောင်တွင် ၁၉၃၀ ဒီဇင်ဘာ ၂၁ တွင် ဌာနချုပ်ပြုလုပ်ခဲ့သည်။ အလံတောင် သည် သာယာဝတီမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ပဲခူးရိုးမတောင်တန်းတွင် ရှိသည်။ဆရာစံသည် ဂဠုန်တပ်၏အောင်လံကိုလည်း တီထွင်ခဲ့သည်။ ဂဠုန်တပ်၏အောင်လံမှာ နဂါးကို ဂဠုန်သုတ်နေပုံဖြစ်သည်။ နဂါးသည် နယ် ချဲ့အင်္ဂလိပ်တို့ကို ရည်ညွှန်းထားခြင်းဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ် (နဂါး) ကို ဂဠုန်လာသုတ်သည့်အဓိပ္ပါယ်ဖြင့်ဂဠုန်လာသုတ်သည့်အဓိပ္ပာယ်ဖြင့် စီစဉ်ခြင်းဖြစ်သည်။
 
ဆရာစံ၏ ဂဠုန်တပ်သည် စည်းရုံးရေးဘက်တွင် အားကောင်းသော်လည်း လက်နက်အင်အားဘက်တွင် လွန်စွာချို့တဲ့သည်။ ပုန်ကန်ချိန်၌ သူတို့သည် ခေတ်မီ လက်နက်ဆို၍ ပြည်တွင်းဖြစ် လုပ်သေနတ်အလက်(၃၀)ခန့်သာ ရှိသည်။ ကျန်လက်နက်များမှာ ဓား၊ လှံ၊ ဝါးချွန်၊ ဒူးလေး၊ ကောက်စွ၊ ဝါးရင်းတုတ် စသည်တို့ သာဖြစ်သည်။ ခေတ်မီသေနတ်များသာမက စက်သေနတ်များပင် စွဲကိုင်ထားသော နယ်ချဲ့ဗြိတိသျှစစ်တပ်များကို တိုက်ခိုက်ရန်မလွယ်ကြောင်း သူတို့ မသိမဟုတ် သိကြသည်။
စာကြောင်း ၇၇ -
နယ်ချဲ့တို့က မည်သို့ပင်ချိုးနှိမ်စေကာမူ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဂဠုန်ပျံဒီပနီဋီကာ၌ -“ဩော်… မြန်မာပြည်တဝှမ်းတွင်ဖြင့် သာယာဝတီစခန်းဆီက အာဇာနည်အစွမ်းတွေ ဟိုလာရင် ရမန်က ဗဟိုရ်ပုလ္လင်ပျံမှာ သမထ မတိမ်းအောင်လို့တဲ့ ဗိုလ်ဝင်ခံကာ မြန်မာ့ကိန်းတွေနှင့် မြစိမ်းတောင်ညိုညိုက ရဂုံစံချင်စရာ တပည့်တို့မှာဖြင့် ဥုံ အရဟံ သစ္စာ ဂတိတွေနှင့်… ဂဠုန် သရဏံ ဂစ္ဆာမိကြလေတော့” ဟု ရေးသားကာ ထောက်ခံအားပေးခဲ့လေသည်။
 
ဗြိတိသျှအစိုးရ၏ အရာရှိတစ်ဦးဖြစ်သော အရေးပိုင် မစ္စတာ မောရစ်ကောလစ် ကလည်း ဗြိတိသျှအစိုးရနှင့် ဆန့်ကျင်ပြီးသူ “မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ” (Trails in Burma) စာအုပ်၌ -“မြန်မာနိုင်ငံတွင် ဗြိတိသျှတို့ မလုပ်သင့်သောလုပ်ငန်းနှစ်ရပ်ကို မှားယွင်းစွာလုပ်ကိုင်ခဲ့ကြလေသည်။ ပထမအချက်မှာ ဗြိတိသျှတို့၏ အကျိုး စီးပွားသက်သက်ကိုသာ ထာဝစဉ်ရှေးရှုထားခြင်းနှင့် ဒုတိယအချက်မှာ မြန်မာတို့အား လူသားအချင်းချင်းဟူ၍ သဘောမထားနိုင်ဘဲ နိမ့်ကျ ယုတ်ညံ့သော တိရိစ္ဆာန်များသဖွယ်တိရစ္ဆာန်များသဖွယ် သဘောထားပြုမူခြင်းတို့ပင် ဖြစ်လေသည်။ ထို့ကြောင့် ငွေကလည်း မရှိ၊ ကျွမ်းကျင်မှုလည်းမရှိသော မြန်မာတို့မှာ ဖောင်စီးရင်းရေငတ်ဆိုသလို ကိုယ့်မြေပေါ်မှာပင်ဖြစ်လျက် နေစရာမရှိ၊ စားစရာမရှိ ဆင်းရဲငတ်ပြတ်လှ၏။ ထိုမွဲငတ်မှုကြောင့်ပင် မြန်မာတို့မှာ လူရာမဝင်ဖြစ်ခဲ့ရ၏။
 
သို့သော် (၁၉၃၀) ပြည့်နှစ်တွင်ရှိသော အခြေအနေဆိုးများအရ မြန်မာလူမျိုးတို့သည် မိမိတို့အပေါ်တွင် စိတ်ကောင်းထားပါသည်ဆိုသောစိတ်ကောင်းထားသည်ဆိုသော ဗြိတိသျှအစိုးရ၏စေတနာကို ယုံကြည်နိုင်စရာအကြောင်းမရှိတော့ချေ။ ထို့ကြောင့် လယ်သမားသူပုန်ထပွဲကြီး (ဝါ) လယ်သမားတော်လှန်ရေး ကြီး ပေါ်ပေါက်လာရခြင်းပင်ဖြစ်လေသည်” ဟူ၍ ရေးသားထားလေသည်။
 
တောင်သူလယ်သမားအရေးတော်ပုံသည် သာယာဝတီနယ် ဇိမ်စာ၊ အင်းကောက်၊ ရေတိုက်၊ ဖားရွှေကျော်၊ ဆီနှစ်ခွ၊ လှည်းလမ်းကူး အစရှိ သော ကျေးရွာများမှ စတင်ကာ ရက်အနည်းငယ်အတွင်း သာယာဝတီနယ်အနှံ့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
စာကြောင်း ၉၅ -
၁၉၃၁ ဩဂုတ် ၁၅ တွင် ဆရာစံအား သာယာဝတီတရားရုံးသို့ ရုံးထုတ်စစ်ဆေး၍ ဩဂုတ်လ ၂၈ ရက်နေ့တွင် တရားသူကြီး မစ္စတာကန်းလခ် (Mr. J.R.E Cunliffe) မစ္စတာဒါဝုဒ် (Mr. A.J. Darwood) နှင့် ဦးဘဦး (နောင်မြန်မာနိုင်ငံသမ္မတကြီး ဒေါက်တာဘဦး) တို့ပါဝင်သည့် တရားရုံးက ဆရာစံအား အိန္ဒိယရာဇသတ်ကြီးပုဒ်မ ၁၂၁ အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှား၍ သေဒဏ်အမိန့်ချမှတ်လိုက်သည်။
 
နယ်ချဲ့အစိုးရသည် ဆရာစံအား အထူးတရားရုံးတွင် စစ်ဆေးစဉ်ကပင် ဆရာစံက မည်သို့မျှ မထုချေဘဲ နေမည်ကိုလည်းကောင်း၊ ထုချေပြန် လျှင်လည်း အင်္ဂလိပ်အစိုးရ၏ ကျွန်ဘဝမှလွတ်မြောက်ရန် တော်လှန်ပုန်ကန်ရပါသည်ဟုလည်းကောင်းတော်လှန်ပုန်ကန်ရသည်ဟုလည်းကောင်း ထုချေမည်ကို အထူးစိုးရိမ်ခဲ့သည်။ အကယ်၍ တရားရုံးပေါ်တွင် ဆရာစံက မည်သို့မျှမထုချေဘဲ ရေငုံနှုတ်ပိတ်နေပါက ဆရာစံအား သေဒဏ်အပြစ်ပေးရမည်မှာလည်း အစိုးရအတွက် အခက်ဖြစ်နေသည်။ ထိုနည်းတူ ဆရာစံအား အပြစ်မှ လွှတ်ရမည်မှာလည်း မဖြစ်နိုင်ပေ။ ထိုသို့ အစိုးရမှာ ဘေးကျပ်နံကျပ်ဖြစ်နေစဉ် ဆရာစံအား ရုံးတင်စစ်ဆေးသောအခါ ဆရာစံသည် တရားရုံးပေါ်၌ ထုချေခဲ့လေသည်။
 
စင်စစ် ဆရာစံထုချေသည်ဆိုသေ ာထုချေလွှာမှာ ဆရာစံ၏သဘောဆန္ဒအရ ဆရာစံကိုယ်တိုင်ရေးသားထားသော ထုချေလွှာမဟုတ်ပေ။ ဆရာစံဘက်မှ အခမဲ့လိုက်ပါဆောင်ရွက်ခဲ့ကြသော ဒေါက်တာဘမော်နှင့် သာယာဝတီဦးပုတို့က အင်္ဂလိပ်တို့အလိုကျ အင်္ဂလိပ်လိုရေးသား ထားသည့်ထုချေလွှာကို ဆရာစံအား လက်မှတ်ရေးထိုးစေပြီး ဆရာစံကတင်သွင်းသည့်အနေဖြင့် ရေးသားလျှောက်ထားထားခြင်းဖြစ်သည်။
စာကြောင်း ၁၀၅ -
ထို့ကြောင့် ဦးဘခိုင် (ဖေဘီယန်)က သူ၏ “မြန်မာပြည်နိုင်ငံရေးရာဇဝင်” စာအုပ် စာမျက်နှာ ၁၃၉တွင်-“ဤကိစ္စနှင့်ပတ်သက်၍ ဆရာစံအတွက် ထုချေလွှာတင်သွင်းသော ဒေါက်တာဘမော်နှင့်သာယာဝတီဦးပု အစရှိသောပုဂ္ဂိုလ်ကြီးများက ဆရာစံအတွက် အဘယ့်ကြောင့် ထုချေလွှာရေးသားရသနည်း။ ဆရာစံကြိုးဒဏ်ကလွတ်မည်ဟု မည်သည့်အကြောင်းများဖြင့် ထင်မြင်သနည်း။ ဆရာစံ ဤကဲ့သို့ထုချေလွှာတင်သွင်းလျှင် လွတ်လိမ့်မည်ဟု အဘယ့်ကြောင့် အကြံဉာဏ်ပေးရသည်ကို တိုင်းပြည်အား ရှင်းပြသင့် ယပေသည်။ ဆရာစံမှာ သေခါနီး အကြံကောင်းဉာဏ်ကောင်းပေးမည့်သူ မရှိသဖြင့် ဝမ်းနည်းဖွယ်ပင်”ဟု ရှေ့နေကြီးများ၏ဆန္ဒအရ ထုချေလွှာကို ဆရာစံလက်မှတ်ထိုးခြင်းနှင့်ပတ်သက်၍ မှတ်ချက်ချထားလေသည်။
 
အကယ်၍ ဆရာစံအတွက် ထုချေလွှာကို ရေးသားခဲ့ကြသည့် ဒေါက်တာဘမော်အမှူးပြုသည့် ရှေ့နေကြီးများက ဆရာစံလွတ်မြောက်စေရန် ဆိုသည့် စိတ်ရင်းစေတနာကောင်းဖြင့် ရေးသားရပါသည်ဟုဆိုပါကလည်းရေးသားရသည်ဟုဆိုပါကလည်း ၁၉၃၁ ဖေဖော်ဝါရီ ၁၂ တွင်ကျင်းပသော ဥပဒေပြုလွှတ်တော် အစည်းအဝေး၌ “ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားမှာ ရှင်းလှပါသည်။ မငြိမ်သက်မှုမှန်သမျှကို အစွမ်းကုန်ချေမှုန်းခဲ့ရပေမည်။ ဤပုန်ကန်ထကြွမှုတွင် ခေါင်းဆောင်ခဲ့သူများကိုလည်း ကြီးမားသော အပြစ်ဒဏ်များကို ပေးရမည်။” ဟု ဘုရင်ခံချားလ်အင်းနစ်စ် ထုတ်ဖော်ကြေညာခဲ့သော ကြေညာချက်ကို အဆိုပါရှေ့နေကြီးများ သတိပြုမိခဲ့ပါသည်။သတိပြုမိခဲ့သည်။ ထို့အပြင် ဒေါက်တာဘမော်သည် အထူးခုံရုံးဥက္ကဋ္ဌတရားသူကြီး မစ္စတာ ကန်းလစ်ဖ်၏ မိတ်ဆွေရင်းတစ်ဦးဖြစ်သည်။ မစ္စတာကန်းလစ်ဖ်က ဒေါက်တာဘမော်အား အခွင့်ကောင်းကြုံကြိုက်စဉ် တရားခံဘက်မှ လိုက်ပါဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်ရေးအတွက် အခွင့်အရေးကောင်းတစ်ခုရနိုင်ကြောင်း ပြောဆိုခဲ့၏။ ထိုအချိန်က ဒေါက်တာဘမော်မှာ နာမည်လူသိ မများသေးသော ဝတ်လုံတော်ရကလေး ဖြစ်သည်။ ဤသို့အခွင့်အရေးရစဉ် နိုင်ငံရေးနယ်ပယ်တွင် ပေါ်လွင်အောင်လုပ်ရန် စိတ်ကူးရခဲ့သည်။ ထို့ကြောင့် အခွင့်ကောင်းတစ်ရပ်အနေဖြင့် ဆရာစံအတွက် လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
စင်စစ် ဒေါက်တာဘမော်သည် နောင်လာနောက်သားများအတွက် သမိုင်းတွင်ကျန်ရစ်စေရန် ရာဇဝင်ပြောင်မြောက်မည့် စကားလုံးများဖြင့် အစိုးရ၏အပြစ်များကို တရားခွင်တွင်ဖော်ထုတ်ဖွင့်ချရန် ဆရာစံအားအကြံဉာဏ်ကောင်းပေးရမည့်အစား နိုင်ငံရေးခုတုံးလုပ်ကာ ကိုယ်ကျိုး ရှာခဲ့သည်။ ဆရာစံအား နယ်ချဲ့အစိုးရထံ အညံ့ခံစေခြင်းဖြင့် ဆရာစံ၏ဇာတိသွေးဇာတိမာန်ကို သေးသိမ်မှေးမှိန်စေရန် အကြံပေးခဲ့သည့် ဒေါက်တာဘမော်လိုလူမျိုးအား အားကိုးမိသည့် ဆရာစံ၏ အမှားလည်းဖြစ်ပေသည်။ဆရာစံသည် မည်သို့မျှ မချေပဘဲ ရေငုံနှုတ်ပိတ်နေပါက ဤကဲ့သို့ ကြိုးဒဏ်ပေးခြင်းကို ခံရဖို့မရှိချေ။ ကြိုးဒဏ်ခံရစေဦး အင်္ဂလိပ်တို့ အုပ် ချုပ်ခြင်းကိုမနှစ်သက်၍ ခုခံတိုက်ခိုက်ရသည်ဟု ထုချေပါကလည်း စိတ်သက်သာဖွယ်ရှိသေးသည်ဟု ပျော်ဘွယ်သခင်ဗဆွေက သူ၏ “ဗမာ့ပုန်ကန်မှုများ” စာအုပ် စာမျက်နှာ ၁၄၄တွင် သုံးသပ်ထားပေသည်။