သခင်သန်းထွန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်, -ဖြစ်ပါသည် +ဖြစ်သည်)
စာကြောင်း ၁ -
{{cleanup}}
[[File:ThaKhin Than Htun.jpg|thumb|right|220px|သခင် သန်းထွန်း]]
သခင်သန်းထွန်းကို ခရစ်နှစ် ၁၉၁၁ ခု၊ ဩဂုတ်လ ၁၅ ရက်တွင်[[တောင်ငူ]]ခရိုင် ကညွှတ်ကွင်းမြို့၌မွေးဖွားသည်။ အဘမှာ သစ်ကုန်သည် ဦးဘိုးမောင်၊ အမိဒေါ်အေးဖြူတို့ ဖြစ်၏။ မောင်နှမ ၈ ယောက်အနက် ၅ယောက်မြောက်သားဖြစ်ပါသည်။၅ယောက်မြောက်သားဖြစ်သည်။ ငယ်စဉ်က မိခင်ကွယ်လွန်သွားခဲ့ပြီး ဘကြီးအရင်းဖြစ်သူ အင်္ဂလိပ်အစိုးရ ပထမဆုံးခန့်အပ်သော ရှမ်းပြည်နယ် မြို့မဝန်ထောက်ကြီး ဦးကြီးညိုထံတွင် နေထိုင်ခဲ့ပြီး တောင်ကြီး အေဘီအမ် အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ သခင်သန်းထွန်းသည်[[ပျဉ်းမနားမြို့]] အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်းမှ ၁၉၃၁ ခုတွင် ဆယ်တန်း(တက္ကသိုလ် ဝင်တန်း) အောင်မြင်ပြီးနောက် [[ရန်ကုန်မြို့]]၊ ဆရာဖြစ်သင်ကောလိပ်တွင် ပညာဆက်လက်သင်ကြားသည်။ ဆရာအတတ်သင်ကြားတတ်မြောက်ပြီးသောအခါ ရန်ကုန်မြို့ကန်တော်လေးရပ်ရှိ ဘားမားမွတ်စလင် အထက်တန်းကျောင်းတွင်ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့လေသည်။
 
ဗြိတိသျှခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် သခင်သန်းထွန်းသည် [[တို့ဗမာအစည်းအရုံး]]သို့ ဝင်ရောက်ခဲ့သည်။ ထိုနောက် ၁၉၃ရ ခုနှစ်တွင်[[နဂါးနီစာအုပ်အသင်း]]ကို စည်းရုံးတည်ထောင်ခဲ့၏။ တို့ဗမာအစည်းအရုံးတွင်လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံအမှုဆောင်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄ဝ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် [[သခင်အောင်ဆန်း]]တို့နှင့်အတူ အိန္ဒိယကွန်ဂရက်ပါတီညီလာခံသို့ တက်ရောက်ခဲ့၏။
စာကြောင်း ၃၁ -
လူငယ်လည်း ဖြစ်ရမည်။ အဝတ်အစား ခပ်စုတ်စုတ်၊ ခပ်နွမ်းနွမ်းနှင့် (ဒါမှ ပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး)။ မော်တော်ကား ခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့် ကိတ်မုန့် စန္ဒရား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်။) အကြမ်းအတမ်း လက်နက်ကိုင် ထွက်မှုကို လိုလားသူ။ ယေဘုယျ လူအများက ကွန်မြူနစ် ဆိုလျှင် ဤသို့ပဲဟု အောက်မေ့လျက် ရှိကြသည်။
 
ကွန်မြူနစ် ဆိုသူမှာလည်း စင်စစ် သွေးနှင့် သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင် ဖြစ်ပါသည်။ဖြစ်သည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက် လိင်ကို တောင့်တသော သွေးစိတ် သားစိတ်၊ မိမိသာလျင် တွင်ကျယ်ချင်သော အတ္တစိတ်၊ အခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟ စိတ် စသည်တို့နှင့် ပြည့်စုံသော လူပင် ဖြစ်သည်။ အဘိဓမ္မာ ဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့ “လူသည် မိမိသာ လူတွင်ကျယ် ဖြစ်ကြောင်း ပြလိုသည်” ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ် အတူတူချည်းပဲ ဖြစ်သည်။
 
သို့သော်၊ သို့သော် … လူတွေထဲမှာပဲ လူညံ့၊ လူတော်၊ ပညာတတ်၊ ပညာမဲ့ စသော အသွေးအရောင် ကွဲပြား ခြားနားတာတွေကား ရောထွေး ယှက်လိမ်လျက် ရှိနေပေသည်။
စာကြောင်း ၈၅ -
ဂျပန်ခေတ် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကို လေးစားကြသည်။ အဘယ်ကြောင့် ဆိုသော် သူသည် လယ်ယာ စိုက်ပျိုးရေးကို လေ့လာ နားလည်ပြီး ညာဝါး ဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက် စွက်ဖက်ခြင်း မလုပ်သောကြောင့် ဖြစ်သည်။
 
သခင်စိုး၏ “ဆိုရှယ်လစ် ဝါဒ” ကျမ်းစာအုပ်၏ အမှာကို သခင် သန်းထွန်းက ရေးသည်။ သူ့ ဗမာစာမှာ တိုတို၊ လိုရင်းနှင့် အဓိပ္ပါယ်အဓိပ္ပာယ် ပေါ်၏။ သတင်းစာ ဆန်၏။ ဖတ်သူ စွဲပြီး အနက် ပေါ်လွယ်၏။ အဖြတ် အတောက်ကလေးများမှာ ခေတ်ဆန်၏။ ရှင်းလင်းပြီး လှပ၏။ သတင်းစာ ဆရာ လုပ်လျှင် သတင်းစာ ဆရာကောင်း တယောက် ဖြစ်မည်ဟု ထင်၏။
 
သူသည် နဂါးနီ စာအုပ် အသင်းကို တည်ထောင်သူ တဦး ဖြစ်သည်။ သခင်စိုးနှင့် သူသည် ဗမာပြည်တွင် မာက်စ်ဝါဒ၊ ကွန်မြူနစ် ဝါဒကို ပဌမ ဖြန့်ချိသူများ ဖြစ်ကြ၏။ သခင်စိုးက စကားလုံးအသစ် တည်ထွင်၍ ခံ့ညားသော စာကြီး ပေကြီး၊ ပိဋကတ်စာပေ ဖြစ်အောင် လုပ်ပေး၏။ သခင် သန်းထွန်းကား ဆိုရှယ်လစ် ဝါဒနှင့် ဗမာပြည်၊ ကမ္ဘာ စသည်တို့နှင့် ယှဉ်ကာ လူအများ နားလည်အောင် ပြောပြသူ ဖြစ်၏။ အဓိပ္ပါယ်ကိုအဓိပ္ပာယ်ကို ဖွင့်ပြကာ ရှင်းလင်း၏။
 
ယခုခေတ် ကွန်မြူနစ် ဝါဒကို လေ့လာသူတိုင်း သခင် စိုး၊ သခင် သန်းထွန်းတို့ ပြုစု စိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ် စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး ဖောက်ပြန်ရေး၊ ကလာပ်စည်း၊ လူမှု ဆက်ဆံရေး စသည်ဖြင့် ကြွေးကြော်နေကြ၏။
စာကြောင်း ၉၅ -
သခင် စိုး၊ သခင် သန်းထွန်းတို့ စွန့်ကာ စလိုက်သော ကွန်မြူနစ် လမ်းစဉ် စာတမ်းများကို ဖတ်ပြီး နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။
 
ကွန်မြူနစ် နိုင်ငံရေး စာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင် စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်း နားလည်အောင် အဓိပ္ပါယ်အဓိပ္ပာယ် ကောက်ပြသော သခင် သန်းထွန်းကား ချုံနွယ် ပိတ်ပေါင်းများ အကြားတွင် ရောက်နေရလေပြီ။
 
== (၃) ==