ကာ၊ ဦး (ပါမောက္ခချုပ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး vd
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရပါသည် +ရသည်)
စာကြောင်း ၂၃ -
၁၉၅၄-ခု နိုဝင်ဘာ ၂ ရက်နေ့က ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)အဖွဲ့ ဖျက်သိမ်းပြီး အစ္စလာမ်သာသနာရေးရာကောင်စီကို ဖွဲ့စည်း ရန် ဗမကအဖွဲ့ရုံး၌ ညှိနှိုင်းဖွဲ့စည်းဝေးစဉ် ဆရာကြီးဦးကာအား ဘဏ္ဍာရေးမှူးအဖြစ် အများက လျာထားသည်။ ၁၉၅၄-ခု ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကနေဒီလမ်း၊ ဇိနတ် အစ္စလာမ်ယောက်ျားလေးများဂေဟာ၌ အစ္စလာမ်ကောင်စီစတင် ဖွဲ့စည်း သည့် အစည်းအဝေးသို့ ဆရာကြီး တက်ရောက်သည်။ ထိုအစည်းအဝေးမှ ဆရာကြီးသည် စည်းမျဉ်းရေးဆွဲရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊ စာရင်းစစ်အဖြစ် လည်းကောင်း ရွေးချယ်တင်မြှောက်ခံရသည်။ စတင်ဖွဲ့စည်းသည့် ထိုကာလမှစ၍ ဆရာကြီးသည် အစ္စလာမ်သာသနာရေးရာ ကောင်စီတွင် တောက်လျှောက်ပါဝင်ခဲ့သည်။
 
၁၉၅၈ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝန်ကြီးချုပ်၏ပြည်ထောင်စု စီမံကိန်းကောင်စီဌာနချုပ်၌ ကျင်းပသော အသင်းအဖွဲ့ပေါင်းစုံမှ ကိုယ်စား လှယ်များ၏ပဏမ ဆွေးနွေးပွဲသို့ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦးကာတက်ရောက်ပါဝင် ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် ဆေးသိပ္ပံ ကျောင်းသားများအသင်း ကိုယ်စားလှယ်က မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအတွက် သီးခြားထမင်းစားရုံနှင့် သီးခြားကျောင်းဆောင်များ ရရှိရေး အကြံပေးသည်။ ဆရာကြီးဦးကာက အတွေ့အကြုံရင့်ကျက်သူပီပီ သီးခြားကျောင်းဆောင် တောင်းခံလျှင်မသင့်။ ယခင်သီးခြားထမင်းစားရုံနှင့်သီးခြားထမင်းချက် ထားရှိပေးရေးဆိုလျှင် ဖြစ်နိုင်စရာရှိကြောင်း စစ်ကြိုနှင့် စစ်ပြီးခေတ်အတွေ့အကြုံများကို သာဓက ဆောင်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။ ၁-၈-၅၈နေ့ မွတ်စလင်ကုန်သည်ကြီးများအသင်း၌ ကျင်းပသော အစည်းအဝေးတွင် ဆရာကြီး၏ အကြံပြုချက်အတိုင်း အောင်မြင်မှုရရှိပြီးဖြစ်ကြောင်းဇူလိုင် ၂၉ ရက်နေ့စွဲ ပါ ကျောင်းဆောင်စားသောက်ရေးကော်မတီ၏ ပြန်စာအမှတ် ၁၅၉၃ အိပ်ချ်အက်ဖ် ၂၂ ကို ရှင်းလင်းပြသည်။ ပါမောက္ခချူပ်ဆရာကြီး ဦးကာသည် နိုင်ငံတော်တွင် အဆင့်မြင့်ရာထူးကြီးများကို တာဝန်ယူ ထမ်းဆောင်သကဲ့သို့တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကိုယ်စားပြုသော ဘာသာရေးအသင်း အဖွဲ့များနှင့်လည်း မကင်းကွာဘဲ စိတ်ဝင်တစားပါဝင်ကြောင်း ကူညီကြောင်း သိရှိရပါသည်။သိရှိရသည်။
 
==ကိုးကား==