အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
စာကြောင်း ၃ -
ဤသို့ဖြင့် တိုင်းပြည်စစ်ဘေးမှ ကင်းဝေးရန်မျှော်လင့်ချက်မှာ ဒုတိယပြည်ထောင်စု တည်ထောင် ကြသည့် တပင်ရွှေထီး၊ [[ဘုရင့်နောင်]] တို့လက်ထက်တွင် ပျောက်ကွယ်နေစဲဖြစ်ပြီး ဘုရင့်နောင်၏ နန်းသက်နောက်ဆုံးအချိန်များတွင် အတန်အတင့်အေးချမ်းသည်ဟုသာ ဆိုနိုင်ပေသည်။ ဘုရင့်နောင် လွန်၍ သားတော် [[နန္ဒဘုရင်]] နန်းစံလျှင် လက်နက်နိုင်ငံကြီးမှာ လက်အောက်ခံ နယ်စားပယ်စားများ၊ဘုရင်ခံများ၏ ပုန်ကန်မှုတွေကြောင့် လွယ်လွယ်နှင့် ပြိုကွဲကာ တိုင်းပြည်မှာ စစ်မီးလျှံများအတွင်း သက်ဆင်းရပြန်သည်။ထိုနောက် တစ်နယ်တစ်တစ်မင်း ထူထောင်ကြသည့် ပဒေသရာဇ်ငယ်များ၏ ရန်စစ်များ၊ စစ်ပွဲများမှာ အသောမသတ်နိုင်အောင်ပင် ဖြစ်ပွားခဲ့ပြီးနောက်ဆုံး [[ညောင်ရမ်းမင်းဆက်]]၏ တတိယမြောက်ဘုရင်ဖြစ်သည့် [[သာလွန်မင်း]]လက်ထက်ရောက်မှသာ တိုင်းပြည်အေးချမ်းပြီဟု ဆိုနိုင်သည့် အနေအထားသို့ ရောက်တော့သည်။ထိုမင်းလက်ထက်တွင်မှ မြန်မာ့သမိုင်းတစ်လျှောက် ပထမဆုံးသော စာရင်းဇယားကောက်ယူမှုများကို ပြုလုပ်ပြီး အုပ်ချုပ်ရေး၊နိုင်ငံရေး၊လယ်ယာစီးပွား အစရှိသည့် ကဏ္ဍကြီးများမှာ ပြန်လည်တည်ငြိမ်မှု ရှိလာခဲ့သည်။
 
စစ်သမိုင်းပညာရှင်များအတွက် အဆိုပါ အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် မှာစားမြိန်ဝိုင်းကြီး သဖွယ် ပြောမကုန်၊ဆိုမပြီး ဖြစ်သော်လည်း ယဉ်ကျေးမှု သမိုင်းပညာရှင်များကမူ ထိုကဲ့သို့ရာစုနှစ် တစ်ခုကျော်ဖြစ်ပွားမည့် စစ်ပွဲကြီးကို အစပျိုးသည့် အင်းဝ-ဟံသာဝတီ နှစ်လေးဆယ်စစ် သာမဖြစ်ခဲ့လျှင်၊ အစမပြုခဲ့လျှင် ၁၄၊ ၁၅ ရာစုနှစ်များမှ မြန်မာ့ယဉ်ကျေးမှု၏ ဖြစ်ပေါ်တိုးတက်မှုသည် ပုဂံခေတ်ယဉ်ကျေးမှုထက်ပင် မြင့်မားရန် အခွင့်အလမ်းရှိနေသည်ဟု ဆိုကြပါသည်။ဆိုကြသည်။
{{မြန်မာနိုင်ငံ မင်းဆက်များ}}