ပဲခူးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
စာကြောင်း ၃၉ -
== အမည် ==
[[File:Hongsawetoi - panoramio.jpg|thumb|ပဲခူးမြို့အဝင် ဆိုင်းဘုတ်]]
ပဲခူး (အသံထွက်=ပဂိုး) ဟူသည်မှာ ဗမာတို့ခေါ်သည့်အမည် မဟုတ်ပေ။ မွန်တို့၏ အခေါ်သာဖြစ်ပြီး အဓိပ္ပါယ်မှာအဓိပ္ပာယ်မှာ လှပသောမြို့၊ မြို့လှမြို့ ဟူ၍ဖြစ်သည်။ သို့သော် ထိုအသံထွက်၏ ဆင်းသက်ပုံ အနက်မှာမူ ဤသို့မဟုတ်ပဲ မွန်ဘာသာအားဖြင့် "ဥပါယ်ဂို့ = ဥပါယ်ပြုရာအရပ်" ဟုဆိုကာ သမိုင်းဇာတ်လမ်းနှစ်မျိုး ဖြစ်နေရသည်။
 
ပထမဇာတ်လမ်းအရ ဟံသာဝတီမြို့ဟူ၍ မွန်လူမျိုးတို့က မြို့တည်ရန် ကြံစည်ရာ အိန္ဒိယလူမျိုးတို့နှင့် နေရာသတ်မှတ်မှု အချင်းများကြရသည်။ အိန္ဒိယသင်္ဘောသားတို့က ဤနေရာသည် မိမိတို့အလျင်ရောက်ပြီး ကျောက်တိုင်စိုက်ထူကာ မှတ်သားခဲ့သည့် နေရာဖြစ်သည်။ ထို့ကြောင့် မိမိတို့သာပိုင်သည်ဟု အခိုင်အမာဆိုသည်ကို မွန်တို့က ပရိယာယ်ပြုပြီး အိန္ဒိယသားတို့၏ ကျောက်တိုင်အောက်တွင် သိကြားမင်းက မွန်တို့အတွက် ကျောက်တိုင်စိုက်ပြီးဖြစ်သည်၊ ထို့ကြောင့် မိမိတို့သာပိုင်သည်ဟု ပြန်လည်ချေပကြသည်။ နောက်ဆုံးတွင် နှစ်ဖက်လုံးက ကျောက်တိုင်ကို တူးပြီး စစ်ဆေးရာ မွန်တို့ ပရိယာယ်အတိုင်း အနိုင်ရ၍ ထိုဒေသကို အပိုင်ရလေသည်။ ထို့ကြောင့် "ဥပါယ်ဂို့" ဟုခေါ်ကာ ကာလကြာသော် "ဥပါယ်ဂို့" မှ "ပဂိုး" ဟုပြောင်းလဲခေါ်လာကြသည်ဟု ဆိုသည်။