ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
စာကြောင်း ၂၈ -
ဆူးလေဘုရားတွင် ထင်ရှားသော မဟာဗောဓိနှင့် ဆူးလေနတ်ကြီးရုပ်တုတို့ရှိ၏။ ဆူးလေနတ်ကြီးမှာ စင်စစ်သော်ကား စေတီတော်စောင့်နတ်မျှသာ ဖြစ်၏။ အချို့ကမူ ရွှေတိဂုံစေတီကိုတည်ရန် မြေနေရာရှာစဉ်က ဆူးလေနတ်ကြီးအပါအဝင် နတ်ကြီးလေးပါးက ညွှန်ပြခဲ့သည်ဟူသော အကြောင်းနှင့်ဆက်စပ်၍ ထိုစဉ်က ဆူးလေနတ်ကြီးကို ယခုထုလုပ်ထားရှိသော ဆူးလေ နတ်ကြီးအမှတ်နှင့် ရောနှောယုံကြည်နေကြသည်။ သမိုင်း အစောင်စောင်တွင် ထိုနတ်ကြီးလေးပါး၏ အမည်ကိုဖော်ပြကြရာ တစ်ခုနှင့် တစ်ခုမညီညွှတ်ကြချေ။ မွန်သမိုင်းများတွင်လည်း ဆူးလေနတ်ကြီးအကြောင်းကို လုံးဝမတွေ့ရချေ။ မည်သို့ ပင်ဖြစ်စေကာမူ ဆူးလေနတ်ကြီးသည် လောကီရေးများတွင် စောင်မကူညီနိုင်သည်ဟု အယူရှိကာ အထူးပူဇော်ပသ နေကြသည်။ စစ်မဖြစ်မီခေတ်က 'ပဲခူးမယ်ကြော့ကိုရယင်၊ ပုဆိုးနှစ်ထည်နဲ့ ကန်တော့ပါ့မယ်၊ အောင်မယ်မင်း ဆူးလေ နတ်ကြီးရဲ့ မတော်မူလိုက်ပါ'ဟူသော တေးတစ်ပုဒ်ပင်လျှင် ခေတ် စားခဲ့ဘူးသည်။ ဆူးလေနတ်ကြီး၏ ရုပ်တုမှာ နှုတ်ခမ်းမွေးနှင့် အဘိုးအိုအရွယ် လူစင်စစ်ကဲ့သို့ပင် ထုလုပ်ထားသည်။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးသည့်နောက်တွင် ဆူးလေနတ်ကြီးရုပ်တုသည် ယခုကဲ့သို့ ရင်ပြင်တော်ပေါ်၌ မရှိသေးချေ။ ဆူးလေဘုရားလမ်းနှင့် [[မဟာဗန္ဓုလလမ်း]]၏ အနောက်မြောက်ထောင့် ယခုဗလီကြီး ရှိရာနေရာ၌ နေရသည်ဟု မော်ဘီဆရာသိန်း၏ ရန်ကုန်မြို့ဟောင်း ဆောင်းပါးတွင် ဖော်ပြထား၏။ ၁၉၁ဝ ခုနှစ်တွင်ကား နတ်ရုပ်တု ရှိနေသေးသည်ဟုလည်း သိရ၏။ ထို့နောက်ပိုင်းတွင်မှ ဆူးလေရင်ပြင်ပေါ်သို့ ရောက်ရှိ လာ၍၊ ထင်ရှားလာသည်ဟု ယူဆရပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
 
သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။ သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟု သိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ ကျိုက် - ဘုရား၊ အသုတ် - အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။အဓိပ္ပာယ်ရ၏။ အသုတ်အမတ်ကြီး ဘုရား ဟု ဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်သည်။
 
သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင် တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် “စုဝေးစေတီ”ဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြသည်။ ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေးနေရာ၌တည်ထားသောကြောင့်“လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ” ဟုခေါ်တွင်သည်ဆိုကြသည်။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော်ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်းသည့် တာ(၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့်တွင်တည်သည်ကမူအမှန်ပင်။