လှိုင်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အော်တိုစားထိုးဘော့
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်, -ရှိပါသည် +ရှိသည်)
စာကြောင်း ၁၃၁ -
 
== သမိုင်း ==
လှိုင်ဟူသောဝေါဟာရသည် "ပီးလိုင်း" ဆိုသည်မွန်ဘာသာ စကားမှဆင်းသက်လာခြင်းဖြစ်သည်။ ပီးလိုင် သည်ရေများ ပန်းထွက်ခြင်း၊ စိမ့်ထွက်ခြင်းဟု အဓိပ္ပါယ်ရသည်။အဓိပ္ပာယ်ရသည်။ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်အတွင်း ပဲခူးရိုးမ တောင်စွယ်ပေါ်၌ မြစ်ဖျားခံ၍ စိမ့်ထွက်လာသည့်မြစ်ကို ပီးလိုင်မြစ်ဟု ဒေသခံတို့က ခေါ်ဝေါ်ခဲ့ကြသည်။ နောင်အတန်ကြာသော် [[မြစ်မခမြစ်|လှိုင်မြစ်]]ဟူ၍ ပြောင်းလဲခေါ်ခဲ့ကြသည်။<br />
လှိုင်မြစ်၏ မြစ်ဖျားပိုင်း အရှေ့ဘက်ကမ်းဘေးတွင် လှိုင်မြစ်ကိုအစွဲပြု၍ ခေါ်သော လှိုင်မြို့လေးတည် ရှိပါသည်။ရှိသည်။ ယင်းမြို့လေးကား ရှေးခေတ်အခါက မြို့ရိုး၊ ကျုံးနှင့်တကွ အခိုင်အမာ တည်ရှိခဲ့ဖူးသည်။ ဟံသာ၀တီမြို့ကောင်းစားစဉ် အခါက ဟံသာ၀တီ (၃၂) မြို့အဝင် ခံတပ်မြို့ တစ်မြို့လဲ ဖြစ်ဖူးသည်။ အင်း၀၊ ဟံသာ၀တီ နှစ်(၄၀)စစ်ပွဲအတွင်းက မြန်မာဘုရင်နှင့် မွန်ဘုရင်တို့၏ လက်အောက်ခံမြို့ အဖြစ်တည်ရှိဖူး၏။ ကုန်းဘောင်ခေတ်ဦးကာလသို့ ရာက်သောအခါ လှိုင်မြို့က မြန်မာဘုရင်လက်အောက်ခံဖြစ်လာသည်။<br />
အလောင်းမင်းတရား သည် ဟံသာ၀တီ ဒေသကိုသိမ်းပိုက်ပြီးနောက် ၂၊မေ၊၁၇၅၅ တွင် ရန်ကုန်မြို့ကို တည်ထောင်လိုက်၏။ အလောင်းမင်းတရားက ရန်ကုန် ၌ မြို့ဝန်တစ်ဦးခန့်ထား လျက် ယခင်ဟံသာ၀တီ (၃၂)မြို့ပါ နယ်မြေဒေသ အားလုံးကို ကွပ်ကဲစေသည်။ သို့ဖြင့်လှိုင်မြို့ကလေးသည်လည်း ရန်ကုန်မြို့ဝန်၏လက်အောက်ခံမြို့တစ်မြို့ဖြစ်လာတော့သည်။ ရန်ကုန်မြို့ဝန်က လှိုင်မြို့ ၌မြို့သူကြီး တစ်ဦးထား ရှိသည်။ သို့သော် လှိုင်မြို့သည် ယခင်မွန်ဘုရင် များလက်ထက်ကလောက် စည်ကားခြင်း မရှိတော့ပေ။<br />
သာယာ၀တီမင်း (၁၈၃၇-၄၆) လက်ထက်တွင် [[နန်းမတော် မမြလေး|အနောက်နန်းမတော် မိဖုရား မမြလေး]]မှ ဖွားမြင်သော သမီး မဘွားကို လှိုင်မြို့စား အရာပေးအပ်ချီးမြင့်လိုက်သော အခါလှိုင်မြို့က သမိုင်းတွင်ထင်ရှားအရေးပါလာပြန်သည်။ နောင်တွင်ဘုရင့်သမီးတော် မဘွားသည်လည်း [[လှိုင်ထိပ်ခေါင်တင်]] မင်းသမီးအဖြစ် ထင်ရှားလာခဲ့သည်။ သို့သော်လည်း လှိုင်မြို့နယ် ကျော်ကြားမှုက ကြာရှည်သည် မဟုတ် ပါ။ အနောက်နန်းမတော် မမြလေး ရာဇဝတ် သင့်ချိန်တွင် သမီးတော် လှိုင်ထိပ်ခေါင်တင် ရရှိခဲ့သည့် လှိုင်မြို့ကို ပြန်လည်ရုတ် သိမ်းခံရသည်။ ပုဂံမင်းလက် ထက် တွင် သာယာ၀တီ မင်း၏သားတော်တစ်ပါး ဖြစ် သော မင်းသား မောင်ထောင်းအား လှိုင်မြို့ကို ပေးအပ်ပြန်၏။ မောင်ထောင်း သည် လည်းသက်ဆိုးရှည် သူ မဟုတ်ဘဲ ပုဂံမင်း ကို နန်းချသည့်တိုက်ပွဲတွင် ကျဆုံးသွားပါသည်။<br />