ဗန်းမော်မြို့: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
 
စာကြောင်း ၄၄ -
 
== သမိုင်းစဉ် ==
ဗန်းမော်ဟူသော ဝေါဟာရသည် ရှမ်းဘာသာစကား “မန့်မော်” (မၢၼ်ႈမေႃႇ) မှ ဆင်းသက်လာသော စကားဖြစ်သည်။ မန့်(Man)= ရွာ၊ မော်(Maw)=အိုး ဟု အဓိပ္ပါယ်ရသဖြင့်အဓိပ္ပာယ်ရသဖြင့် “အိုးလုပ်သောရွာ” ဟု ခေါ်ဆိုနိုင်သည်။ စမ္ပာနဂိုလ် မင်းဆက်ပျက်ပြီး သက္ကရာဇ် ၄၀⁠၀ ကျော်တွင် စော်ဘွား [[သိုဟန်ဘွား]]သည် ရှေးမင်းမြတ်တို့၏ မြို့နေရာတွင် မနေဝံ့၍ မြို့ဆင်ခြေဖုံးဖြစ်သော ဗန်းမော်သို့ ပြောင်းရွေ့လာခဲ့ပြီး မြို့ပြ တည်ထောင်၍ အုပ်စိုးသည်။ မိုးမိတ်သမိုင်းအရ ခရစ်နှစ် ၆၈၉ တွင် စော်ဘွား စဝ်ပုတ်ဖထံ လာရောက်ပြီး စော်ဘွားဆက် တောင်းခံသည်။ မိုးမိတ်စော်ဘွားက တူတော်ကြီး ခမ်းရွက်ဖ အား ဗန်းမော်စော်ဘွား အဖြစ် အုပ်ချုပ်ရန် စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဗန်းမော်မြို့တွင် စော်ဘွား၂၃ ဆက် နှစ်ပေါင်း ၃၅၀ အုပ်စိုးခဲ့သည်။ ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရားလက်ထက်တွင် စော်ဘွားနယ်အဖြစ်မှ ဝန်အုပ်ချုပ်သောမြို့အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ <ref>ဒေါ်ခင်သိန်း (မြန်မာစာပါမောက္ခ မြစ်ကြီးနားတက္ကသိုလ်) ၏ “ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်” </ref>
 
ကုန်းဘောင်ခေတ် ဗန်းမော်မြို့ဝန်များထဲမှ ထင်ရှားသူအချို့မှာ ဦးရွှေရည်၊ စောမြတ်အောင်၊ ဦးကံ၊ ဦးစံတည်၊ ဦးရွှေအိုး၊ ဦးရွှန်း၊ ဦးသူ၊ ဦးဘိုး၊ ဦးအောင်မြတ်သူ၊ ဦးနက်ပြာ၊ ဦးတုတ်၊ ဦးပုံ၊ ဦးဖိုးအို၊ ဦးဘိုးလှ၊ ဦးမှန်း၊ ဦးလူကြီး၊ ဦးထောင်ဗိုလ် စသူတို့ဖြစ်ကြသည်။ <ref>မြန်မာမြို့အဘိဓာန်။ တင်နိုင်တိုး။ ဇေတဝန်စာအုပ်တိုက်။ ရန်ကုန်။ ပကြိမ်။ ၂၀၁၂ ဖေဖော်ဝါရီ။</ref>