မြစိန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး မြစိန်၊ ဒေါ် စာမျက်နှာကို မြစိန် သို့ NayiMuuက ရွှေ့ခဲ့သည်: per discussion
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်, -ခဲ့ပါသည် +ခဲ့သည်)
စာကြောင်း ၁၉ -
 
 
တတိယ ကော်မတီလို့ ခေါ်တဲ့ လူမှုရေး ကော်မတီ ပုံမှန် အစည်းအဝေးတွေမှာ သူပါသလို၊ စောစောက ပြောခဲ့တဲ့ ကန့်လန့်ကာ နောက်ကွယ်က ကျိတ်ဝိုင်း အသေးစိတ် ညှိနှိုင်းပွဲတွေ မှာလည်း ပါနိုင်တယ်။ သူ မပါရင် အစည်းအဝေး လုပ်လို့ မရဘူး။ သူ မရောက်မချင်း အားလုံး ထိုင်စောင့်ရတယ်။ အဲဒါ ကိုယ်တွေ့ပဲ။ တခြား တနေရာမှာ သူ အလုပ်များနေရင် သူလာမှ အစည်းအဝေး စနိုင်မှာမို့ သူ့ကို စောင့်ရတယ်။ လှမ်းခေါ်ရတယ်။ မကြာခဏ အသံချဲ့စက်က ကြေညာသံ ကြားရတယ်။ ရယ်စရာလည်း ကောင်းတယ်။ ‘မြန်မာ ကိုယ်စားလှယ် မစ္စတာ ဒေါ်မြစိန် (Mr. Daw Mya Sein) အစည်းအဝေးခန်း အမှတ် … ဒီလောက် ဒီလောက်ကို အမြန်လာပါ။ အစည်းအဝေး စပါတော့မယ်’ အဲဒီလို ကြေညာသံ မကြာခဏ ကြားရတဲ့ မြန်မာ ကိုယ်စားလှယ်တွေနဲ့ မြန်မာတို့ရဲ့ ထူးခြားတဲ့ ဦး … ဒေါ် စတဲ့ နာမည်ခေါ်ပုံကို နားလည်တဲ့ နိုင်ငံခြားသား ကိုယ်စားလှယ်တွေ ပြုံးကြ ရယ်ကြတယ်။ ဘယ်နေရာမှ သူ မပါရင် မပြီးတဲ့ ပုဂ္ဂိုလ်မျိုးပဲ။ အဲဒီလို အစည်းအဝေးတွေ ကြားထဲက အချိန် မရရအောင် ယူပြီး [[ကိုလံဘီယာ တက္ကသိုလ်]] လို အမေရိကန် တက္ကသိုလ်တွေ သွားပြီး ဟောပြော ပို့ချလိုက်သေးတယ်” ဟု မှတ်တမ်း တင်ခဲ့ပါသည်။တင်ခဲ့သည်။
 
 
စာကြောင်း ၄၀ -
 
 
ဒေါ်မြစိန်သည် အင်္ဂလိပ်လို အဟောအပြော အရေးအသား ထင်ရှားရာ ထိုခေတ် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော စာနယ်ဇင်းများတွင် ဒေါ်မြစိန်၏ လက်ရာများကို တွေ့နိုင်ပါသည်။တွေ့နိုင်သည်။ သာဓက ပြရသော် ‘အမျိုးသား ပညာရေး’ မဂ္ဂဇင်း၊ အတွဲ(၁)၊ အမှတ် (၅) National Educationist, Vol. 1, No. 5 တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော The School as a Nation Maker (နိုင်ငံပြု စာသင်ကျောင်း) နှင့် အတွဲ (၂)၊ အမှတ် (၈) တွင် King Mindon’s Reign (မင်းတုန်းမင်းခေတ်) ဆောင်းပါးများ ဖြစ်သည်။ အထူးသဖြင့် အင်္ဂလိပ်စကားပြောကောင်းသူ တဦးအဖြစ် ထင်ရှားရာ ရန်ကုန် တက္ကသိုလ်မှ ကျင်းပသော ဟောပြောပွဲများတွင် ဒေါ်မြစိန်ကို တွေ့ရလေ့ရှိသည်။ ၁၉၃၉ ခုနှစ်တွင် ဂျဒ်ဆင်ကောလိပ် သမိုင်းအသင်းမှ ကြီးမှူး၍ ခေတ်သစ် အရှေ့ဖျားသမိုင်း (The Far East in modern Times) ခေါင်းစီးဖြင့် ဟောပြောပွဲ ကျင်းပရာ ဒေါ်မြစိန်သည် အင်္ဂလိပ်ဘာသာဖြင့် Thailand and French Indo-China (ထိုင်းနှင့် ပြင်သစ် အင်ဒိုချိုင်းနား) အကြောင်း ဟောပြောခဲ့သည်။ ယင်းဟောပြောချက်ကို ဂျဒ်ဆင် ကောလိပ် သမိုင်း အသင်းမှ ၁၉၄၁ ခုနှစ်တွင် The Far East in Modern Times အမည်ဖြင့် စာအုပ်ဖြင့် စာအုပ် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် မြန်မာ အမျိုးသားများထဲမှ ဒေါ်မြစိန်အပြင် ဆရာ အတတ်သင် ကျောင်းအုပ်ကြီး ဦးဘ၏ မြန်မာပြည်အကြောင်း ဟောပြောချက်လည်း ပါဝင်သည်။