ဒဂုန် ခင်ခင်လေး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြစ်ပါသည် +ဖြစ်သည်, -ခဲ့ပါသည် +ခဲ့သည်)
စာကြောင်း ၃၉ -
# ဝက်မစွက် ခင်ခင်လတ်
# ဝက်မစွက် ခင်ခင်လေး
# ဝက်မစွက် ခင်ခင်ထွေး ဟူ၍ သားသမီးငါးယောက် ထွန်းကားခဲ့ရာ ဝက်မစွက်ခင်ခင်လတ်မှာ မြို့အုပ်မင်းဦးဘိုးဆွေနှင့် ဒေါ်မမသက်တို့၏ တတိယ မြောက်သား မြို့အုပ်ကလေး ဦးမြတ်ကျော်နှင့် လက်ထပ်ထိမ်းမြားခဲ့သူဖြစ်ပါသည်။လက်ထပ်ထိမ်းမြားခဲ့သူဖြစ်သည်။
 
ဦးမြတ်ကျော်သည် ခင်ခင်လတ်နှင့် လက်ထပ်ပြီး မြို့အုပ်အဖြစ်မှ ရာဇဝတ်ဘက်သို့ပြောင်းကာ အမှုလိုက်အင်စပက်တော် အဖြစ်နှင့် မိတ္ထီလာမြို့တွင် နေထိုင်စဉ်အတွင်း သမီးခင်ခင်လေး (နောင်ဒဂုန်ခင်ခင်လေး) နှင့် သား မောင်မောင်လေး (အေဝမ်း တူရိယာအဖွဲ့တွင် ဆက်ဆိုဖုန်းမှုတ်သူ မာလမောင်မောင်) တို့ကို ဖွားမြင်ခဲ့သည်။
စာကြောင်း ၅၀ -
ဖခင်မှာ အစိုးရအမှုထမ်းဖြစ်သည့်အားလျော်စွာ ကျောက်ပန်းတောင်း၊မကွေး၊ ရွှေဘို၊ မြင်းခြံ၊ မိုးကုတ်မြို့များတွင် ကျောင်းနေခဲ့သည်။ ကျောက်ပန်းတောင်းရှိ မြန်မာစာ ၇ တန်းကျောင်းတွင်နေစဉ် တတိယတန်း၌ စကောလားရှစ်နှင့်အောင်ပြီး လေးတန်းရောက်သော် အင်္ဂလိပ်-မြန်မာကျောင်း တက်ရောက်သင်ကြားရသည်။
 
ထိုအချိန်တွင် ခင်ခင်လေးမှာ အသက် ၉ နှစ်ရှိပြီဖြစ်၍ မန္တလေးရှိ အဘိုးအဘွားတို့ထံမှ နားထွင်းမင်္ဂလာပြုချိန်တန်ပြီဖြစ်၍ အကြောင်းကြား သောကြောင့် ခွင့်ရက်ရှည်ယူကာ မန္တလေးသို့သွားရသည်။ ထမင်းခွံ့၊ ထမင်းခံများ၊ပုပ္ပါးတော်များနှင့် နားထွင်း မင်္ဂလာကို ခမ်းခမ်းနားနား ကျင်းပခဲ့သည်။ နားထွင်းပေးသူမှာ မင်းတုန်းမင်းတရားကြီး၏ သမီးတော် ချွန်းတောင်မြို့စားထိပ်ခေါင်တင်ဖြစ်ပါသည်။ချွန်းတောင်မြို့စားထိပ်ခေါင်တင်ဖြစ်သည်။
 
မန္တလေးသို့ ပြန်ရောက်သောအခါ အင်္ဂလိပ်-မြန်မာ အလယ်တန်းအထိ ပညာသင်ကြားခဲ့သည်။ မိခင်က သမီးမိန်းကလေးသည် အသက် ၁၂ နှစ်အရွယ်တွင် ကျောင်းမနေထိုက်ဟု အယူရှိခဲ့သည်။ သို့ဖြင့် စာရေးစာဖတ်တတ်လျှင် တော်သင့်ပြီဟု မိခင်၏ဆန္ဒအရ ကျောင်း ထွက်လိုက်ရသည်။ ဖခင်၏ အေးမြသည့်အရိပ်အာဝါသကွယ်ပျောက်ခဲ့သော် အဘိုးဝက်မစွက်မင်းကြီး၏ အရိပ်အာဝါသအောက်သို့ ခိုဝင် ခဲ့ရ၏။ အိမ်ဦးနတ်ဖြစ်သည့် ဖခင်၏အာဝါသမှ ကင်းခဲ့ရသည့် မိခင်နှင့်သားသမီးများ၏ စိတ်အားငယ်မှုမှာ လျော့နည်းမသွားခဲ့ပေ။
စာကြောင်း ၅၉ -
သူရိယမဂ္ဂဇင်းနှင့် မြန်မာ့အလင်းမဂ္ဂဇင်း နှစ်စောင်တွင် ‘သစ္စာနှင့် မေတ္တာ’၊‘စိန်နှင့် ဘေး’၊ ‘အချစ်နှင့် အမြစ်’၊ ‘စကားပြေ ဝတ္ထုတိုလေးများ’ ရေးပြီးပို့ခဲ့သည်။ ခင်ခင်လေးဝတ္ထုတိုလေးများမှာ သုံးလတစ်ကြိမ် အလှည့်ကျပါလာခဲ့၏။ ၂ နှစ်အတွင်း သူ့လက်ရာလေးတွေ အဆက်မပြတ် ပါလာပြီး ၁၉၂၁ ခု နှစ်တွင် မန္တလေးမြို့မှနေ၍ ကိုယ်တိုင်အမျိုးသမီးမဂ္ဂဇင်းကို ‘ကြည်တော်ဆက်’ မဂ္ဂဇင်းအမည်ဖြင့် (၁၅) ရက်တစ်ကြိမ် အချိန်မီထွက်နိုင်အောင် ကြိုးပမ်းခဲ့၍ သူကိုယ်တိုင်ထုတ်ဝေခဲ့သည်။
 
သမီးဖြစ်သူ ဒဂုန်ခင်ခင်လေးက ‘ကြည်တော်ဆက်’ မဂ္ဂဇင်း ထုတ်ဝေရန်ပူဆာ၍ မိခင်ဖြစ်သူသည် ကားတစ်စီးနှင့် စိန်နားကပ်တစ်ရံရောင်းကာ မဂ္ဂဇင်း ထောင်ပေးရသည် ဟူ၏။ ဤမျှအထိ သမီးအလိုကိုလိုက်ခဲ့မှုကြောင့် အများ၏ မေးငေါ့ခြင်းကိုပင် ခံခဲ့ရသည်ဆိုလေသည်။ ဒဂုန်ခင်ခင်လေးသည် မိမိပိုင် ‘ကြည်တော်ဆက်မဂ္ဂဇင်း’ကို မန္တလေးမြို့၊ ဆိုင်းတန်းရပ်၊ ဝဇီရာ မဏ္ဍလပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ မြန်မာ အမျိုးသမီး စာရေးဆရာများ ဦးစီး ထုတ်ဝေသော မဂ္ဂဇင်းများတွင် အစောဆုံး ဖြစ်သည်။ ကြည်တော်ဆက်မဂ္ဂဇင်းမှာ သူ့ခေတ်နှင့်သူ တွင်ကျယ်လာခဲ့သည်။ ပုံနှိပ်ခွင့်ကို သွားတောင်းစဉ်ကမူ မျက်နှာဖြူအရေးပိုင်မှာ ငယ်ရွယ်သူ အယ်ဒီတာမလေးကိုကြည့်ပြီး မအံ့ဩဘဲ မနေနိုင်ခဲ့။ ခင်ခင်လေး၏သတ္တိကား ဤသို့ဖြစ်ပါသည်။ဤသို့ဖြစ်သည်။ ကိုယ့်ကိုယ်ကို ကိုယ်အားကိုးသော ဉာဉ်ကား (၁၂) နှစ်သမီးအရွယ်ကစ၍ အမြစ်တွယ်ခဲ့သူဖြစ်ပါသည်။အမြစ်တွယ်ခဲ့သူဖြစ်သည်။ သူ့ဝတ္ထုများကို ထုတ်ဝေသော ဝဇီရာမဏ္ဍလပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ဒေါ်ရွက်၏ ဟုမ္မရုးသတင်းစာ၌ ဟုမ္မရုးလမ်းညွှန်ခန်းကို ဒဂုန်ခင်ခင်လေးသည် လျှို့ဝှက်နာမည်နှင့် ရေးခဲ့ရာ တိုက်အုပ်လက်ရာဟု ထင်ခဲ့ကြသည်။
 
ထို့နောက် တိုက်ပိုင်ရှင်နှင့်အတူ ''နေရှင်နယ်ဂျာနယ်''ထွက်ရန် ကြိုးစားခဲ့သည်။ သို့သော် နိုင်ငံရေးရုန်းရင်းဆန်ခတ်ဖြစ်၍ နေရှင် နယ်ဂျာနယ်နှင့် ကြည်တော်ဆက်မဂ္ဂဇင်းပါ ရပ်စဲထားလိုက်ရသည်။ အလုပ်မရှိလျှင်လည်း မနေတတ်သဖြင့် ဝါသနာအရ ဇာထိုး၊ ပန်းထိုး၊ လက်မှုပညာနှင့်ဘဲ အချိန်ကုန်လွန်ခဲ့ရသည်။ စတိုး ဆိုင်ကြီးများတွင် ဒေါ်ခင်ခင်လေး၏လက်ရာဖြစ်သော ရေခဲချည်စောင်၊ တက်တင်းဇာ၊ ပုတီးစေ့လက်ပွေအိတ်၊ ရေးဆေးဆီဆေးခြယ်ထားသည့် ပိုးတွန့်ဖဲလုံချည်များစသဖြင့် ကန်ထရိုက်စနစ်နှင့်သွင်းခဲ့သည်။ အနုပညာရှင်၏ မွမ်းမံမှုဖြစ်သဖြင့် အလွန် လူကြိုက်များခဲ့ပြီး ဝင်ငွေကောင်းခဲ့သည်။ ဇာထိုး၊ ပန်းထိုးရင်း ဝတ္ထုတွေ စဉ်းစားလိုက်၊ ကောက်ရေးလိုက်နှင့် ဒဂုန်မဂ္ဂဇင်း ဝတ္ထုပြိုင်ပွဲသို့ ရွှေဥဒေါင်းညိုဝတ္ထုကို ပို့လိုက်ရာ ပထမဆုရရှိခဲ့သည်။
စာကြောင်း ၇၀ -
 
==ရုပ်ရှင်ဇာတ်ညွန်း==
၁၉၂၃ ခုနှစ်ခန့်မှစ၍ အေဝမ်း (မြန်မာအဆွေ) ရုပ်ရှင်ဇာတ်ညွန်းများရေးပေးခဲ့သည်။ ပထမဆုံးဇာတ်ညွန်းမှာ စိမ်းရောင်စို ဖြစ်သည်။ မြန်မာ အဆွေ ရုပ်ရှင်ကုမ္ပဏီမှရိုက်ကူးသော ‘တောမြိုင်စွန်းက လွမ်းအောင်ဖန်’ ဇာတ်ကားပြီးသည့်နောက် ကာတွန်း ရွှေရိုး (ဦးဘကလေး) အ တွက် ဇာတ်ညွန်းရေးပေးခဲ့၍ ရွှေဒင်္ဂါးသုံးပြားတံဆိပ်နှင့် ငွေသုံးရာ ဉာဏ်ပူဇော်ခ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ဒဂုန်ခင်ခင်လေး၏ ဒဂုန်မဂ္ဂဇင်းပါ ‘တမြေစံ’ဝတ္တုကြီးကို ဒဂုန်မဂ္ဂဇင်းထုတ်ဝေခဲ့၍ မြန်မာအဆွေအေဝမ်းရုပ်ရှင်ကုမ္ပဏီမှ ၁၉၂၇ ခုတွင် ဒါရိုက်တာဦးညီပုက ‘မြအေးယဉ်’ အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရာ မောင်မောင်စိုး၊ မမြညွန့်၊ သာချို၊ မသောင်း၊ ဒေါ်ဂျမ်းစိန်တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ ‘မြအေးယဉ်’ ရုပ်ရှင်ကားကို ၁၉၂၇ ခု၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ပန်းဆိုး တန်း ‘အောင်လံပီယာ’ ဇာတ်၌ ရုံတင်ပြသည်။ ဤသည်မှစ၍ ဒဂုန်ခင်ခင်လေးသည် အမျိုးသမီး ရုပ်ရှင်ဝတ္တုရေးဆရာ ဖြစ်လာသည်။ ထို့နောက် ဒဂုန်ခင်ခင်လေး၏ ဒဂုန်မဂ္ဂဇင်းပါ ညဉ့်ဦးယံ၊ ချစ်စနိုး၊ ခိုင်သစ္စာ၊ နှမလေး၊ မြိုင်ယံဘွားဝတ္တု တို့ကို မြန်မာအဆွေ အေဝမ်းဖလင်ရုပ်ရှင်ကုမ္ပဏီမှ ရုပ်ရှင်ဇာတ်ကားများအဖြစ် ရိုက်ကူးတင်ဆက်ခဲ့ လေသည်။ ‘တမြေစံ’၊ ‘နှမလေး’ ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးခဲ့ပါသည်။ရုပ်ရှင်ရိုက်ကူးခဲ့သည်။
 
‘မြိုင်ယံဘွား’ ဝတ္ထုရေးပြီးသည့်အခါ အဘိုးဖြစ်သူကို ဝေဖန်ပေးပါရန်ပြလိုက်သည်။ ငါ့မြေး အရေးအသားတော်ပါပေသည်ဆိုမှပဲ သူ့မှာဘဝင် ကျခဲ့ရသည်။ ထိုဝတ္တုမှာ နန်းတွင်းယဉ်ကျေးမှုနှင့် တောတွင်းလူရိုင်းတစ်ဦးကို ရောမွှေထားသောဇာတ်လမ်းဖြစ်ရာ အေဝမ်းကရိုက်ကူး၍ ဟိုးလေးတကျော် ဖြစ်ခဲ့ပါသည်။ဖြစ်ခဲ့သည်။
 
၁၉၃၅ ခုနှစ်တွင် ‘စာဆိုတော်’ ဝတ္ထုပထမတွဲကို စတင်ရေးသားသည်။ စာဆိုတော်ဝတ္ထုမှာ မြန်မာစာပေသမိုင်းတွင် မြန်မာ့ နန်းတွင်း အဖြစ် အပျက်များကို စေ့စေ့ငုငု သုတေသနပြု၍ ရေးသားထားသော ဂန္ထဝင်မြောက်ဝတ္ထုကြီးဖြစ်၏။ တော်လှန်ရေးဝတ္တု ‘ရွှေစွန်ညို’ ကို ရေးသား ခဲ့သည်။ ယင်းဝတ္တုကို ‘ရည်းစားဓားပြ’ အမည်ဖြင့် ရိုက်ကူးခဲ့သည်။
စာကြောင်း ၈၄ -
တစ်ပြည်လုံးအတွက် စာပေပြိုင်ပွဲ၊ အလှမယ်၊ အားကစားမယ်၊ မယ်ပြိုင်ပွဲ များကိုလည်း အားပေးခဲ့သည်။ စာဆိုတော်နေ့ ကလောင်ရှင်ပြ ဇာတ်များကိုလည်း ဇာတ်ညွန်ရေး ဒါရိုက်တာလုပ်ပေးရုံမက သူကိုယ်တိုင်လည်း ဝန်ကြီးအဖြစ်ပါဝင်ခဲ့သည်။ အမျိုးသမီးတစ်ရာကျော်နှင့် ‘ပန်သစ္စာ’၊ ‘ရာဇဓာတုကလျာ’၊ ‘မုဒုလက္ခဏာ’၊ ‘ရတနာ့ဂုဏ်ရည်’၊ ‘မြေကြီးမှ ရွှေသီး’ ပြဇာတ်ကြီးများတွင် ကြေးစားအနုပညာသည်များထက် အဆင့်အတန်း မနိမ့်အောင် သရုပ်ဆောင်နိုင်ရန် ကြီးကြပ်ပေးခဲ့သည်။ အဆိုပါပြဇာတ်များသည် ရန်ပုံငွေ အမြောက်အများရရှိခဲ့ရာ အသင်း ပိုင်မြေတစ်ကွက်ကို ဗိုလ်တထောင်ဘုရားလမ်းပေါ်၌ စာပေမိခင်ကြီးကိုယ်တိုင် အုတ်မြစ်ချပေးခဲ့သည်။
 
အသက်လေးဆယ်ကျော်ခန့်တွင် ခင်ပွန်းသည်နှင့်အတူ မိမိစရိတ်ဖြင့် ၁၉၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၅၄ ခုနှစ်တွင်တစ်ကြိမ် ကမ္ဘာသို့ ၂ ကြိမ် လှည့်လည်လေ့လာခဲ့သည်။ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗာလီကျွန်း စသည်တို့ကို တစ်ဦးတည်း သွားရောက်လှည့်လည်ခဲ့ပြီးနောက် မျက်မြင်ကိုယ်တွေ့ ကမ္ဘာလှည့် ဆောင်းပါးပေါင်းချုပ်များကို ရေးသားခဲ့သည်။ ပြည်တွင်း ဆောင်းပါးရှည်၊ အရပ်ရပ်ဆောင်းပါးစု၊ နှစ်ပေါင်း ၆ဝ (အတ္ထုပ္ပတ္တိ)၊ ဝတ္ထုရှည် ၃ဝ ကျော်၊ ဝတ္ထုတို ၅ဝဝ ကျော်နှင့် ရှေးမြန်မာယဉ်ကျေးမှုစာပေဆိုင်ရာ တို့ကိုရေးသားခဲ့သည်။ အသက် ၇ဝ ကျော်တွင် ‘ရတနာပုံနိဒါန်းနှင့် နိဂုံး’ ကို ရေးသားထားခဲ့ပါသည်။ရေးသားထားခဲ့သည်။
 
မောင်ဖြစ်သူ မောင်မောင်မှာလည်း အေဝမ်းကုမ္ပဏီ၏ ဓာတ်ပြားသွင်း ခြင်း၊ အေဝမ်းတူရိယာအဖွဲ့တွင် ဆက်ဆိုဖုန်းမှုတ်သူအဖြစ် ဝါသနာ ကြီးစွာဖြင့် ဂီတတွင်ပျော်ရွှင်နေရာမှ မြောင်းမြမြို့တွင် ကွယ်လွန်ခဲ့တော့သည်။