ရေးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ခဲ့ပါသည် +ခဲ့သည်, -ရှိပါသည် +ရှိသည်, -လျှက်ရှိ +လျက်ရှိ, -ရပါသည် +ရသည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၉၇ -
 
== သမိုင်း ==
ရေးမြို့နှင့် ပတ်ဝန်းကျင်ဒေသကို ရှေးပဝေသဏီက ဒေးချိုင်း ဟူသော ဒေသဟု ခေါ်တွင်ကြောင်း ရေးမြို့ဟောင်းသုသေတနစာတမ်း၌ ဖော်ပြထားပြီးဖော်ပြထားသည်။ကောဇာသက္ကရာဇ် လွန်ခဲ့သော၇၄ နှစ်ပေါင်းခုနှစ်တွင် ၁၂၀ဝခန့်ကဟံသာဝတီနေပြည်တော်မှ ထားဝယ်ဒေသမှဓမ္မဒိန္ဒိမဟာရာဇာမင်း(ဓမ္မရာဇာမင်း)နှင့် မာရာဒေဝီမင်းသမီးမှမိဖုရား တည်ထားကာခေမာဒေဝီတို့သည် ပဒေသရာဇ်တနင်္သာရီဒေသသို့ ထီးနန်းစိုက်၍ရောက်ရှိလာပြီး ဝတီရွာတွင် မြို့သစ်တည်၍ ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူသည်။ မင်းနှင့် မိဖုရား နတ်ရွာစံပြီးနောက် သမီးတော် မာရဒေဝီမင်းသမီး နန်းတက်တော်မူရာ ထိုအရပ်၌ နန်းစိုက်နေထိုင်ခြင်းကို ပျော်မွေ့ခြင်းမရှိသဖြင့် မှူးကြီးမတ်ရာ၊ သေနာပတိ၊ ပုဏ္ဏားတော်များနှင့် လေ့လာတိုင်ပင်ဆွေးနွေး၍ ရေးမြို့နေရာသို့ ပြောင်းရွှေ့နန်းစိုက်ခဲ့၍ အဝိဇ္ဇာဇေယျပူရမြို့ဟူ၍ သမုတ်ခဲ့ကြောင်း၊သမုတ်ခဲ့သည်။ ထို့အပြင် [[ဓမ္မစေတီမင်း]]မှ လည်း သီဟဇေယျပူရမြို့ အမည်ဖြင့် ထပ်မံသမုတ်၍ ပြန်လည်ပြုပြင်ခဲ့သော ရှေးဟောင်း မွန်မြို့တော် အဖြစ် ယုံကြည်ကြသည်။ မွန် ရှေးဟောင်း ပေစာများကလည်း ထိုအတိုင်း ဖော်ပြထားသည်။ ထို့အပြင် ရှေးဟောင်း မြို့ရိုးများကလည်း သက်သေခံနေပြီး ရှေးဟောင်း ကျုံးတော်ကြီးကလည်း အထင်အရှားရှိနေချေသည်။ ယခုကျန်ရှိနေသော ကျုံးတော်ကြီး၏အစိတ်အပိုင်းကို ၁၉၈၆ ခုနှစ်၊ ၂၀၁ဝ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်
အတွင်းတွင် ပြန်လည်တူးဖော် ပြင်ဆင်မွမ်းမံခဲ့ကြသည်။ ရေးမြို့ကို မွန်ဘာသာဖြင့် “ဍုင်ရေဝ်”(မြန်မာအသံထွက် ဒိန်းရီ )ဟုခေါ်ဆိုခဲ့ကြသည်မှာ ယခုထက်တိုင်အောင်ပင် ဖြစ်သည်။ မြန်မာဘာသာဖြင့်ပြန်ဆိုသော် အနက်ကား “စကားမြို့" ဖြစ်သည်။ ရှေးယခင် မွန်ဘုရင် မြန်မာဘုရင် လက်ထက်တွင် နန်းတွင်းမှ စေလွှတ်လိုက်သော မင်းညီမင်သားများ၊ စစ်သူကြီးများ၊ ဝန်မင်း၊အမတ်မင်းများနှင့် တနင်္သာရီနှင့် မွန် တောင်ပိုင်း လက်အောက်ခံဒေသမှ မြို့စား၊ နယ်စားများအရာရှိများကို စုံညီစွာအစည်းအဝေးပြုလုပ်ပြီး အမိန့်တော်များ ပြန်တမ်းများ ထုတ်ပြန်ကာ တိုင်းရေး ပြည်ရေး အရေးကြီးသောကိစ္စများ တိုင်ပင်ညှိနှိုင်း စကားပြောဆိုကြရာမြို့ဖြစ်သောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြဟန် ဖြစ်သည်။ အနောက်ဘက်လွန်မင်းလက်ထက်တွင်လည်း စစ်ရေးစစ်ရာအချက်အခြာကျသည့် မြို့တစ်မြို့အဖြစ် သမိုင်းကြောင်းတွင် ထင်ရှားသည်။ ရှေးဟောင်းရေးမြို့သည် သာသနာတော်စည်ပင်ထွန်းကားခဲ့ပြီး ရေးမြို့သူ မြို့သားများသည် ဘာသာတရားကိုင်းရှိုင်း လေးစားခဲ့ကြဟန်ရှိသည်။ စေတီဘုရား၊ ကျောင်းကန်များကိုလည်း အမြောက်အများ တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ ရေးမြို့တွင် စေတီပုထိုးများစွာတည်ရှိနေပေသည်။