ရေးမြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၉၇ -
 
== သမိုင်း ==
ရေးမြို့နှင့် ပတ်ဝန်းကျင်ဒေသကို ရှေးပဝေသဏီက ဒေးချိုင်း ဟူသော ဒေသဟု ခေါ်တွင်ကြောင်း ရေးမြို့ဟောင်းသုသေတနစာတမ်း၌ ဖော်ပြထားသည်။ကောဇာသက္ကရာဇ် ၇၄ ခုနှစ်တွင် ဟံသာဝတီနေပြည်တော်မှ ဓမ္မဒိန္ဒိမဟာရာဇာမင်း(ဓမ္မရာဇာမင်း)နှင့် မိဖုရား ခေမာဒေဝီတို့သည် တနင်္သာရီဒေသသို့ ရောက်ရှိလာပြီး ဝတီရွာတွင် မြို့သစ်တည်၍ ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူသည်။ မင်းနှင့် မိဖုရား နတ်ရွာစံပြီးနောက် သမီးတော် မာရဒေဝီမင်းသမီး နန်းတက်တော်မူရာ ထိုအရပ်၌ နန်းစိုက်နေထိုင်ခြင်းကို ပျော်မွေ့ခြင်းမရှိသဖြင့် မှူးကြီးမတ်ရာ၊ သေနာပတိ၊ ပုဏ္ဏားတော်များနှင့် လေ့လာတိုင်ပင်ဆွေးနွေး၍ ရေးမြို့နေရာသို့ ပြောင်းရွှေ့နန်းစိုက်ခဲ့၍ အဝိဇ္ဇာဇေယျပူရမြို့ဟူ၍ သမုတ်ခဲ့သည်။ မာရဒေဝီမင်းသမီး နန်းသက် ၃၅ နှစ် စိုးစံပြီး ကောဇာသက္ကရာဇ် ၁၂၉ ခုနှစ်တွင် နတ်ရွာစံခဲ့ရာ အမတ်ကြီးတိက္ခက ထီးနန်းဆက်ခံ၍ အမတ်ငယ်တစ်ဦး ထပ်မံထီးနန်းဆက်ခံပြီးနောက် ကောဇာသက္ကရာဇ် ၁၅၁ ခုနှစ် မင်းဆက်ပြတ်ပြီး မြို့လည်းပျက်သုဉ်းခဲ့သည်။ [[ဓမ္မစေတီမင်း]]မှကောဇာသက္ကရာဇ် လည်း၈၀၀ သီဟဇေယျပူရမြို့ပြည့်နှစ်တွင် အမည်ဖြင့်ထားဝယ်၊ ထပ်မံသမုတ်၍မြိတ်၊ ပြန်လည်ပြုပြင်ခဲ့သောတနင်္သာရီကို ရှေးဟောင်းကျူးကျော်ဝင်ရောက်လာသည့် မွန်မြို့တော်တိုင်းတစ်ပါးတပ်များကို အဖြစ်ဟံသာဝတီပြည့်ရှင် ယုံကြည်ကြသည်။ မွန် ရှေးဟောင်း ပေစာများကလည်း ထိုအတိုင်း ဖော်ပြထားသည်။ ထို့အပြင် ရှေးဟောင်း မြို့ရိုးများကလည်း သက်သေခံနေပြီး ရှေးဟောင်း ကျုံးတော်ကြီးကလည်း အထင်အရှားရှိနေချေသည်။ ယခုကျန်ရှိနေသော[[ဓမ္မစေတီမင်း]]ကသွားရောက် ကျုံးတော်ကြီး၏အစိတ်အပိုင်းကိုတိုက်ထုတ်ရာမှ ၁၉၈၆အပြန်ခရီးတွင် ခုနှစ်၊ပျက်စီးဆိတ်သုဉ်းနေသော ၂၀၁ဝအဝိဇ္ဇာဇေယျပူရမြိုဟောင်း(ရေးမြို့ဟောင်း)ကို ခုနှစ်နှင့်တွေ့ရှိသဖြင့် ၂၀၂၀ရာဇသီဟဇေယျပူရမြို့အဖြစ် ပြည့်နှစ်မြိုသစ်တည်တော်မူခဲ့သည်။
ကောဇာသက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် အင်းဝနေပြည်တော်မှ ရဲစက်ကျော်ခေါင်အား ရေးမြို့သို့ မြို့ဝန်အဖြစ် စေလွှတ်အုပ်ချုပ်ခဲ့ပြီး ၁၁၈၆ ခုနှစ်တွင် ဗြိတိသျှတို့၏ နယ်ချဲ့မှုကြောင့် ရေးမြို့ကို မြန်မာမင်းအုပ်ချုပ်မှုအောက်မှ စွန့်ခွာပေးခဲ့ရသည်။ ၁၃ ရာစုနှင့် ၁၄ ရာစုဟန် ရှေးဟောင်းဘုရားများကို တွေ့ရှိရသည့်အပြင် ခိုင်လုံသော သမိုင်းအထောက်အထားများကြောင့် ရှေးဟောင်း မွန်မြို့တော်အဖြစ် ယုံကြည်ကြသည်။ ရေးမြို့တွင် တည်ရှိသော ရှေးဟောင်းစေတီအချို့မှာလည်း ရှမ်းကြီး(ထိုင်း)လူမျိုးတို့၏ဟန် မကင်းသော ရှေးမွန်တို့၏လက်ရာ တည်ထားဟန်ကိုလည်း တွေ့မြင်ရသည်။
ထို့အပြင် ရှေးဟောင်း မြို့ရိုးများကလည်း သက်သေခံနေပြီး ရှေးဟောင်း ကျုံးတော်ကြီးကလည်း အထင်အရှားရှိနေချေသည်။ ယခုကျန်ရှိနေသော ကျုံးတော်ကြီး၏အစိတ်အပိုင်းကို ၁၉၈၆ ခုနှစ်၊ ၂၀၁ဝ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်
အတွင်းတွင် ပြန်လည်တူးဖော် ပြင်ဆင်မွမ်းမံခဲ့ကြသည်။ ရေးမြို့ကို မွန်ဘာသာဖြင့် “ဍုင်ရေဝ်”(မြန်မာအသံထွက် ဒိန်းရီ )ဟုခေါ်ဆိုခဲ့ကြသည်မှာ ယခုထက်တိုင်အောင်ပင် ဖြစ်သည်။ မြန်မာဘာသာဖြင့်ပြန်ဆိုသော် အနက်ကား “စကားမြို့" ဖြစ်သည်။ ရှေးယခင် မွန်ဘုရင် မြန်မာဘုရင် လက်ထက်တွင် နန်းတွင်းမှ စေလွှတ်လိုက်သော မင်းညီမင်သားများ၊ စစ်သူကြီးများ၊ ဝန်မင်း၊အမတ်မင်းများနှင့် တနင်္သာရီနှင့် မွန် တောင်ပိုင်း လက်အောက်ခံဒေသမှ မြို့စား၊ နယ်စားများအရာရှိများကို စုံညီစွာအစည်းအဝေးပြုလုပ်ပြီး အမိန့်တော်များ ပြန်တမ်းများ ထုတ်ပြန်ကာ တိုင်းရေး ပြည်ရေး အရေးကြီးသောကိစ္စများ တိုင်ပင်ညှိနှိုင်း စကားပြောဆိုကြရာမြို့ဖြစ်သောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြဟန် ဖြစ်သည်။ အနောက်ဘက်လွန်မင်းလက်ထက်တွင်လည်း စစ်ရေးစစ်ရာအချက်အခြာကျသည့် မြို့တစ်မြို့အဖြစ် သမိုင်းကြောင်းတွင် ထင်ရှားသည်။ ရှေးဟောင်းရေးမြို့သည် သာသနာတော်စည်ပင်ထွန်းကားခဲ့ပြီး ရေးမြို့သူ မြို့သားများသည် ဘာသာတရားကိုင်းရှိုင်း လေးစားခဲ့ကြဟန်ရှိသည်။ စေတီဘုရား၊ ကျောင်းကန်များကိုလည်း အမြောက်အများ တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ ရေးမြို့တွင် စေတီပုထိုးများစွာတည်ရှိနေပေသည်။