ဒေါ်နယ်လ် ထရန့်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြေငြာ +ကြေညာ)
 
စာကြောင်း ၆၆ -
ထရမ့်သည် [[နယူးယောက်မြို့]]တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ် ဝှာတန်ကျောင်းမှ ဘောဂဗေဒ အထူးပြုဖြင့် ဘက်ချလာ ဘွဲ့ရခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဖခင်ဖြစ်သူ ဖရက်ဒ် ထရမ့်၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းကို စတင်ကြီးကြပ်ခဲ့ပြီး နောင်တွင် ထရမ့် အော်ဂနိုင်ဇေးရှင်းဟု အမည်ပြောင်းလဲခဲ့ကာ မကြာမီ အချိန်ကာလ အတွင်း အများပြည်သူကြားတွင် ထင်ရှားလာခဲ့သည်။ ထရမ့်သည် ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ ၎င်းပိုင်ဆိုင်ခဲ့သော မယ်အမေရိက အလှမယ်ပြိုင်ပွဲတွင် ပါဝင်ပတ်သက်ခဲ့ပြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စီးရီးများတွင် တစ်ခန်းစ နှစ်ခန်းစ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ရီဖောင်းမ် ပါတီ၏ သမ္မတ လောင်းအဖြစ် ပါဝင်ခဲ့သော်လည်း မဲမပေးမီတွင် ပြန်လည်နုတ်ထွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အင်န်ဘီစီ ရုပ်သံတွင် အပရန်တိုက်စ် အမည်ရသော ရုပ်သံစီးရီးကို တွဲဖက် ထုတ်ဝေသူ အဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖော်ဘီ၏ စာရင်းအရ ထရမ့်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ် အဆင့် ၃၂၄ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် အဆင့် ၁၅၆ ဖြစ်သည်။
 
၂၀၁၅ ခုနှစ် ဇွန်လတွင် ထရမ့်သည် ရီပါဘလစ်ကန်ပါတီ၏ သမ္မတလောင်း အဖြစ် ဝင်ရောက်အရွေးခံမည်ဟု ကြေငြာခဲ့ပြီးကြေညာခဲ့ပြီး ၎င်းပါတီ၏ သမ္မတလောင်း အဖြစ် အရွေးချယ်ခံမည့်သူများတွင် ရှေ့မှ ပြေးနေခဲ့သည်။ ၂၀၁၆ ခုနှစ် မေလတွင် ရီပါဘလစ်ကန် ပါတီရှိ ၎င်း၏ ပြိုင်ဘက်များမှ မဲဆွယ်နေမှုများကို ရပ်တန့်ခဲ့ပြီး ဇူလိုင်လတွင် ၂၀၁၆ ရီပါဘလစ်ကန် အမျိုးသား ကွန်ဗန်းရှင်းမှ ၎င်းအား ရီပါဘလစ်ကန် ပါတီအား ကိုယ်စားပြု ယှဉ်ပြိုင်မည့် သမ္မတ လောင်း အဖြစ် တရားဝင် ကြေငြာခဲ့သည်။ကြေညာခဲ့သည်။ ထရမ့်သည် ယခင်က မကြုံဖူးအောင် မီဒီယာ၏ အရေးစိုက်မှုကို ခံခဲ့ရပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကိုလည်း ခံခဲ့ရသည်။ အင်တာဗျူးများ၊ တွစ်တာ နှင့် မဲဆွယ်ပွဲများတွင် ပြောကြားခဲ့သော စကားများမှာ အငြင်းပွားစရာ စကား သို့မဟုတ် အမှားများ ဖြစ်သည်။ ရီပါဘလစ်ကန် ပါတီ အတွင်း သမ္မတလောင်း အဖြစ် အရွေးခံရစေရန် ပြုလုပ်သော မဲဆွယ်ပွဲအချို့တွင် ဆန္ဒပြမှု သို့မဟုတ် အကြမ်းဖက်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ထရမ့်မှ အမျိုးသမီးများအား အဓမ္မ ဖက်နမ်းခြင်း နှင့် ဖျစ်ညှစ်ခြင်း ပြုလုပ်သည်ကို ဝါကြွားပြောဆိုသော အသံဖိုင် ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီး အများအပြားမှ ၎င်းတို့အား ထိုသို့ပြုလုပ်ခဲ့ကြောင်း ထိုအသံဖိုင် ထွက်ပေါ်လာပြီးနောက်တွင် ပြောကြားခဲ့သည်။ ၎င်းမှ ၂၀၀၅ ခုနှစ် တွင် ပြောဆိုခဲ့သော စကားများကို တောင်းပန်ခဲ့သော်လည်း စွပ်စွဲမှုများကို ငြင်းဆိုခဲ့ပြီး ၎င်း၏ ဂုဏ်သိက္ခာကျဆင်း စေရန် လုပ်ဆောင်သော ကန်ပိန်း၏ တစိတ်တဒေသမျှသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။<ref>{{cite news|last1=Sullivan|first1=Sean|title=Four women accuse Trump of forcibly groping, kissing them|url=https://www.washingtonpost.com/news/post-politics/wp/2016/10/12/two-women-accuse-trump-of-unwanted-sexual-touching/|accessdate=October 29, 2016|date=October 13, 2016|quote=Four women accused Donald Trump of groping or kissing them without their consent in news reports published Wednesday, just days after the Republican presidential nominee insisted in a debate that he had never engaged in such behavior. ... The news came five days after The Washington Post reported Friday on a 2005 video in which Trump can be heard making vulgar comments on a hot microphone about physically forcing himself on women sexually.}}</ref><ref>
* "[http://www.telegraph.co.uk/news/2016/10/09/us-election-donald-trump-calls-republican-leaders-traitors-and-h/ US Presidential Debate Recap: Polls Split on whether Donald Trump or Hillary Clinton won Poisonous Argument]," ''The Telegraph,'' 13 October 2016.
:*"In what was one of the most negative and acrimonious debates in US presidential history, it was a matter of minutes before the lewd tape, in which Mr Trump brags about "grabbing p----" and forcibly kissing women, was brought up."