လယ်ရီ ပေ့ချ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:သန်းကြွယ်သူဌေးများကို ဖယ်ရှားခဲ့သည်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြေငြာ +ကြေညာ)
စာကြောင်း ၆၁ -
၂၀၀၃ ခုနှစ်တွင် ဘရင်းမ်နှင့် ပေ့ချ် နှစ်ယောက်စလုံးကို အိုင်အီးစီးပွားရေးကျောင်းမှ ဂုဏ်ထူးဆောင် အမ်ဘီအေဘွဲ့ကို ပေးအပ်ခဲ့သည်။ စွန့်ဦးတီထွင်စိတ်ဓာတ် နှင့် စီးပွားရေးလုပ်ငန်း အသစ်များကို ဦးဆောင်ဖန်တီးနိုင်သည့် စွမ်းဆောင်ရည် ရှိသူများ၏ ကိုယ်စားပြုအဖြစ် ဂုဏ်ပြုခံရခြင်းဖြစ်သည်။
 
၂၀၀၄ ခုနှစ်တွင် မာကိုနီဖောင်ဒေးရှင်းမှ ချီးမြှင့်သော အင်ဂျင်နီယာအလုပ်၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပြီး ကိုလံဘီယာတက္ကသိုလ်တွင်ရှိသော ထိုဖောင်ဒေးရှင်း၏ ဖဲလ်လိုးအဖြစ်ရွေးချယ်ခံခဲ့ရသည်။ထိုသို့ရွေးချယ်ခံရစဉ် ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဂျွန်ဂျေးအိုင်စလင်က “အင်ဖော်မေးရှင်းများကူးလူး ဆက်သွယ်ခြင်းနည်းလမ်းများကို အခြေခံမှစ၍ ပြောင်းလဲစေခဲ့သူများ” ဟုဂုဏ်ပြုကြေငြာခဲ့သည်။ဟုဂုဏ်ပြုကြေညာခဲ့သည်။
 
ထို့နောက်တွင် သူတို့နှစ်ယောက်သည် ကမ္ဘာ့ဩဇာအရှိဆုံး ဆက်သွယ်ရေးနည်းပညာ စွန့်ဦးတီထွင်သူ ၃၂ဦးတွင် ပါဝင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် ဘရင်းမ်နှင့် ပေ့ချ် နှစ်ယောက်စလုံးကို အမေရိကန် ဝိဇ္ဇာနှင့် သိပ္ပံအကယ်ဒမီ၏ ဖဲလ်လိုးအဖြစ်ရွေးချယ်ခဲ့သည်။ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှ ပေ့ချ်ကို မနက်ဖြန်များအတွက် ကမ္ဘာ့ခေါင်းဆောင်ဟု အမည်တွင်စေခဲ့ပြီး အိပ်စ် (X) ပရိုက်စ်မှ ပေ့ချ်ကို ဘုတ်အဖွဲ့၏ အဖွဲ့ဝင်အဖြစ်ရွေးချယ်ခဲ့သည်။