ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၈၂ -
 
== အုပ်ချုပ်မှု ပြုပြင် ပြောင်းလဲရေး ==
ကင်းဝန်မင်းကြီးသည် ဒီမိုကရေစီဝါဒ ထွန်းကားသော အနောက်နိုင်ငံများသို့ သွားရောက် လေ့လာခဲ့သည့်အတိုင်း မိမိနိုင်ငံ တိုးတက်ရေးအတွက် အနောက်နိုင်ငံများကဲ့သို့ ဘုရင်၏ အာဏာကို ကန့်သတ်ကာ ဝန်ကြီးအဖွဲ့နှင့် တိုင်းပြည် ရေးရာများကို စီမံခန့်ခွဲနိုင်သည့် အုပ်ချုပ်ရေး စနစ်တစ်ခု တီထွင်ရန် ကြိုးစားခဲ့သည်။ သို့ဖြစ်၍လည်း မင်းတုန်းမင်းကြီး နတ်ရွာစံ သောအခါ မိမိ၏ သြဇာညောင်းမည့်ဩဇာညောင်းမည့် သီပေါမင်းသားကို နန်းတင်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်.။ ၁၂၄ဝ ပြည့်နှစ်တွင် သီပေါမင်း နန်းတက်ပြီးနောက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်ခဲ့သည်။ နိုင်ငံတော် အုပ်ချုပ်ရေးကို (၁၄) ဌာန ခွဲပြီးလျှင် ကင်းဝန်မင်းကြီးကမူ ကာကွယ်ရေး ဌာနဟူ ခေါ်ဆိုရမည့် ကြည်းတပ်ကို တာဝန်ယူ အုပ်ချုပ်ကာ နိုင်ငံတော်၏ ကာကွယ်ရေး ကို စီစဉ်ခဲ့လေသည်။
 
တိုင်းပြည်အုပ်ချုပ်ရာတွင်လည်း လွှတ်တော်တွင် အခွင့်အာဏာများ ပိုမို ရရှိအောင် ဆောင်ရွက်ခဲ့လေသည်။ လွှတ်တော် အစည်းအဝေးတို့တွင် ဘုရင် ကိုယ်တိုင်သော်လည်းကောင်း ၊ အိမ်ရှေ့မင်းသော်လည်းကောင်း သဘာပတိအဖြစ် ဆောင်ရွက်မြဲ ဖြစ်သော်လည်း မြင်ကွန်း ၊ မြင်းခုံတိုင် အရေး ပေါ်ပေါက် ပြီးကတည်းက ထိုအစဉ်အလာများ ပျက်ပြားသကဲ့သို့ ရှိနေရာ လွှတ်တော် အစည်းအဝေးများတွင် ကင်းဝန်မင်းကြီးကသာ ဦးဆောင်ခဲ့သည်။ အုပ်ချုပ်ရေးသစ်မှာ ဘုရင်၏ အာဏာကို ကန့်သတ်ရန် ရှိနေသဖြင့် ကန့်သတ်ခြင်း မခံလိုသူတို့ဘက်မှလည်း အတိုက်အခံများ ပေါ်ပေါက်လာလေသည်။ သို့ဖြစ်၍လည်း သီပေါမင်း နန်းတက်ပြီး နောက်ပိုင်းတွင် ကင်းဝန်မင်းကြီးမှာ တန်ခိုးမှိန်ကာ ဆင်ဖြူမရှင် ဦးစီးသော တိုင်တား မင်းကြီးတို့က သြဇာဩဇာ ထက်၍ လာလေသည်။ ဤသို့အားဖြင့် အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှုများကို ကင်းဝန်မင်းကြီး စိတ်တိုင်းကျ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။
 
== နိုင်ငံခြား ဆက်သွယ်ရေး ==