ဂယ်လက်ဆီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +unreferenced
အရေးမကြီးNo edit summary
စာကြောင်း ၄ -
'''ကြယ်စင်စုကြီး''' ({{lang-en|Galaxy}}) ဆိုသည်မှာ ကြယ်စုကြယ်ဝေး ဖြစ်ပြီး ဓာတ်ငွေ့များ၊ အမှုန်အမွှားများနှင့် မှောင်မိုက်သော ဒြပ်ဝတ္ထုများလည်း ရောနှော ပါဝင်နေသည်။ ကြယ်စင်စုကြီးများကို တစုတဝေးတည်း ဖြစ်နေစေသည့် အကြောင်းမှာ [[ဒြပ်ဆွဲငင်အား]]ပင် ဖြစ်သည်။ ကြယ်စင်စုကြီးအတွင်းမှ အရာအားလုံးသည် ဗဟိုချက်တစ်ခုကို အခြေပြု၍ သွားလာလှုပ်ရှား နေကြသည်။ ကြယ်စင်စု( Galaxy) ဆိုသည့် အမည်မှာ ဂရိစာလုံး (Galaxier) မှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ နဂါးငွေ့ ဟူ၍ဖြစ်သည်။ ထို့အတွက်ကြောင့် [[ကမ္ဘာ]]ပါဝင်သော လက်ရှိနေထိုင်ရာ ကြင်စင်စု(Galaxy) ကို [[နဂါးငွေ့တန်း ဂယ်လက်ဆီ|နဂါးငွေ့တန်း ကြယ်စင်စုကြီး]]ဟု ခေါ်ကြသည်။
 
အဓိကအားဖြင့် ကြယ်စင်စုကြီးဂလက်ဆီ ၃ မျိုး ရှိပြီး ၎င်းတို့မှာ [[ဘဲဥပုံစံ ကြယ်စင်စုဂလက်ဆီ|ဘဲဥပုံ]]၊ [[ခရုပတ်ပုံစံ ကြယ်စင်စုဂလက်ဆီ|ဝက်အူရစ်ပုံ]] နှင့် ပုံသဏ္ဌန်မမှန်သော ကြယ်စင်စု တို့ ဖြစ်ကြသည်။ အားလုံးသော ကြယ်စင်စု များသည် [[စကြာဝဠာ]]အတွင်းတွင် တည်ရှိကြသည်။ နဂါးငွေ့တန်းကြယ်စင်စုကြီးတွင် [[ကြယ်]]အစင်းပေါင်း (၂၀၀) မှ (၄၀၀) [[ဘီလီယံ]]ကြား တည်ရှိသည်။ နဂါးငွေ့တန်းကြယ်စင်စုကြီးနှင့် အနီးဆုံကြယ်စင်စုကြီးမှာ [[အင်ဒရိုမီဒါ ဂလက်ဆီ|အင်ဒရိုမီဒါ ကြယ်စင်စုကြီး]]ဖြစ်ပြီး ကမ္ဘာမြေမှ [[အလင်းနှစ်]] (၂.၅) သိန်း ကွာဝေးသည်။ ကျွန်ုပ်တို့ မြင်နိုင်သော အကွာအဝေး သို့မဟုတ် [[လေ့လာနိုင်သော စကြာဝဠာ|လေ့လာရန် ဖြစ်နိုင်သော စကြာဝဠာ]]အတွင်းတွင် တည်ရှိသော ကြယ်စင်စုပေါင်းမှာ (၁၇၀) ဘီလီယံ ကျော်မျှ ရှိသည်။
 
==ကိုးကား==