ဖက်ချေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{Speciesbox|name=ဖက်ချေ <br>(''{{Lang-en|Leaf muntjac}}'')|status=DD|status_system=IUCN3.1|status_ref=<ref name=iucn>{{cite iucn|author=Timmins, R.J.|author2=Duckworth, J.W.|author3=Zaw, T.|name-list-style=amp|year=2008|url=https://www.iucnredlist.org/details/136479/0|title=''Muntiacus putaoensis''|access-date=5 April 2009}} Database entry includes a brief justification of why this species is of data deficient.</ref>|taxon=Muntiacus putaoensis|authority=Amato, Egan & [[:en:Alan Rabinowitz|Rabinowitz]]၊ ၁၉၉၉<ref name="Rabinowitz">Rabinowitz, AR; T. Myint; ST Khaing & S Rabinowitz (1999) Description of the Leaf Deer (''Muntiacus putaoensis''), a new species of muntjac from northern Myanmar. J. Zool. 249:427-435</ref>}}
 
ဖက်ချေ (Leaf Deer or Leaf Muntjac) ကို ဖက်ဂျီဟုလည်းကောင်း၊ ပူတာအိုချေဟုလည်းကောင်း ခေါ်တွင်သည်။ [[ချေ]]မျိုးစိတ်အငယ်စား ဖြစ်လေသည်။ သိပ္ပံအမည်မှာ မန်တီးယားကပ်စ် ပူတာအိုအင်းဆစ် ဖြစ်သည်။ ဖက်ချေကို ၁၉၉၇ခုနှစ်ကမှ [[ဇီဝဗေဒပညာရှင်]] [[အလန် ရာဘင်နိုဝဇ့်]]က [[မြန်မာနိုင်ငံ]]မြောက် ပိုင်းရှိ ဝေးလံသီခေါင်သော [[နောင်မွန်းမြို့နယ်]]အတွင်း ကွင်းဆင်းလေ့လာမှုတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ရာဘင်နိုဝဇ့်သည် ဖက်ချေကို ချေအသေကောင်တစ်ကောင်မှတဆင့် သိရှိခဲ့ခြင်း ဖြစ်သည်။ ကနဦးက ယင်းချေအသေကောင်သည် အခြား သောချေမျိုးစိတ်တစ်မျိုး၏ အကောင်ပေါက်ကလေး၏ အသေကောင်ဟု ယူဆခဲ့သည်။ သို့သော်လည်း ယင်းအသေ ကောင်မှာ အရွယ်ရောက်ပြီးသော အမတစ်ကောင်မှန်း သိသွားလေသည်။ သူသည် နမူနာများကို ရယူနိုင်ခဲ့ပြီး မျိုးဗီဇစစ် ဆေးမှုမှတဆင့် [[သမင်]]မျိုးစိတ်သစ်တစ်မျိုးဖြစ်ကြောင်း သိခဲ့လေသည်။ ဒေသခံ[[မုဆိုး]]များက ဤမျိုးစိတ်ကို ကောင်းစွာသိ ကြပြီး ဖက်ချေဟုခေါ်တွင်ကြလေသည်။ အကြောင်းမှာ သစ်ရွက်ကြီးတစ်ရွက်တည်းဖြင့်ပင် လုံးဝထုပ်ပိုးနိုင်သောကြောင့် ဖြစ်သည်။<ref>Ellis, Richard (2004). No Turning Back: The Life and Death of Animal Species. New York: Harper Perennial. p. 260. ISBN 0-06-055804-0.</ref>