ခြောက်ရက်စစ်ပွဲ: တည်းဖြတ်မှု မူကွဲများ

vandalism delete
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြေငြာ +ကြေညာ)
စာကြောင်း ၃၃ -
ထိုအခါ နာဆာသည် ပိုမိုအတင့်ရဲလာပြီး အစ္စရေး၏အသက်သွေးကြောဟုဆိုနိုင်သော တီရန်ရေလက်ကြားကို ပိတ်ဆို့လိုက်လေတော့သည်။ အာရပ်ကမ္ဘာတွင် နာဆာသည် သူရဲကောင်းကြီးဖြစ်သွားသော်လည်း အစ္စရေးအတွက်မူ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရလေတော့သည်။
 
၁၉၅၆ ခုနှစ်၊ စူးအက်တူးမြောင်းအရေးအခင်းပြီးနောက်တွင် တီရန်ရေလက်ကြားကို မည်သူကမျှမပိတ်ဆို့စေရဟု အမေရိကန်က အစ္စရေးအား အာမခံချက်ပေးထားခဲ့ပြီး၊ အစ္စရေးကလည်း တီရန်ရေလက်ကြားပိတ်ဆို့ခြင်းကို မိမိအားစစ်တိုက်ခြင်းဟု ယူဆမည်ဖြစ်ကြောင်း ပြတ်သားစွာကြေငြာထားခဲ့၏။ပြတ်သားစွာကြေညာထားခဲ့၏။ တကယ်တမ်းတွင် အီဂျစ်၏လုပ်ရပ်အတွက် အမေရိကန်ကရော မည်သည့်နိုင်ငံကပါ အရေးတယူ မရှိလှသည့်အခါ အစ္စရေးအတွက် မိမိကိုယ်ကို အားကိုးရန် ဆုံးဖြတ်ရလေတော့၏။
 
အံ့ဩစရာကောင်းသည်မှာ ဤမျှဘေးကပ်ဆိုးကျရောက်နေချိန်တွင်ပင် ဒီမိုကရေစီနိုင်ငံဖြစ်သော အစ္စရေးနိုင်ငံရေးလောကတွင် ညီညွတ်မှုမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်မှုများဖြင့် အငြင်းအခုံ ထူပြောနေခဲ့၏။ သို့သော် နောက်ဆုံးတွင် အစ္စရေးပြည်သူတို့၏ ကြားဝင်လှုပ်ရှားတောင်းဆိုမှုဖြင့် ၁၉၅၆ ခုနှစ်၊ စူးအက်တူးမြောင်းအရးအခင်း၏ အစ္စရေးစစ်သူရဲကောင်းဖြစ်သူ မိုရှေဒါယန်း ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့သည်။ သူသည် မျက်လုံးတစ်ဖက်လပ်နေပြီး ထိုမျက်လုံးလပ်ကို အမည်းရောင်သားရေစဖြင့် ဖုံးအုပ်ထားရကာ အစ္စရေးနိုင်ငံ အသက်ရှင်ရပ်တည်ရန် စွန့်စားကြိုးပမ်းမှု၏ ပြယုဂ်သဏ္ဌာန်လည်းဖြစ်လေသည်။ သူ့အား မနှစ်သက်သူများက မလိုတမာပြောကြားကြစေကာမူ အစ္စရေးစစ်တပ်နှင့် အရပ်သားပြည်သူများ၏ စိတ်နှလုံးကို သူ၏ဆွဲဆောင်နိုင်မှုသည် ၁၉၆၇ ခြောက်ရက်စစ်ပွဲအတွင်း အစ္စရေး၏ အံ့ချီးဖွယ် စစ်ရေးအောင်မြင်မှုများ၏ အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။