အကြောက်လွန်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တိရိစ္ဆာန် +တိရစ္ဆာန်)
စာကြောင်း ၂၀ -
အကြောက်လွန်ဝေဒနာ များစွာရှိသည့်အနက် ခွဲခြားကြည့်လျှင် အဓိကအုပ်စုကြီး ငါးမျိုးကို တွေ့ရသည်။
* အတွေ့ရ အများဆုံးမှာ '''သာမန်အကြောက်လွန်ခြင်း (specific phobia)''' ဖြစ်သည်။ အခြေအနေ သို့မဟုတ် အတွေ့အကြုံတစ်မျိုး၊ နှစ်မျိုးကို ကြောက်ခြင်းဖြစ်သည်။ အမြင့်မတက်ရဲခြင်းနှင့် စက်လှေကားကိုမစီးရဲခြင်း စသည်တို့ဖြစ်သည်။ အမြင့်ကြောက်သူများတချို့ လှေကားအထစ်ပေါ်များမှ အောက်သို့ငုံ့ကြည့်မိလျှင်ပင် ဒူးတုန်၊ ရင်ခုန်ဖြစ်ရသည့်အထိ ခံစားလာရသည်။ တချို့ဆို ရေပြင်ကျယ်ကိုကြောက်သဖြင့် ပင်လယ်ကမ်းခြေ အပန်းဖြေခရီးထွက်သည့်မိသားစုနှင့်ပင် မလိုက်တော့ပဲ တစ်ယောက်တည်းကျန်ရစ်နေတတ်သည်။<ref name="mmtimes" />
* '''တိရစ္ဆာန်အကြောက်လွန်ခြင်း (animal phobia)''' များသောအားဖြင့် မြွေနှင့်ပင့်ကူတို့ကို လန့်ကြသည်။ အချို့က ခွေး၊ ကြောင်နှင့် ငှက်ကိုပင် ကြောက်တတ်ကြသည်။ အချို့ဆို ပိုးဟပ်မြင်၍ မေ့လဲသွားသည်လည်းကောင်း၊ တီကောင်ကိုင်မိ၍ ဆွေ့ဆွေ့ခုန်နေသည်လည်းကောင်း ဖြစ်တတ်သည်။<ref name="mmtimes" /> တိရိစ္ဆာန်အကြောက်လွန်ခြင်းမှာမူတိရစ္ဆာန်အကြောက်လွန်ခြင်းမှာမူ ကလေးဘဝကပင် စွဲကပ်တတ်သည့် သဘောရှိသည်။
* '''လူမှုရေးအကြောက်လွန်ခြင်း (social phobia)''' သည် စိတ်ကျဉ်းကျပ်ခြင်း၊ ရှက်ရွံ့ခြင်းတို့ကြောင့် ထိတ်လန့်နေခြင်း ဖြစ်သည်။ လူအများနှင့် ပေါင်းသင်းဆက်ဆံရမည်ကို ကြောက်ရွံ့ခြင်း (လူကြောက်ခြင်း)၊ ပရိသတ်ရှေ့၌ စကားမပြောရဲခြင်းမျိုး ဖြစ်သည်။ အချို့က လူအများရှေ့၌ မစားရဲကြချေ။ အချို့ကမူ တစ်စုံတစ်ယောက်၏ ရှေ့မှောက်၌ လက်မှတ်မထိုးရဲချေ။
* '''ရောဂါကြောက်ခြင်း (illness phobia)''' ဆိုသည်မှာ ရောဂါတစ်ခုအကြောင်း သိမှတ်ဖတ်ရှုခြင်း များလာသောအခါ မိမိမှာ ထိုရောဂါရှိနေပြီလားဟူ၍ ရောဂါအကြောင်းတွေးရင်း အကြောက်လွန်သည်ကို ဆိုလိုသည်။