စာမွန်: တည်းဖြတ်မှု မူကွဲများ

Undo revision 271367 by 187.189.46.152 (talk)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
စာကြောင်း ၄ -
 
 
ထိုသူတို့ ရေးစဉ်က အကြောင်းရပ်တစ်ခုခုကို မိမိတို့ ဉာဏ်မီသလောက် ရေးစမ်းကြည့်သော စာအဖွဲ့မျှသာ ဖြစ်သည်ဟူသော အဓိပ္ပါယ်ဖြင့်အဓိပ္ပာယ်ဖြင့် ထိုဖွဲ့စီရေးသားလိုက်သော စာမျိုးကို 'အက်ဆေး'ဟု အမည်တပ်ခဲ့သည်။ ဤသို့ အမည်တပ်လိုက်ခြင်း၏ ဆိုလိုရင်းမှာ သူတို့ ရေးဖွဲ့လိုက်သောစာသည် ပြည့်စုံကုံမြောက်သော ကျမ်းဂန်တစ်စောင်တစ်ဖွဲ့ မဟုတ်၊ ဝတ္ထုမဟုတ်၊ တရားစာမဟုတ်၊ အကြောင်းခြင်းရာ တစ်ခုခုကို တတ်သလောက်၊ မှတ်ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်၍ ရေးသားရသော ကြိုးပမ်းစမ်းသပ်မှု တစ်ရပ်မျှသာ ဖြစ်သည်။ စာကြီးပေကြီးကဲ့သို့ ဝေဖန်ယူဆရန် မဟုတ်ပါဟူသော သဘောမျိုးကို ဆိုလိုရင်း ဖြစ်၏။ မာန်ကိုနှိမ့်ချ၍ ခပ်ယို့ယို့ အမည်တပ်လိုက်ခြင်းဖြစ်၏။ သို့သော် သူတို့၏ 'အက်ဆေး'များကို အဆီအနှစ်ပါ
သော စဉ်းစားဉာဏ်ဖြင့်၎င်း၊ အဓိပ္ပါယ်အဓိပ္ပာယ် ကြွယ်ဝစွာပါရှိသော တိုတုတ် ခန့်ညားသည့် စကားလုံး၊ စကားသွားဖြင့်၎င်း၊ တန်ဆာဆင်ထားရကား၊ စာပေလောကတွင် ထင်ရှားကျော်ကြား
၍ လူကြိုက်များလာ လေသည်။ ထိုနောက် 'အက်ဆေး' ဟူသည် အကြောင်းခြင်းရာတစ်ခုနှင့် စပ်လျဉ်း၍ စဉ်းစားစိတ်ကူး ရသမျှကို စကားသွား ခန့်ခန့်လှလှဖြင့် စာဖတ်သူ၏စိတ်ကို
ဆွဲဆောင်နိုင်စွမ်းအောင်၊ မရှည်လွန်း မတိုလွန်းလှဘဲ၊ ရေးသားဖွဲ့စီထားသော စာပေမြောက်သည့် စကားပြေ အဖွဲ့မျိုး ဖြစ်သည်ဟု စာပေလိုက်စားသူတို့က နားလည် မှတ်ယူလာကြလေသည်။
 
'အက်ဆေး' ဟူသောစကား၏ တိုက်ရိုက် အဓိပ္ပါယ်မှာအဓိပ္ပာယ်မှာ 'စမ်းသပ်မှု'၊ 'ကြိုးပမ်းမှု' ဖြစ်သည်။ ဤပင်ရင်း အဓိပ္ပါယ်နှင့်အဓိပ္ပာယ်နှင့် မွန်တိန်း၊ ဗေကင်တို့၏ မူလရည်ရွယ်ချက်ကို နှလုံးသွင်းပြီး
ရန်ကုန်တက္ကသိုလ်ပါမောက္ခဆရာကြီး ဦးဖေမောင်တင် အမှူးပြုသော တက္ကသိုလ်ဆရာများက ဤစာအဖွဲ့မျိုးကို 'အစမ်းစာ'ဟု အမည်ပေးခဲ့သည်။ 'အစမ်းစာ'ဟူသော ဝေါဟာရ မပေါ်
ခင်က ဤစာမျိုးကို ဆောင်းပါးဟူ၍ ယေဘုယျ ခေါ်ခဲ့ကြသေးသည်။ သိုးဆောင်းတို့၏ စာပေလောကတွင် 'အက်ဆေး'ဟူသော အမည်ဝေါဟာရမှာ မပြောင်းလဲဘဲ၊ စွဲမြဲကျန်ရှိခဲ့
သော်လည်း ထိုဝေါဟာရဖြင့် ခေါ်ဆိုသော စကားပြေ အဖွဲ့မျိုးမှာ သဘောအားဖြင့်၎င်း၊ အသွင်အားဖြင့်၎င်း၊ အသွားအားဖြင့်၎င်း အတော်ပင် ပြောင်းလဲခဲ့ပြီဖြစ်ရာ မူလမှည့်ခေါ်သော ဝေါဟာရ၏ တိုက်ရိုက် အဓိပ္ပါယ်ကိုယူရန်အဓိပ္ပာယ်ကိုယူရန် မသင့်လျော်တော့ချေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် အနှစ် ၂ဝဝ လောက်မှစ၍ ယခုထက်တိုင် 'အက်ဆေး'များ ရေးရာ၌ ရေးသူ၏ ဉာဏ်စွမ်းနှင့် စကားသွားနိုင်နင်းမှု စွမ်းရည်တို့ကို အကြောင်းခြင်းရာ တစ်ခုခုပေါ်တွင် မှတ်ကျောက်တင်၍ စမ်းသပ်ခြင်း ဟူသော သဘောသည် မရှိတော့ပြီ ဖြစ်သောကြောင့်တည်း။
 
ယခုလက်ရှိ သိုးဆောင်းတို့၏ စာပေလောကတွင်၎င်း၊ မြန်မာစာရေးဆရာများ ရေးသားနေကြသည့် စာပေလောကတွင်၎င်း၊ 'အက်ဆေး'ဟု အင်္ဂလိပ်လိုခေါ်နိုင်သော စာအဖွဲ့၏
သဘောသွားနှင့် အင်္ဂါရပ်များမှာ ဤသို့ဖြစ်၏။ 'အက်ဆေး'သည် မည်သည့် အကြောင်းရပ်ကိုမဆို ဖွဲ့စီရေးသားထားသောစာမျိုး ဖြစ်သည်။ စကားပြေနှင့် ဖွဲ့နွဲ့စီကုံးထားခြင်းသာ 'အက်
ဆေး' အမျိုးမျိုး၏ တူညီသော အင်္ဂါရပ်ဖြစ်သည်။ ခရစ် ၁၈-ရာစုနှစ်တွင် ထွန်းကားခဲ့သော အင်္ဂလိပ်ကဗျာဆရာ အယ်လက် ဇန္ဒာပုပ် ရေးသားခဲ့သော 'လူ့သဘာဝအက်ဆေး'နှင့် 'ဝေဖန်မှု
အက်ဆေး'များမှာ ကဗျာလင်္ကာရှည်များဖြစ်၍ ပုပ်က 'အက်ဆေး' ဟူသော စကားကို မူလအဓိပ္ပါယ်နှင့်မူလအဓိပ္ပာယ်နှင့် သုံးထားခြင်းဖြစ်သည်။