နိကာယ် ငါးရပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်, -အဓိပ္ပါယ် +အဓိပ္ပာယ်)
 
စာကြောင်း ၂၂ -
== မဇ္ဈိမနိကာယ (Collection of Middle Length Discourses) ==
{{main|မဇ္ဈိမနိကာယ်}}
ဒီဃနိကာယ်လာ သုတ်များသည် ကျယ်ကျယ်ပြန့်ပြန့် ရှည်ရှည်လျားလျား ဟောကြားထားသော သုတ်များဟုဆိုပါက၊ မဇ္ဈိမနိကာယ်မှ သုတ်များသည် နက်နက်ရှိုင်းရှိုင်း ဟောကြားထားသော သုတ်များဟု ဆိုနိုင်သည်။ မဇ္ဈိမနိကာယ်လာ သုတ် အများစုသည် ဗုဒ္ဓဘာသာရဟန်းတော်များအား ရည်ရွယ်ဟောကြားထားသည်ဟု ဆိုနိုင်သည်။ မူလပရိယာယသုတ်၊ သဗ္ဗာသဝသုတ်၊ သမ္မာဒိဋ္ဌိသုတ်၊ ဓာတုဝိဘင်္ဂသုတ်၊ စူဠကမ္မဝိဘင်္ဂသုတ်၊ တဏှာသင်္ခယသုတ်၊ စူဠဝေဒလ္လသုတ်၊ အာနာပါနဿတိသုတ်၊ ဆဆက္ကသုတ် စသော အဓိပ္ပါယ်လေးနက်သည့်အဓိပ္ပာယ်လေးနက်သည့် သုတ္တန်များသည် မဇ္ဈိမနိကာယ်လာ သုတ်များဖြစ်သည်။
 
မဇ္ဈိမနိကာယ်မှသုတ်များသည် အရွယ်အစားအားဖြင့် ဒီဃနိကာယ်မှ သုတ်များလောက် မရှည်လျားသော်လည်း၊ အခြားနိကာယ်များမှ သုတ်များလောက် တိုတောင်းခြင်း မရှိပေ။ ထို့ကြောင့်ပင် မဇ္ဈိမ (အလယ်အလတ်) နိကာယ်ဟု ခေါ်ခြင်းဖြစ်သည်။ မဇ္ဈိမနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၁၅၂ သုတ်ရှိကာ၊ ကျမ်းတစ်ကျမ်းလျှင် သုတ် ၅၀-ခန့်ဖြင့် ပဏ္ဏာသ ခေါ် ကျမ်း သုံးကျမ်း ခွဲထားသည်။ ပဏ္ဏာသဟူသည် ငါးဆယ်ဟု အဓိပ္ပါယ်ရသည်။အဓိပ္ပာယ်ရသည်။
 
# မူလပဏ္ဏာသ (ရှေးဦးအစ သုတ်ငါးဆယ်)
စာကြောင်း ၄၃ -
သံယုတ္တနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၇၇၆၂-သုတ် ပါဝင်၍ ဘာဏဝါရအားဖြင့် ၁၀၀ ရှိသည်။ (ဘိက္ခုဗောဓိအလိုအရ သုတ်ပေါင်း ၂၉၀၄-သုတ်သာတွေ့ရသည်ဟု ဆို၏။ ရေတွက်ပုံကွဲလွဲ၍ ဖြစ်ပေမည်။) ကျမ်းတစ်ကျမ်းစီအား အကြောင်းအရာ တူရာတူရာအလိုက် သံယုတ္တခေါ် အခန်းများထပ်မံခွဲထားရာ ကျမ်း ၅-ကျမ်းတွင် စုစုပေါင်း သံယုတ် ၅၆-ခန်းပါဝင်သည်။ တစ်ဖန် ထိုသံယုတ်တို့ကိုလည်း သုတ် ၁၀-သုတ်ခန့်လျှင် ဝဂ္ဂ တစ်ခုစု၍ ထပ်မံခွဲထားပြန်သည်။
 
“သံယုတ္တ” ဟူသည် “အတူတကွယှဉ်တွဲပေါင်းစပ်ထားခြင်း”ဟု အဓိပ္ပါယ်ရသည်။အဓိပ္ပာယ်ရသည်။ သံယုတ္တနိကာယသည် အကြောင်းအရာ တူညီသော သုတ္တန်များအား စုပေါင်းထားသော နိကာယ်ဖြစ်သည်။ ဥပမာအားဖြင့် သံယုတ္တနိကာယ်၏ ပထမတွဲ (သဂါထာဝဂ္ဂသံယုတ်ကျမ်း)သည် ဂါထာဖြင့် ဟောကြားထားသည့် တရားတော်များအား စုစည်းထားသည်။ ဤကျမ်းအားလည်း [[ကောသလမင်း]]ကြီးနှင့် ပတ်သက်သက်၍ ဟောကြားထားသော တရားတော်များအား ကောသလသံယုတ္တ၊ မာရ်နတ်နှင့် ပတ်သက်၍ ဟောကြာထားသော တရားတော်များအား မာရသံယုတ္တစသဖြင့် ထပ်မံ၍ ပိုင်းခြား စုစည်းထားသည်။
 
နိဒါနဝဂ္ဂသံယုတ်ကျမ်းသည် အကြောင်း(နိဒါန)နှင့် အကျိုးဆက်စပ်ပုံ ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် စပ်လျဉ်း၍ ဟောကြားထားသော တရားတော်များဖြစ်၍၊ ခန္ဓဝဂ္ဂသံယုတ်ကျမ်းသည် ခန္ဓာငါးပါးနှင့် ပတ်သက်၍ ဟောကြားထားသော တရားတော်များဖြစ်သည်။ သဠယတနဝဂ္ဂသံယုတ်ကျမ်းတွင် အာရုံသိမှုအတွေ့အကြုံ (experience)၏ အခြေခံဖြစ်သော ဗာဟိရာယတန (external bases) ခေါ် အာရုံခြောက်ပါးနှင့် အဇ္ဈတ္တိကာယတန (internal bases) ခေါ် ဒွါရခြောက်ပါးတို့နှင့် စပ်လျဉ်းသော တရားများဖြစ်သည်။
စာကြောင်း ၁၀၉ -
(၃) ဝိမုတ္တိသုခ ဟူသော အကျိုးသုံးပါးဖြစ်သည်။
 
ထိုရည်ရွယ်ချက်တို့အား ပို့ဆောင်ရန် တရားဒေသနာတို့ကို တစ်ဆင့်ပြီး တစ်ဆင့်လွယ်ရာမှ ခက်ရာသို့ အစဉ်အတိုင်း ဟောကြားထား၏။ ဤသို့ဟောကြားခြင်းအား အနုပုဗ္ဗိကထာ (အစဉ်အတိုင်းသော စကား) ဟု ခေါ်သည်။ ဒါန, သီလမှ အစပြု၍ ကာမဂုဏ်တို့၏ အပြစ်၊ ကာမဂုဏ်တို့မှ လွတ်မြောက်ခြင်းအကျိုးတို့ကို ဟောကြားကာ နောက်ဆုံးတွင် သစ္စာလေးပါးတရားအား ဟောကြားသော အစီအစဉ် ဖြစ်သည်။ ဟောစဉ်အရ ဤသို့ အနုပုဗ္ဗိကထာဖြင့် ဟောကြားသကဲ့သို့ ကျင့်စဉ်အရလည်း သီလ, ဣန္ဒြေတို့ကို လုံခြုံအောင် စောင့်ထိန်းခြင်း, ရောင့်ရဲခြင်း, သမာဓိထူထောင်ခြင်း စသော အနုပုဗ္ဗသိက္ခာ, အနုပုဗ္ဗကိရိယာ, အနုပုဗ္ဗပဋိပဒါ ခေါ် လုပ်ငန်းစဉ်, ကျင့်စဉ်များကို ဟောကြားထားသည်။ ထိုဟောစဉ်များအားဖြစ်စေ, ကျင့်စဉ်များအားဖြစ်စေ အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးပါး၊ အုပ်စုသုံးစုရသည်။ နိကာယ် ၅-ရပ်တို့၏ အနှစ်သည် သီလ, သမာဓိ, ပညာဟူသော ဒေသနာစဉ်သုံးပါး၊ ကျင့်စဉ်သုံးပါးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ဆိုနိုင်သည်။ [[ဗုဒ္ဓဃောသ|ရှင်မဟာဗုဒ္ဓဃောသ]] ပြုစုခဲ့သော ‘ဝိသုဒ္ဓိမဂ္ဂ’ အဋ္ဌကထာသည် ဤ သီလ, သမာဓိ, ပညာသုံးပါးအား အကျယ်ပြန်လည်ဖွင့်ဆိုထားသော နိကာယ် ၅-ရပ်တို့၏ အဖွင့်ကျမ်းတစ်ဆူ ဖြစ်သည်။
 
* နိကာယ် ၅-ရပ်၏ အစိတ်အပိုင်းများကို ပေါင်းစပ်၍ ခြုံငုံကြည့်ပါက တရားဦး ဓမ္မစကြာဒေသနာတွင် ဟောကြားခဲ့သော သစ္စာလေးပါးတရားကို တွေ့ရပါမည်။ နိကာယ် ၅-ရပ်၏ နောက်ဆုံးပန်းတိုင်သည် ဝိမုတ္တိရသခေါ် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသည့် နိဗ္ဗာန်ချမ်းသာဖြစ်သည်။ နိကာယ် ၅-ရပ်အား အကျဉ်းခြုံးလိုက်ပါက အရိယသစ္စာ (မြတ်သော အမှန်တရား) လေးပါးကို ရသည်။