တတိယကထိနသိက္ခာပုဒ်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရပါသည် +ရသည်)
 
စာကြောင်း ၁၅ -
မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ရဟန်းတစ်ပါး၌ အချိန်အခါမဟုတ်ဘဲ သင်္ကန်းသည် ရရှိလာ၏။ ထိုရရှိလာသော သင်္ကန်းသည် ချုပ်ပါက လုံလောက်မှု မရှိပေ။ ထိုအခါ ထိုရဟန်းသည် သင်္ကန်းအား ဖြန့်ကာ အထပ်ထပ်အခါခါ ဆွဲဆန့်၏။ ထိုသို့ ပြုသည်ကို မြတ်စွာဘုရားသည် ကျောင်းစဉ်ဒေသစာရီ လှည့်လည်သောအခါ မြင်၏။
 
ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား အဘယ်ကြောင့် ထိုကဲ့သို့ ပြုသည်ကို မေး၏။ ရဟန်းလည်း “အခါမဲ့ ရလာသော သင်္ကန်းသည် မလုံလောက်သဖြင့် ပြုရပါသည်”ပြုရသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား “သင့်အား သင်္ကန်းရလိမ့်မည်ဟု မျှော်လင့်ချက် ရှိပါသလား” ဟု မေး၏။ ထိုရဟန်းသည် “ရှိကြောင်း” ဖြေကြား၏။
 
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား သင်္ကန်းရလိမ့်မည်ဟု မျှော်လင့်ချက်ရှိပါက ထားခြင်းကို ခွင့်ပြုသည်ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းတို့သည် သင်္ကန်းတို့ကို တစ်လထက်အလွန်ထား၏။ သင်္ကန်းတို့ကိုလည်း သင်္ကန်းတန်း၌ ထုပ်၍ ထားကုန်၏။ ဤသည်ကို အသျှင်အာနန္ဒာသည် ဒေသစာရီလှည့်လည်သောအခါ မြင်၏။