ဓမ္မဒါယာဒသုတ်: တည်းဖြတ်မှု မူကွဲများ

→‎၃— ဓမ္မဒါယာဒသုတ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်, -ရပါသည် +ရသည်)
စာကြောင်း ၅ -
 
= ၃— ဓမ္မဒါယာဒသုတ် =
၂၉။ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်—ဤသို့ကြားနာခဲ့ရသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟုခေါ်တော် မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား “အသျှင်ဘုရား” ဟုပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤတရား ဒေသနာကို ဟောတော်မူ၏— ရဟန်းတို့ (သင်တို့သည်) ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကြကုန်လော့၊ ပစ္စည်း ‘အာမိသ’အမွေခံတို့ မဖြစ်ကုန်လင့်၊ “ငါ၏ တပည့်သာဝကတို့သည် အဘယ်သို့သော အကြောင်းဖြင့် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်အံ့နည်း” ဟု သင်တို့ (အပေါ်) ၌ ငါဘုရား၏ သနားငဲ့ညှာခြင်းရှိ၏။ ရဟန်းတို့ သင်တို့သည် ပစ္စည်းအမွေခံတို့သာ ဖြစ်ကုန်၍ တရားအမွေခံတို့ မဖြစ်ကုန်ငြားအံ့၊ ထို့အတွက် “မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ပစ္စည်းအမွေခံတို့သာ ဖြစ်ကုန်၍ တရားအမွေခံတို့မဖြစ်ကြကုန်ဘဲ နေကုန်၏” ဟု သင်တို့လည်း အကဲ့ရဲ့ခံရသူများ ဖြစ်ကုန်ရာ၏။ ထို့အတွက် “မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ပစ္စည်းအမွေခံတို့သာ ဖြစ်ကုန်၍ တရားအမွေခံတို့ မဖြစ်ကုန်ဘဲနေကုန်၏” ဟု ငါဘုရားလည်း အကဲ့ရဲ့ခံရသူ ဖြစ်ရာ၏။
 
ရဟန်းတို့ (သင်တို့သည်) ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်ငြားအံ့၊ ထို့အတွက် “မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ပစ္စည်းအမွေခံတို့ မဖြစ်ကုန်” ဟု သင်တို့လည်း အကဲ့ရဲ့ခံရသူများ မဖြစ်ကုန်ရာ။ ထို့အတွက် “မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့မဖြစ်ကုန်” ဟုငါဘုရားလည်း အကဲ့ရဲ့ခံရသူ မဖြစ်ရာ။ ရဟန်းတို့ ထို့ကြောင့် သင်တို့သည် ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကုန်လော့၊ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်လင့်၊ “အဘယ်သို့သော အကြောင်းဖြင့် ငါ၏တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်အံ့နည်း” ဟု သင်တို့ (အပေါ်) ၌ ငါဘုရား သနားငဲ့ညှာခြင်း ရှိ၏။
စာကြောင်း ၃၅ -
“ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ် တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကို အဘယ်မျှလောက်ဖြင့် အတုလိုက်၍ မကျင့်ကုန်သနည်း၊ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာနေတော်မူစဉ် တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ ကို အဘယ်မျှလောက်ဖြင့် အတုလိုက်၍ကျင့်ကုန်သနည်း” ဟု (မိန့်ဆို၏)။
 
ငါ့သျှင် တပည့်တော်တို့သည် အသျှင်သာရိပုတြာ၏အထံ၌ ဤ (ယခု) ဟောမြွက်သော တရား၏အနက်အဓိပ္ပါယ်ကိုတရား၏အနက်အဓိပ္ပာယ်ကို သိရန် အဝေးမှပင် လာရပါကုန်၏၊ တောင်းပန်ပါကုန်၏၊ ဤ (ယခု) ဟောမြွက်သောတရား၏ အနက်အဓိပ္ပါယ်ကိုအနက်အဓိပ္ပာယ်ကို အသျှင်သာရိပုတြာပင် ဝေဖန်ဟောကြားတော်မူပါ၊ အသျှင်သာရိပုတြာ၏ (အထံမှ) ကြားနာရ၍ ရဟန်းတို့သည် သင်ယူမှတ်သားဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။
 
ငါ့သျှင်တို့ သို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်ဆို၏)။