မဟာအလက်ဇန္ဒား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်)
စာကြောင်း ၆၄ -
# ဖခမည်းတော်ဖိလစ်ဘုရင် အမွေပေးခဲ့သည့် စစ်တပ်မှာ အလွန်အရည်အသွေး၊ တိုက်ခိုက်နိုင်စွမ်း ကောင်းလွန်းသည်။ ခြေလျင်တပ်က လှံတံရှည်များကို အားပြုကာ စနစ်တကျ တိုက်ခိုက်တတ်ပြီး နောက်မှ မြင်းတပ်ကလည်း သေနင်္ဂဗျူဟာကို အကောင်းဆုံး ပုံဖော်နိုင်သည်။
# မဟာအလက်ဇန္ဒား၏ အလွန်ရဲရင့်သည့် ပင်ကိုယ်စိတ်ဖြစ်သည်။ အနိုင်တိုက်ရန် ဆုံးဖြတ်သည်နှင့် မိမိကိုယ်တိုင် မြင်းတပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှတိုက်လေ့ရှိသည်။ ထို့ကြောင့် စစ်သည်တို့လည်း “မိမိတို့ဘုရင်သည် သူမလုပ်ဝံ့ဘဲ ငါတို့ကို မခိုင်း။” ဟုနားလည်ပြီး ၎င်းနှင့်အတူ တိုက်ပွဲဝင်သည်။ စစ်ပွဲကို ကိုယ်တိုင် ဦးဆောင်တိုက်သဖြင့် မကြာခဏဆိုသလို သေဘေးနှင့် ကြုံလေ့ရှိသည်။ သို့သော် စစ်ပွဲတိုင်းကို ကိုယ်တိုင်ဦးဆောင်မြဲဖြစ်သည်။ (စစ်တိုက်ရာတွင် သူမတူအောင် အလွန်အမင်း ရဲရင့်ခက်ထန်သော်လည်း၊ စစ်ပွဲကာလမဟုတ်လျှင် ရန်သူနှင့်ပင်ဖြစ်စေ မိမိကိုယ်နှင့်မခြား ကြင်နာစွာဖြင့်၊ လေးစားသမှုပေးကာ ဆက်ဆံတတ်သည်။ အလွန်ဆက်ဆံရေးပြေပြစ်သူအဖြစ် ရန်သူများကပင် ချီးကျူးကြသည်။)
# နောက်တစ်ကြောင်းမှာ ခေတ်အဆက်ဆက်တွင် သူသာအတော်ဆုံး စစ်ဗိုလ်ချုပ်၊ စစ်ဘုရင်ဟု ဆိုရလောက်အောင်ပင် ထူးချွန်လှသည့် စစ်ခေါင်းဆောင်ဖြစ်သည်။ မိမိထက် အင်အား အလွန်သာလွန်သည့် ပါရှန်းတပ်များကို အင်အားနည်းနည်းဖြင့် ဆက်ကာဆက်ကာ အောင်နိုင်သည်ကို ကြည့်လျှင် အလက်ဇန္ဒား၏ စစ်ရေးသေနင်္ဂ နည်းဗျူဟာတွင် တစ်ဖက်ကမ်းခတ် ပိုင်နိုင်ပုံကို သိနိုင်ပါသည်။သိနိုင်သည်။
 
သို့သော် မကြာခဏ သေဘေးနှင့် ကြုံရသည့်တိုင် စစ်ဘုရင်ကြီးမှာ သေဘေးနှင့်နီးသည်ဟု မိမိကိုယ်ကို အသိမဝင်ပဲ နန်းလျာ မသတ်မှတ်သဖြင့် ၎င်း၏လက်နက်နိုင်ငံမှာ အလွယ်တကူပင် ပြိုလဲရခြင်းမှာ အလွန်မှ အံ့ဖွယ်ကောင်းလှသည်။ အသေမစောလျှင် ကမ္ဘာ့သမိုင်းကို ယခုထက် ပြောင်းလဲခဲ့ဦးမည်သာဖြစ်သည်။ တိုက်စရာ နယ်ပယ် ကျန်သရွေ့ကို တိုက်ဦးမည်သာဖြစ်သည်။ အိန္ဒိယကိုရလျှင် စစ်တပ်ကို အနောက်ဖက်လှည့်ပြီး [[အာဖရိက]]နှင့် [[မြေထဲပင်လယ်]] ကမ်းခြေများကိုပါ သိမ်းယူရန် ဆန္ဒရှိသေးသည် ဟုဆိုကြသည်။
 
သူ့ကျေးဇူးကြောင့် ယခင်က ဂရိတို့မသိခဲ့၊ မမြင်ခဲ့သည့် အရှေ့တိုင်း ယဉ်ကျေးမှုကို မြည်းစမ်းသုံးစွဲခွင့်ရပြီး အရှေ့၊ အနောက် ယဉ်ကျေးမှုခြင်း ဖလှယ်ကြသဖြင့် များစွာအကျိုးဖြစ်ထွန်းသည် ဟုဆိုနိုင်သည်။ ဤဆက်ဆံရေးတို့ကြောင့် ၎င်းနတ်ရွာစံပြီး နောင်နှစ်ပေါင်း ရာချီအတွင်း [[ဟယ်လင်နစ်ခေတ် ယဉ်ကျေးမှု]] ပေါ်ထွန်းကာ ဂရိတို့ တိုးတက်လာရသည်။ အဆိုပါ ဟယ်လင်နစ် ယဉ်ကျေးမှုမှာ ဂရိမှ ရောမ သို့ဆက်လက်စီးဆင်းပြီး နောင် ဥရောပ တစ်ဝန်းပျံ့နှံ့သေးသဖြင့် သူ့ကျေးဇူးမှာ [[ဥရောပ]]အပေါ်တွင်လည်း ရှိသေးသည် ဟုဆိုနိုင်ပါသည်။ဟုဆိုနိုင်သည်။ ထို့ပြင် အိန္ဒိယတွင်လည်း ရှေးကမရှိခဲ့သည့် ဘာသာရေးဆိုင်ရာ ရုပ်တုများကို ဂရိယဉ်ကျေးမှု အငွေ့အသက်များ ဖြင့်ထုလုပ်လာကြသည်။
 
== ရည်ညွှန်းကိုးကား ==