အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရပါသည် +ရသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဟု၍ +ဟူ၍)
စာကြောင်း ၆၂ -
အလောင်းစည်သူမင်းကြီးသည် အုပ်ချုပ်ရေးနှင့် စီးပွားရေးကိုသာမဟုတ်၊ သာသနာရေးကိုလည်း လျစ်လျူမရှုခဲ့ပေ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌ သာသနာ့ အဆောက်အအုံများကို ပြုစု တည်ဆောက်စေခဲ့ရုံမက နိုင်ငံတွင်း အနှံ့အပြား၌လည်း စေတီပုတိုး ဂူကျောင်း စသည်တို့ကို တည်ထားခဲ့သည်။ မင်းတရားကြီး၏ ထင်ရှားသော ကောင်းမှုတော်တို့မှာ ပုဂံတွင် ရွှေဂူကြီးဘုရား၊ [[သဗ္ဗညုဘုရား(ပုဂံ)|သဗ္ဗညုဘုရား၊]] အညာတွင် သရက္ခန်စေတီတော်များ၊ ကျော်လေးဆူအဝင် သီဟတောဘုရား၊ ပခုက္ကူ ရွှေဂူကြီးဘုရား၊ သီဟိုဠ်ရှင်ဘုရား၊ဆင်ဖြူကျွန်း ဆုတောင်းပြည့်ဘုရား ငါမျက်နှာဘုရား ဖောင်တော်ဦး ဘုရားများ၊ စစ်ကိုင်း ရှင်ဖြူ၊ ရှင်လှဘုရားနှင့် မုဌောဘုရားများ စသည်တို့ဖြစ်သည်။ ရွှေဂူကြီး ဘုရားနှင့် သဗ္ဗညုဘုရားတွင် ကြေးစင်တစ်သောင်းသွန်းသော ခေါင်းလောင်းကြီးတစ်လုံးစီ သွန်းလုပ်လှူဒါန်းတော်မူခဲ့ကြောင်း သိရပေသည်။ သို့ရာတွင် ယခုအခါ၌မူ ယင်းခေါင်းလောင်းကြီး များကို မတွေ့ ရတော့ပေ။ သဗ္ဗညုဘုရားကြီး၏ အရှေ့ တောင်ဖက်တွင်မူ ကြီးမားသော ခေါင်းလောင်းတိုင် အကြွင်းအကျန်နေရာကို ယခုထိတွေ့ နိုင်ပါသေးသည်။ <ref>မဟာရာဇဝင်-ပ၊ ၁၉၉။</ref>အလောင်းစည်သူမင်းကြီးသည် မင်းဘူးစက်တော်ရာကို သွားရောက် ဖူးမြော်ပြီးသောအခါ ကျောင်းတော်ရာစေတီကိုလည်း ပြုစုတော်မူခဲ့သည်။<ref>မှန်နန်းရာဇဝင်တော်ကြီး-ပ၊ ၃၀၆-၃၀၇။</ref>
 
အလောင်းစည်သူမင်းကြီး၏ ကောင်းမှုတော်များတွင် ရွှေဂူကြီးဘုရားနှင့် သဗ္ဗညုဘုရားကြီးမှာ အထင်ရှားဆုံးဖြစ်သည်။ ကောင်းမှုတော် ရွှေဂူကြီးဘုရားကို ၁၇ မေ၊ ၁၁၃၁ ခုနှစ်တွင် စတင်တည်ထားခဲ့၍ ခုနှစ်လအကြာ ၁၇ ဒီဇင်ဘာ၊ ၁၁၃၁ တွင်ပြီးစီးခဲ့ကြောင်း သိရသည်။ ရွှေဂူကြီးဘုရားသည် နန်းတော်ဦးတွင် တည်ရှိသဖြင့် နန်းဦးဘုရားဟု၍နန်းဦးဘုရားဟူ၍ အမည်တွင်သည်။ ရွှေဂူကြီးတည်ထားခဲ့ခြင်းနှင့် ပတ်သက်၍ ကျောက်စာနှစ်မျက်နှာရေးထိုးထားခဲ့ပြီး ဂူဘုရား၏ ဝင်ပေါက်တစ်ဖက်စီတွင် တည်ရှိသည်။ ကျောက်စာကို ပါဠိဘာသာဖြင့် ဂါထာပေါင်း ၁၀၀ ရေးသားထား၍ အဆုံးတွင်မူ ရက်စွဲမှတ်တမ်းကို သက သက္ကရာဇ်ရက်စွဲသုံး၍ သက္ကတဘာသာဖြင့် ရေးထိုးထားသည်။ ပုဂံခေတ်မှတ်တမ်းကျောက်စာများတွင် သက သက္ကရာဇ်သုံးစွဲ၍ မှတ်တမ်းတင်ခဲ့သည့် တစ်ခုတည်းသောကျောက်စာ ဖြစ်သည်။ ကျောက်စာရှိ ပါဠိဘာသာဖြင့်ရေးထိုးထားသော အကြောင်းအရာမှာ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များစွာကို ဂါထာအဖွဲ့အနွဲ့ဖြင့် သီကုံး၍ချီးကျူးကော်ရော်ထားခြင်းဖြစ်ကာ နောင်အခါတွင် မိမိလည်း သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူဖြစ်လိုကြောင်း ဆုတောင်းထားခြင်းဖြစ်သည်။ ရေးသားထားသော ပါဠိဘာသာ စီကုံးရေးဖွဲ့မှု အဆင့်အတန်းမှာ အထူးမြင့်မားကြောင်း ပညာရှင်များ ဆိုထားကြသည်။<ref>G.H. Luce, ''Old Burma-Early Bagan'', vol. 1, text (New York: New York University, 1969), 85.</ref>
 
မင်းကြီးလက်ထက်အတွင်း ရှင်အရဟံမထေရ် ပျံလွန်တော်မူ၍ စိမ်းညက်မင်းသားတော် မဟာထေရ် သာသနာဦးဆောင်အဖြစ် ဆက်ခံရသည်။ သွားလေရာရာ ရွှေထမ်းစင်ဖြင့်သွားရ၏။ သီလဝန် ဂုဏဝန်နှင့် ပြည်စုံတော်မူသော အာနန္ဒာမထေရ်၊ ဗောဓိမထေရ်တို့အားလည်း အရိုးအရွက်ရွှေသံလျင်း လှူတော်မူ၏။<ref>တွင်းသင်းမြန်မာရာဇဝင်သစ်-ပ၊ ၁၁၇။</ref>