ကန်တော်မင်းကျောင်းဆရာတော်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရှိပါသည် +ရှိသည်, -ခဲ့ပါသည် +ခဲ့သည်)
စာကြောင်း ၁၈ -
ကန်တော်မင်းကျောင်းဆရာတော်သည် လောကသာရပျို့၊ မေတ္တာစာနှင့် စေတီလှဘုရား ဝတ်မြေလှူကျောက်စာတို့ကို ရေးသားတော်မူသည်။ လောကသာရပျို့ကို မောင်းထောင်အမတ်ကြီးကမူ ရခိုင်ဆရာတော် ရေးသားသည်ဟု ဆို၏။ မုံရွေးဆရာတော်ကမူ အင်းဝ [[ပထမမင်းခေါင်]]လက်ထက် သျှင်မဟာဣန္ဒဂုတ္တစီရင်ကြောင်း မိန့်ဆိုသည်။ သို့ရာတွင် ကန်တော်မင်းကျောင်းဆရာတော် ရေးသားသော ပျို့နိဂုံး၌ -
<blockquote>
ကျင့်သုံးမှတ်ရာ၊ သင့်လှစွာကို၊ ပညာရှိသူ၊ မှတ်စိမ့်ဟူ၍၊ ဆုယူပတ္ထနာ၊ ကြိုက်ရာရှာသည်၊ ထင်စွာအကျော်၊ ကန်တော်မင်းကျောင်း၊ မြတ်နံ့လှောင်းသား၊ စုပေါင်းမဟာ၊သုပညာလျှင်၊</blockquote> ဟူသော အဖွဲ့က ဆရာတော်ရေးကြောင်း ခိုင်မာစေခဲ့ပါသည်။ခိုင်မာစေခဲ့သည်။ ဆရာတော်သည် မြင်စီးအရပ်၌ ရှိသော တောင်ပုထိုးဘုရားတွင် ရတနာရွှေစေတီကို ထုလုပ်လှူဒါန်းခဲ့သည်။ ထိုကုသိုလ်အတွက် ကျောက်စာရေးထိုးရာ၌ ဆရာတော်သည် မိမိ၏ဆန္ဒကို ဤသို့ ဖော်ပြခဲ့သည်။
 
<blockquote>ကန်တော်မင်းကျောင်းမည်သော မဟာထေရ်သည် သံသရာ၏ အစုကုန်၍ ဘုရားမြတ်စွာ မိတေယျာသည် သစ္စာလေးပါး တရားကို အောင်သောအခါ၍ ရဟန္တာဆုမြတ်ကို မငြိုမငြင် ရမြောက်ချင်ရကား သက္ကရာဇ် ၈၄၆-ခု မာဃနှစ် တပေါင်းလဆုတ် ၄-ရက် ၆- နေ့၊ မြင်းစီးအရပ်တွင် တောင်ပုထိုးဘုရားရှင်၏ အထံတော်၌ ဆန်းကြယ်စွာသော ရတနာရွှေစေတီကို တည်၏။</blockquote>
 
ဆရာတော်၏ အတ္ထုပ္ပတ္တိကို ဤမျှသာ တွေ့ရပြီး ဆရာတော် ပျံလွန်တော်မူသော သက္ကရာဇ်ကိုလည်း မတွေ့ရဘဲ ရှိပါသည်။ရှိသည်။
<ref> ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။ </ref>