မဟာဗန္ဓုလ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြေငြာ +ကြေညာ)
စာကြောင်း ၆၈ -
 
== ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆) ==
၁၈၂၂ အရောက်တွင် မဏိပူရ နှင့် အာသံ ကို အောင်နိုင်ခဲ့ခြင်းများသည် ဗြိတိသျှ အိန္ဒိယနှင့် အင်းဝ နေပြည်တော်တို့ အကြားရှိ ရှည်လျားသော နယ်နိမိတ်ကို ဖြစ်စေခဲ့သည်။ ကာလကတ္တား တွင် အခြေစိုက်သော ဗြိတိသျှတို့တွင် နယ်မြေဒေသအပေါ် ၌ ၎င်းတို့ကိုယ်ပိုင် အကြံအစည်များရှိပြီး မဏိပူရ၊ အာသံ နှင့် ရခိုင်တို့ရှိ ပုန်ကန်ထကြွသူများကို အားတက်သရော အထောက်အပံ့ပေးခဲ့ကြသည်။ [[ကာလကတ္တားမြို့|ကာလကတ္တား]] သည် ကချာ နှင့် ဂျိမ်းရှ တို့ကို ဗြိတိသျှထိန်းသိမ်းထားသော နိုင်ငံများဟု တစ်ဖက်သတ် ကြေငြာခဲ့ပြီးကြေညာခဲ့ပြီး တပ်များစေလွှတ်ခဲ့သည်။ ဗြိတိသျှပိုင်နက်များမှ လတ်တလောရရှိထား သည့်နယ်မြေများအတွင်းသို့ နယ်စပ်ဖြတ်ကျော်၍ စီးနင်းတိုက်ခိုက်ခြင်းများနှင့် ဩဇာလွှမ်းမိုးမှု စက် ဝန်းများသည် ဗမာများကို စိတ်ရှုပ်ထွေးစေခဲ့သည်။
စစ်ပွဲသည် ရှောင်လွဲ၍မရနိုင်ကြောင်း သေချာ ပြီးနောက်တွင် ဗန္ဓုလသည် ဗြိတိသျှကိုဆန့်ကျင်၍ ထိုးစစ်ဆင်နွှဲရန် မူဝါဒ၏ အဓိက ထောက်ခံသူ တစ်ဦးဖြစ်လာခဲ့သည်။ ဗန္ဓုလသည် ဘကြီးတော် နန်းတော် တွင် စစ်လိုလားသောအုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုအုပ်စုတွင် မိဖုရား မယ်နု နှင့် သူမ ၏အစ်ကို စလင်းမင်းသားကြီး တို့လည်း ပါဝင်သည်။ ပြတ်ပြတ်သားသား အောင်မြင် ခြင်း သည် အင်းဝ နေပြည်တော်ကြီးအား ၎င်း၏ အနောက်ဘက် အင်ပါယာ အသစ်တွင်တိုးလာ ခြင်းများကို အာရကန်၊ မဏိပူရ၊ အာသံ၊ ကချာ နှင့် ဂျိမ်းရှ တို့တွင် ခိုင်မာတောင့်တင်းရန်နှင့် ဘင်္ဂလား အရှေ့ပိုင်းကို သိမ်းပိုက်ရန် အခွင့် အရေးရှိနိုင်မည်ဖြစ်ကြောင်းကို ယုံကြည်ခဲ့သည်။