ရန္တပိုစာချုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရှိပါသည် +ရှိသည်)
စာကြောင်း ၃၉ -
မြန်မာတပ်များသာ စစ်တကောင်းသို့ ချီတက်မည် ဆိုပါလျှင် စစ်တကောင်း အရေးပိုင်၏ ဖြစ်သလို အမြန်အဆန် စုဆောင်းဖွဲ့စည်းထားသော တပ်များသည် စစ်တကောင်းမြို့ မကျအောင် ခုခံကာကွယ်နိုင်ဖွယ် မရှိချေ။ စစ်တကောင်းအနီးသို့ မြန်မာတပ်များ ရောက်လာပြီဆိုသည်နှင့် အရှေ့ပိုင်း ဘင်္ဂလားနယ် တစ်နယ်လုံး အုပ်မနိုင်ထိန်းမရ အထိတ်တလန့်ဖြစ်ကာ ဗြိတိသျှအစိုးရ၏ အစီအစဉ်များမှာ ပျက်ပြားသွားခဲ့ပေလိမ့်မည်။ အကယ်၍ မဟာဗန္ဓုလသာ မြန်မြန်ထက်ထက် ချီတက် တိုက်ခိုက်ခဲ့ပါမူ စစ်ပွဲအနေအထားမှာ ပြောင်းလဲသွားဖွယ် ရှိချေသည်။
 
မင်းကြီးမဟာသီဟသူရ၏ အစီအစဉ်အတိုင်း စစ်တကောင်းသို့ ချီတက်တိုက်ခိုက်ဖြစ်ခဲ့ပါလျှင် အင်္ဂလိပ် – မြန်မာ စစ်ပွဲ၏ ရလဒ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ကြောင်း ထိုစဉ်က ကိုယ်တိုင်ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များသာမက ခေတ်သစ် သမိုင်းပညာရှင်တို့ကပါ ယုံကြည်ကြပေသည်။ ဗြိတိသျှတို့သည် မူလ စစ်ရေး အစီအစဉ်အတိုင်း ရခိုင် ၊မဏိပူရဒေသတို့၌ စစ်တစ်မျက်နှာ ဖွင့်တိုက်နေစဉ် စစ်သည်ပေါင်း ၁၁၅ဝဝ ဖြင့် ဆာအာချီဘောကင်းဘဲလ်ကို ရန်ကုန်သို့ ရေကြောင်းဖြင့် ချီတက်စေသည်။ ဤရေကြောင်းချီတပ်များက မာန်အောင်ကျွန်း၊ မော်တင်ကျွန်းနှင့် ဟိုင်းကြီးကျွန်းတို့ကို သိမ်းပိုက်လိုက်ကြသည်။ ပန်းဝါသို့ မင်းကြီးမဟာသီဟသူရ ချီတက်တိုက်ခိုက်ရခြင်းမပြုမှီ မဟာဗန္ဓုလသည် “စစ်တကောင်း၊ ပန်းဝါအရောက် တိုက်ခိုက်အောင်မြင်သော်လည်း ကုလားတို့ ငြိမ်ဝပ်မည် မဟုတ်၊ ပင်လယ်ရေလမ်းသင့်ရာ ဟံသာဝတီ ရန်ကုန်မြို့ကို ထိပါး နှောင့်ယှက်ရန် ရှိပါသည်။ရှိသည်။ ဟံသာဝတီမြို့မှာ နှလုံးလက်ရုံးနှင့် ပြည့်စုံသူ မှူးကြီးမတ်ကြီးတို့ ရပ်နေမှ သင့်ပါမည့်အကြောင်း” ကြိုတင်၍ စစ်ကိုင်းမင်းထံ လျှောက်ထားလိုက်လေသည်။ ထိုလျှောက်ထားချက်အတိုင်း စစ်ကိုင်းမင်းက ဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်နှင့် ဝန်ကြီး သတိုးမဟာသေနာပတိ တို့ကို ၁၈၂၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်သို့ စုန်ဆင်းစေသည်။
 
၁၈၂၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဗြိတိသျှတပ်များ ရန်ကုန်သို့ ရောက်လာသောအခါ မြန်မာတို့ဘက်မှ မြို့စောင့်တပ်မျှသာ ရှိ၍ မြို့တွင်းမှ ဆုတ်ပေးခဲ့ရသည်။ ထို့နောက် မြန်မာတပ်များသည် ကြည်မြင့်တိုင်တွင် ခံတပ် အခိုင်အခံ့ဆောက်လုပ်ကာ စစ်ပြင်ဆင်ခဲ့ကြသည်။ ထိုစဉ်က စစ်မျက်နှာ၌ အရေးမလှဖြစ်နေ၍ မဟာဗန္ဓုလသည် အုပ်စီးမပျက် တပ်များကို ကွပ်ကဲ၍ ရုတ်ခြည်း ရောက်ရှိလာသောအခါ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့သည်။