အာခိလိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
 
စာကြောင်း ၆ -
 
== ငယ်ဘဝ ==
မာမစ်ဒန်ဘုရင် ပီးလိရပ်နှင့် ပင်လယ်စောင့်နတ် သဲတစ်တို့မှ အာခိလိ (သိမ်းပိုက်ချင်စွမ်းကြီးသူဟု အဓိပ္ပါယ်ရအဓိပ္ပာယ်ရ) ကို မွေးသည်။ ချောမောသော သဲတစ်ကို ဇုရော ပိုဆိုင်ဒန်ပါ အပြိုင်ပိုးကြသော်လည်း ဖခင်ထက်စွမ်းသောသား မွေးမည်ဟု ပရိုမီးသီးယပ်က ဟောသဖြင့် နှစ်ဦးလုံး လက်လျှော့သွားသည်။ သို့ဖြင့် သဲတစ်ကို ပီးလိရပ်နှင့် လက်ထပ်ပေးရန် ဇုက စီစဉ်လိုက်သည်။ အာခိလိမွေးသော် သဲတစ်က မသေသူဖြစ်စေရန် မရဏမြစ်၌ ရေနှစ်သည်။ သူ့လက်နှင့် ကိုင်ထားသည့် ဖနောင့်နှစ်ခုသာ ပျော့ကွက်ဟူ၍ ကျန်သည်။
 
သားဖြစ်သူ၏ အစွမ်းကို သိလို၍ ယခင်က ရန်စဟောင်းရှိသည့် ပီလီယွန်တောင်ရှိ အစွမ်းဆုံး [[စန်းတော|မနုအဿ]] ချီရွန်ကို အာခိလိအား ပီးလိရပ်က သွား၍ ဦးနှိမ်စေသည်။
 
== ထရိုဂျန်စစ်ပွဲ ==
တိုက်ပွဲသံကြားလျှင် အာခိလိ မနေနိုင်။ သားဖြစ်သူအတွက် စိတ်မအေးသော သဲတစ်က အာခိလိကို စကိုင်ရော့ပြည်သို့ ပို့ထားသည်။ စကိုင်ရော့ဘုရင် လိုင်ကော်မဒီ၏ သမီးများအကြားတွင် ဖိုင်ယာ (ဆံနီမလေးဟု အဓိပ္ပါယ်ရအဓိပ္ပာယ်ရ) အမည်ဖြင့် မိန်းမအသွင် ရုပ်ဖျက်နေသည်။ ထိုကာလတွင် သမီးတော် ဒိုင်ဒမီယာအား ကြံမိရာ နီယုတ်တိုလီမပ် ဟူသော သားတယောက် ရသည်။ သားဖြစ်သူကိုလည်း ဖိုင်ယပ် (ဆံနီကောင်လေးဟု အဓိပ္ပါယ်ရအဓိပ္ပာယ်ရ) ဟု ငယ်အမည် တွင်သည်။
 
အိုဒစ်ဆီယပ်ကို အာခိလိမကူလျှင် ထရွိုင်ကို သိမ်းနိုင်မည်မဟုတ်ဟု ရှေ့ဖြစ်ဟောဆရာ ကယ်ချာက ဟောသည်။ သို့ဖြစ်ရာ အိုဒစ်ဆီယပ်က အာခိလိကို ရှာပြီး တိုက်ပွဲအကြောင်း ပြောသည်။ သို့ဖြင့် ထရိုဂျန်စစ်ပွဲသို့ အာခိလိ ပါလာသည်။ မန်နီစသီယပ်၊ ယူဒိုရပ်၊ ပိုင်ဆန်ဒါ၊ ဖီးနစ်၊ အယ်စီမဒွန်တို့ ငါးဦးအား တဦးလျှင် လူ ၅၀၀ စီ အုပ်ချုပ်စေကာ သင်္ဘော (၅၀) နှင့် ထရွိုင်သို့ လာသည်။ အိုပက်ဘုရင် ပက်ထရိုကလပ်နှင့် လက်တွဲကာ တိုက်ပွဲဝင်သည်။