ငွေမြိုင်၊ မ၊ မြခြေချင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်, -ရပါသည် +ရသည်, -ခဲ့ပါသည် +ခဲ့သည်)
စာကြောင်း ၇ -
အငြိမ့်သမဘဝတွင် ၂နှစ်မျှသာနေပြီး ဇာတ်မင်းသမီးအဖြစ်နှင့် ဓာတ်ပြား လောက၌ပါ ထင်ရှားခဲ့သည်။ ထိုနောက် မငွေမြိုင်သည် [[မြန်မာညွန့် ဦးချစ်မောင်]]အား ဦးစီးဦးဆောင် ပြုစေ၍ လက်ထောက်မင်းသမီး အောင်မေလှိုင်၊ အုံးကြည် ၊ လူရွှင်တော် သော်ကတို့နှင့်အတူ ဇာတ်သဘင်လောကမှ အငြိမ့်သဘင် လောကသို့ ကူးပြောင်းခဲ့၍ ''မြခြေချင်း အငြိမ့်အဖွဲ့''ကို တည်ထောင်ကပြခဲ့သည်။ ထိုစဉ်က မငွေမြိုင်၏ ဝင်ငွေမှာ တစ်လ ၈ဝဝ ကျပ်မျှ ရှိခဲ့လေသည်။ အငြိမ့်ဟု ခေါ်ရငြားသော်လည်း မငွေမြိုင်သည် ဇာတ်ဆန်ဆန် ဇာတ်လမ်းရှည်များခင်း၍ အငြိမ့်ကို မိုးလင်းသည်အထိ ကပြလေ့ရှိသည်။ မငွေမြိုင် ကပြခဲ့သည့် ဇာတ်များအနက် ထိုခေတ်က ပရိသတ် အကြိုက်ဆုံးမှာ ရွှေရိုးဇာတ်ဖြစ်သည်။ မငွေမြိုင်သီဆိုခဲ့သည့် သီချင်းများအနက် ပရိသတ်များအလွန်စွဲမက်၍ ကျော်ကြားခဲ့သော သီချင်းဆန်းများမှာ [[နန်းတော်ရှေ့ဆရာတင်]] ရေးသား စီကုံးသော '' မိန်းမမင်းတိုင်ပင်'' သီချင်း၊ ''စန္ဒကူးမြိုင်'' သီချင်းနှင့် '' ဦးထွန်းရှိန်'' သီချင်းတို့ပင် ဖြစ်သည်။ ထိုပြင် ''အောင်ပင်လယ်တောထဲက ရွှေကျီးညို ငွေမြိုင်လာယင် ဆီးလို့ကြို''အစရှိသည့် ရွှေကျီးညို သီချင်းကား ထိုစဉ်က မြန်မာပြည်ထက်အောက်တစ်လွှား လူတိုင်း၏ပါးစပ်ဖျား၌ ခေတ်စားခဲ့သော မငွေမြိုင်၏ ကာလပေါ် သီချင်းဆန်းပင်ဖြစ်လေသည်။ ခရစ် ၁၉၂၇ ခုနှစ် ဒါဘာပွဲ၌ မငွေမြိုင်သည် ဘုရင်ခံ၏ ရွှေတံဆိပ်နှင့် နာမည်ကောင်းလက်မှတ် ခြီးမြှင့်ခြင်းကိုခံရသည်။ မငွေမြိုင်သည် အသက် ၄ဝ အရွယ်ထိ မင်းသမီးအဖြစ် ကပြခဲ့သည်။ အသက် ၄ဝ ကျော် လာသောအခါ၌ ကခုန်ခြင်းမှ အနားယူကာ ဇာတ်ထောင်ခြင်း၊ မင်းသား မင်းသမီးများမွေး၍ သဘင်ပညာ သင်ပေးခြင်းတို့ကို ဒုတိယ ကမ္ဘာစစ်ဖြစ်၍ မြန်မာနိုင်ငံသို့ ဂျပန်များဝင်ရောက်လာသည်အထိ ဆောင်ရွက်ခဲ့၏။
မငွေမြိုင်သည် နာမည်ကျော်ဇာတ်မင်းသား [[အလင်္ကာကျော်စွာ]]ဘွဲ့ရ [[ရွှေမန်းတင်မောင်]]၏ ငယ်ဆရာဖြစ်ဖူးသည်။ စစ်ပြီးခေတ်၌ မငွေမြိုင်သည် ရွှေမန်းချစ်တင်ဇာတ်ကို ခေတ္တထောင်သေး၏။ ထို့နောက် သဘင်ဂီတ၊ ကခုန်ခြင်း လုပ်ငန်းများအားလုံးကို ရပ်စဲ၍ [[နဂါးဆေးလိပ်]] ကိုယ်စားလှယ်အဖြစ် မန္တလေးမြို့ ရှမ်းပွဲရပ်၌ နေထိုင်ခဲ့သည်။ ''မြခြေချင်း'' ဟူသောအမည်ကို တပ်ယူခဲ့ခြင်းမှာ အဓိပ္ပါယ်ထူးအဓိပ္ပာယ်ထူး မရှိခဲ့ဟု သိရလေသည်။ သို့သော် မြခြေချင်းကို အားကျအတုယူ၍ မိမိတို့ အမည်ရင်းရှေ့မှ ''စိန်ခြေချင်း''''ရွှေခြေချင်း'' အစရှိသော အမည်များကို ယူခဲ့ကြသော မင်းသမီးများ ပေါ်ပေါက်ခဲ့ဘူးလေသည်။ မငွေမြိုင်သည် ၁၃၂၁-ခုနှစ် တော်သလင်း လပြည့်ကျော် ၄ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်လေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
အသက်၆၄ နှစ်အရွယ် ကွယ်လွန်သော်လည်း သားသမီး မထွန်းကားဘဲ မွေးစားသားနှင့် သမီး (မောင်မောင် နှင့် စိန်စိန်) ဟူ၍ရှိသည်ဟု လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာ စာအုပ်တွက် ဓာတ်ပုံတွေ့ရပါသည်။ဓာတ်ပုံတွေ့ရသည်။
 
မြခြေချင်း မငွေမြိုင်သီဆိုသည့် သီချင်းများကို ရန်ကုန်မှ အရှေ့ပိုင်းဆရာချစ်၊ ရုပ်သေးမင်းသား ဆရာကြည်၊ [[သခင်တင် (ဝိုင်အမ်ဘီ)|ဝိုင်အမ်ဘီ ဆရာတင်]] နှင့် နန်းတော်ရှေ့ ဆရာတင်တို့က ရေးစပ်ပေးကြ၍ နန်းတော်ရှေ့ ဆရာတင်၏ သီချင်းများက အများစုဟန်ရှိသည်။ နန်းတော်ရှေ့ ဆရာတင် ရေးသားသည့် ရွှေကျီးညိုသီချင်းမှာ အလွန်နာမည်ကျော်၍ ဓာတ်ပြားသွင်းကာ ရောင်းမလောက်အောင်စွံပြီး တစ်နိုင်ငံလုံးပျံ့နှံ့ သီဆိုခဲ့ကြသည်။ အောင်ပင်လယ် သီချင်း၊ ဝိုင်အမ်ဘီရေးသည့် အာကာသဇိုးသီချင်း၊ နန်းတော်ရှေ့၏ စန္ဒကူးမြိုင်သီချင်းတို့မှာလည်း အလွန်ကျော်ကြားခဲ့ပါသည်။အလွန်ကျော်ကြားခဲ့သည်။ မြခြေချင်း မငွေမြိုင်မှာ အသက် ၁၅ နှစ် ၁၆ နှစ်မှစ၍ မန္တလေးမြို့ ရှမ်းပွဲရပ်တွင် နေထိုင်ခဲ့သည်။ <ref>လူထုဒေါ်အမာ ရေးသားသော ပြည်သူချစ်သော အနုပညာသည်များ စာအုပ်</ref>
 
== ကိုးကား ==