ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဟု၍ +ဟူ၍)
စာကြောင်း ၂၁ -
ရွှေတိဂုံဘုရားအနီးရှိ သိမ်တော်ကြီးကို ဆောက်နေဆဲကာလ၌ ရဟန္တာတစ်ပါး ပျံလွန်တော်မူသဖြင့် သံလျင်မင်းသည် စိတ်ငယ်အားလျော့ပြီးလျှင် ဆူးလေစေတီကို တည်ရန် ကိစ္စတွင် အသုတ်အမည်ရှိ မိမိ၏အမတ်ကြီးကို တာဝန်လွှဲတော်မူသည်။ အသုတ်အမတ်ကြီးဦးစီး၍ တည်ခြင်းကြောင့် စေတီ၏ ဘွဲ့မည်မှာ ကျိုက်အသုတ်ဟု တွင်သည်။ ထိုစေတီကိုပင် ယခုအခါ ဆူးလေစေတီဟုခေါ်ကြသည်။' ကျိုက်အသုတ် ဟူသောအမည်ကို မွန်ဘုရင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၌ ဟံသာဝတီမင်း ဆင်ဖြူရှင်အမည်ခံ ဗညားဦးသည် ဒဂုံဆံတော် ရှင်သို့ ဖူးမြင်ပူဇော်ရန်လာသော် 'အသုတ်ဘုရားရှင် ပြာဋိတ်ပြ တော်မူ၏'ဟူ၍၎င်း၊ ဗညားနွဲ့သည် ခမည်းတော်ဗညားဦးကို ပုန်ကန်၍ ဒဂုံသို့ထွက် ပြေးခိုဝင်လာသော် 'ကျိုက်အသုတ် ဘုရားနှင့် ပါရမီဘုရားအကြားတွင် တိုင်ပင်ပွဲရုံး တည်ဆောက်၏။'ဟူ၍၎င်း တွေ့ရ၏။ ထို့နောက်တစ်ဖန် ဟံသာဝတီဘုရင်မ ရှင်စောပုသည် ဒဂုံစေတီတော်ကို ရွှေချပြီးနောက် ကျိုက်အသုတ်စေတီကိုလည်း ထပ်မံ ပြုပြင်ချဲ့ထွင်တော်မူခဲ့သည်ဟု တွေ့ရှိရပြန်သည်။ ကျိုက်အသုတ်စေတီ၏ တည်နေရာကို သမိုင်းအထောက်အထားများနှင့် ချိန်ထိုးကြည့်သောအခါ ယခုဆူးလေ စေတီပင်လျှင်၊ ရှေးက ကျိုက်အသုတ်စေတီဖြစ်ခဲ့ ကြောင်းကို သိရသည်။ သို့ဖြစ်လေရာ ကျိုက်အသုတ်စေတီမှ အဘယ်ပုံအဘယ်နည်းဖြင့် ဆူးလေစေတီဟူသောအမည်သို့ ပြောင်းလဲလာသည်ကို ဆင်ခြင်ကောက် ယူရမည်ဖြစ်၏။ အချို့က ရွှေတိဂုံသမိုင်းတွင် ဆက်စပ်ဖော်ပြထားသည့် အတိုင်း စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာသည်ဟု ဆို၏။ စေတီတော်၏ တည်နေရာမှာ ထိုခေတ်က မွန်တို့ဒေသဖြစ်သဖြင့် မြန်မာအမည်ဖြင့် စတင်ခေါ်ဝေါ်ခဲ့မည်မဟုတ်ကြောင်း သိသာသည်။ စေတီတော်ဝန်းကျင်တွင် ဆူးလေပင်များ ပေါက်ရောက်နေသဖြင့် ဆူးလေစေတီတော်ဟု ထင်ရှားကြောင်း အချို့ကလည်း ဆိုကြသည်။<ref>{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၁၂|date=ဒီဇင်ဘာ ၂၀၁၃}}</ref>
 
အချို့က 'ဆူးလေ'ဟူသည်မှာ မွန်စကား 'စဲလေဟ်' (မြေး လည်းကောင်း) ဟူသောစကားမှ ဆင်းသက်လာသည် ဟူ၍၎င်း၊ 'ဇူလေ'ဟူသော မွန်စကား (နားနေရန်၎င်း)မှ ကူးပြောင်းလာသည် ဟု၍၎င်းဟူ၍၎င်း အဆိုရှိသည်။ ထိုစကား ၂ မျိုးလုံး ပင် လက်ခံနိုင်ဘွယ်မရှိချေ။ အချို့ကလည်း ကျိုက် အသုတ်စေတီတော်သည် ရှေးအခါက မင်းပြောင်းမင်းလွှဲ ခေတ်အမျိုးမျိုးနှင့် ကြုံခဲ့ရသဖြင့် ပြုပြင်ဂရုစိုက်မည့်သူမရှိဘဲ ဆူးလေပင်များ ဝန်းရံဖုံးကွယ်နေသည်ကို နောင်အခါတွင် မြန်မာတို့က ထိုဒေသကို ဆူးလေကုန်း၊ ထိုစေတီကို ဆူးလေစေတီဟု ခေါ်တွင်ကြောင်းယူဆကြသည်။ အချို့ကလည်း ပါဠိ စကား စူဠ(ငယ်သော)မှ ဆင်းသက်လာသည်။ ရွှေတိဂုံဘုရားထက်ငယ် သဖြင့် စူဠစေတီဟု မူလက ခေါ်ဝေါ်ခဲ့ဟန်ရှိသည်ဟု ထင်မြင်ကြသည်။ သို့သော် စူဠဟူသော ပါဠိမှာ ဆံတော်အနက်ကိုလည်း ရသည်။ မူလဘွဲ့တော် ကျိုက်အသုတ်တွင်လည်း အသုတ်ဟူသော မွန်စကားသည် ဆံတော်ကိုပင်ဆို၏။ ထိုကြောင့် စူဠစေတီ (ဆံတော်စေတီ)မှ ဆူးလေစေတီဖြစ်လာသည်ဟု ကောက်ယူ နိုင်ပေသည်။
 
== တည်ဆောက်ပုံ ==