ဖိုးစိန်၊ ဦး (ဂရိတ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။, -သည် ။ +သည်။)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြော်ညာ +ကြော်ငြာ)
စာကြောင်း ၃၀ -
 
ဇာတ်သဘင်လောကတွင် ဦးဘိုးစိန်သည် ဇာတ်ဆောင်လှုပ်ရှားမှု၊ သီချင်းအဆိုအက၊ အပြော၊ ဇာတ်ခန်း၊ ဇာတ်ကွက်၊ အဆင်အပြင်၊ မီးအယူအဆ စသည်ဖြင့် အများအပြား တီထွင်ခဲ့သဖြင့် ဦးဘိုးစိန်အား သဘင့် ဥသျှောင်အဖြစ် ဥဒေါန်းတွင်စေသည်။ နာမည်ကျော် ဇာတ်မင်းသားကြီးများ ဖြစ်ကြသော ဦးစိန်အုပ်၊ အီနောင် ဦးစံတုပ်၊ ဦးစိန်ကတုံးတို့နှင့် အပြိုင်ကရသည့်ကြားမှပင် ဦးဘိုးစိန်၏ နာမည်မသေဘဲ ကျော်သည်ထက် ကျော်လာခြင်းမှာ ဦးဘိုးစိန်သည် အမျိုးသား အနု
ပညာကို ထိန်းရုံမက နယ်ကျယ်အောင် တိုးချဲ့နိုင်သူ ဖြစ်ခြင်းကြောင့်ဟု ဆိုရပေမည်။ သဘင်သည် ကလေးများသည် ဦးဘိုးစိန် ကပြီးသော ဇာတ်ထုပ် ဇာတ်ကွက် ငိုချင်းများကို ရိုသေစွာ လာရောက် တောင်းယူကာ၊ မိမိတို့မြို့ရွာရောက်သောအခါ ကိုဘိုးစိန် ကပြသော မည်သည့်ဇာတ်ကို ယနေ့ကမည် ဟု ကြော်ညာလိုက်လျှင်ကြော်ငြာလိုက်လျှင် ရုံလျှံအောင် စည်လှသည်ဟု ဆိုကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>
 
မြန်မာ့သဘင်လောက၌ သရဖူဖြစ်ခဲ့သော် ဦးဘိုးစိန်သည် မြန်မာပြည်တွင် အဘယ်မျှရေပန်းစားခဲ့ကြောင်း သက်သေပြချက်တစ်ခုမှာ သူနေထိုင်ခဲ့ရာ တာမွေလမ်းကို ဘိုးစိန်လမ်းအဖြစ် နာမည်တွင်သွားခဲ့ခြင်းပင်ဖြစ်သည်။ ရုပ်ရည်ချောမောလှပခါ အချိုးအဆစ်ကျသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဦးဘိုးစိန်သည် အဆိုကောင်း ၊ အကကောင်း ၊ အပြောကောင်း စသည်ဖြင့် ဘက်စုံထူးချွန်သူ တဦးဖြစ်သည်။ သူသည် ရိုးရာမြန်မာအကကို ကျွမ်းကျင်နိုင်နင်းသည်နှင့် အားမရ ၊ ကနည်း ကကွက် အသစ်အဆန်း တို့ကို တီထွင်နိုင်ရန် ရောက်လေရာတွင် အမြဲလေ့လာတတ်သူ ဖြစ်သည်။