စန္ဒရား: တည်းဖြတ်မှု မူကွဲများ

→‎မြန်မာ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထားပါသည် +ထားသည်)
စာကြောင်း ၇၉ -
စီရင်ရေးသားသော ဦးကုလား၏ မဟာရာဇဝင်ကြီးတွင် 'အငြိမ့် မျိုး ၆ ပါးဟူသည် ကား၊ စောင်းလည်းတစ်ပါး၊ ငြင်းလည်း တစ်ပါး၊ [[မိကျောင်း(တူရိယာ)|မိကျောင်း]]လည်း တစ်ပါး၊ အောင်းကလေးလည်း တစ်ပါး၊ စန္ဒရားလည်း တစ်ပါး၊ တရောလည်းတစ်ပါး၊ ဤ ခြောက်ပါးတည်း'ဟူ၍ ဖော်ပြထား၏။ စန္ဒရားကို အစောဆုံး ဖော်ပြထားသည့် အထောက်အထားဖြစ်ပေသည်။ သို့သော် ဦးကုလားရာဇဝင်ကို အခြေခံပြု၍ ချဲ့ထွင်ရေးသား အပ်သော မှန်နန်းရာဇဝင်တော်ကြီး၌မူ၊ စန္ဒရား၏နေရာတွင် ပတ္တလားကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရလေသည်။ ထို့ပြင် [[မာဃဒေဝလင်္ကာသစ်]]၌လည်း 'စောင်းငြင်း၊ မိကျောင်း၊ အောင်းပတ္တလား၊ တရောအားဖြင့် ခြောက်ပါးငြိမ့်မျိုး'ဟူ၍ အငြိမ့်မျိုး ခြောက်ပါးတွင် စန္ဒရားနေရာ၌ ပတ္တလားကို ထည့်သွင်းစပ်ဆိုထားသည်ကိုတွေ့ရ၏။ သို့ရာတွင် မြန်မာသက္ကရာဇ် ၁⁠၁၆ဝ ပြည့်နှစ်တွင် စပ်ဆိုသော [[ထွန်းညို၊ ဦး၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ|တွင်းသင်းမင်းကြီး]]၏ ဝေဿန္တရာပျို့၌ သားတော် ဝေဿန္တရာမင်းသားကို ပြန်လည်ခေါ်ဆောင်ရန်အတွက် စေတုတ္ထရာပြည်မှ ဝင်္ကပါ တောင်သို့ ဆိုက်အောင် ပွဲလမ်းသဘင်များစီရင်စေခန်းတွင် 'စောင်းငြင်းမိကျောင်း၊ အောင်ကလေးကျော်၊ သံငေါ်လက်ခုပ်၊ စည်းဆုပ်ပတ္တလား၊ စန္ဒရားတို့၊ ထွေပြားရေးရာ၊ တေးတျာအေးမြတ်၊ ငြိမ်သက် သီးသီး၊ နားမငြီးအောင်၊ မှုတ်တီးလိုက်လား၊ အငြိမ့်သားသည်၊ သံထားညင်းညင်း ပွန်စေတုံ'ဟူ၍ အငြိမ့်သားတို့ တီးမှုတ်ရမည့် တူရိယာတွင် ပတ္တလားနှင့် စန္ဒရားနှစ်မျိုးလုံးကို ထည့်သွင်း ရေးစပ်ဖော်ပြထားသည်ကို တွေ့ရ ပြန်သည်။ ယင်းသို့သော တွေ့ရှိရချက်တို့ကြောင့် မြန်မာနိုင်ငံတွင် ရှေးအခါကပင် စန္ဒရားဟုခေါ်သော တူရိယာတစ်မျိုးရှိခဲ့ပေမည်ဟု ယူဆရ၏။
 
သို့သော် ထိုခေတ်က စန္ဒရားခေါ်သော တူရိယာ၏ ပုံသဏ္ဌာန်ကို အတိအကျမသိရပေ။ ထိုစန္ဒရားခေါ်သော တူရိယာသည် ယခုခေတ်တွင် စန္ဒရားဟူ၍ ခေါ်နေကြသည့် ပီယာနိုများမှာ သိုးဆောင်းသံစဉ်ဖြင့် ပြုလုပ်ထားသော တူရိယာများဖြစ်သည်။ ပီယာနိုဖိုတီတူရိယာသည် မြန်မာပြည်သို့ ခရစ် ၁၈၇၂ ခုနှစ်၊ မင်းတုန်းမင်းတရားလက်ထက်က အီတာလျံသံများ လက်ဆောင်ပဏ္ဏာအဖြစ် ယူဆောင်လာ၍ ရှေးဦးစွာရောက်ရှိလာသည်ဟုဆိုသည်။ "ခရစ်နှစ်-၁၂၃၅ ခုနှစ်ထိုး မင်းဆရာ ပိတရစ် ကျောက်စာတွင် သိခြင်သည်(သီချင်းသည်)၊ စန္ဒြသည်(စန္ဒရားသည်) စသည်ဖြင့် ရေးထိုးထားပါသည်။ရေးထိုးထားသည်။" <ref>မြန်မာ့ဂီတသမိုင်းကြောင်း၊ တင်နိုင်တိုး၊ ဒေးလီးအလဲဗင်း နေ့စဉ် (၁.၇.၂၀၁၄)</ref>
 
ထိုအခါက နန်းတွင်းဂီတပညာသည်များမှ ပတ္တလားဆရာ ဆရာညွှန့်သည် ပီယာနိုဖိုတီ၏ သံစဉ်သဘောကို စမ်းသပ်လေ့လာပြီးလျှင် ပတ္တလားလက်ကွက်အတိုင်းညှိကာ မြန်မာသီချင်းတီး၍ ရွှေနားတော်သွင်းခဲ့သည်ဟု သိရပေသည်။ မည်သို့ပင်ဖြစ်စေ၊ မြန်မာပြည်နှင့် ဥရောပတိုက် အဆက်အသွယ်များလာသော အနောက်ခေတ်တွင် စန္ဒရားများကို ငွေကြေးတတ်နိုင်သူ မြန်မာဂီတပညာရှင်တို့လည်း ဝယ်ယူသုံးစွဲလာခဲ့ကြရာ၊ ထိုတူရိယာ၏ သဘောအမှန်ကို တွေ့ရှိလာကြသဖြင့် စန္ဒရားတီး၍ ကျော်ကြားသူများပင် ပေါ်ပေါက်လာခဲ့ပေသည်။ မြန်မာလူမျိုးထဲမှ ရှေးဦးစွာ စန္ဒရားဝယ်၍ တီးခဲ့သူမှာ ဦးဧမောင် ဆိုသူဖြစ်၍၊ ထို့နောက်တွင် စန္ဒရားဆရာမောင်၊ စန္ဒရားဘအုန်း စန္ဒရားမမကြီး၊