ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန: တည်းဖြတ်မှု မူကွဲများ

cleanup
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ခဲ့ပါသည် +ခဲ့သည်)
 
စာကြောင်း ၁၁ -
 
== နောက်ခံသမိုင်း ==
ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်တွင် သတင်းနှင့်ဝါဒဖြန့်ချိရေးဌာနခွဲအဖြစ် ဖွင့်လှစ်ခဲ့သည်။ ယင်းဌာနခွဲကိုကိုလိုနီခေတ် ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေးဌာနငယ်အဖြစ် ဖွဲ့စည်း ခဲ့ပါသည်။ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ပြည်သူ့ဆက်ဆံရေးဌာနကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိခဲ့သည်။ ၁၉၄၇ ခုနစ်တွင် ပြန်ကြားရေးဌာနနှင့် အသံလွှင့်ဌာနဟူ၍ သီးခြားဖွဲ့စည်းခဲ့သည်။ ပြန်ကြားရေးဌာနလက်အောက်တွင် သတင်းဌာနခွဲ၊ ပြည်သူ့ဆက်ဆံရေးဌာနခွဲ၊ စာအုပ်စာတမ်း ထုတ်ဝေရေးဌာနခွဲ၊ ဓာတ်ပုံဌာနစိတ်၊ သုတေသနဌာနစိတ်၊ ဖြန့်ချိရေး ဌာနစိတ် ဟူ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
 
၁၉၅၄ ခုနှစ်တွင် ရန်ကုန်စာဖတ်ခန်းနှင့် တွဲလျက် ကလေးစာဖတ်ခန်းကိုဖွင့်လှစ်ခဲ့သည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ပြန်ကြားရေးဌာနခွဲရှိပြည်သူ့ ဆက်ဆံရေး အရာရှိများ၏ လုပ်ငန်းတာဝန်ကိုပြန်လည်သတ်မှတ်ပြီးခရိုင်နှင့် ခရိုင်ခွဲများတွင် ရုံးများ စနစ်တကျဖွဲ့စည်းကာ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ ခရိုင်ပြည်သူ့ဆက်ဆံရေးအရာရှိနှင့် ခရိုင်ခွဲ လက်ထောက်ပြည်သူ့ ဆက်ဆံရေး အရာရှိများသည် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံရေး နှင့်လက်တွဲ၍ နိုင်ငံတော်အစိုးရ၏ ဝါဒသဘောထားများ၊ ဆောင်ရွက်ချက် များ၊ ပြည်တွင်းငြိမ်ဝပ်ပိပြားရေး၊ ပြည်သူတို့၏စိတ်ဓာတ်တက်ကြွခိုင်မာရေး စသည့် ပြန်ကြားရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။