ဆလုံလူမျိုး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပါဝင်ပါသည် +ပါဝင်သည်, -တူပါသည် +တူသည်, -ခဲ့ပါသည် +ခဲ့သည်, -လုပ်ပါသည် +လုပ်သည်, -ရှိပါသည် +ရှိသည်, -ရပါသည် +ရသည်, -စေပါသည် +စေသည်) |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လာပါသည် +လာသည်, -ဆို ပါသည် +ဆိုသည်, -သွားပါသည် +သွားသည်) |
||
စာကြောင်း ၄၁ -
ဆလုံ တိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ် မျှော့ငုပ်ခြင်း၊ ကနုကမာ ရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနှင့်ပါတ်သက်သော လုပ်ငန်း အဝဝကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်သည်။ ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူး ပါသည်။ ယခုအခါ ခေတ်မီလာသော ဆလုံတို့မှာ ရေငုပ်မျက်မှန် အကောင်းစားနှင့် အောက်စီဂျင် အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်သည်။
ကျွန်တော် တွေ့ခဲ့သော ဆလုံ တိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀) နှစ်ခန့်တွင် ရေနှင့် ပါတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့် မျက်စိရှေ့တွင်ပင် (၁၀)နှစ်သားခန့် ရှိသော ဆလုံ ယောက်ျားလေးမှာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅)ပေခန့် နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်း လိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာသော အခါ လက်ထဲတွင် (၂)ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင်
== ထိမ်းမြားလက်ထပ်ခြင်း ==
ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစကလေး အတွက် နတ်ဆရာနှင့် နတ်ကိုးကွယ် ကြသည်။ သေဆုံးသွား လျှင်လည်း သေဆုံးသူ ကောင်းရာ မွန်ရာ ရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလှျင် လင်မယား အရာမြောက် သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသား တို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့် အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိသည်။ အမျိုးသား တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံသွား၍ တောင်းရမ်းရသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာများကို စီမံပြင်ဆင်ကြ ပါသည်။
သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူ အသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်သည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့ စားထ ရှိသည်။ မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စုတစ်ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေး ကိုယ်တာ အလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြ ပါသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာ ပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု
ဆလုံ တိုင်းရင်းသားတို့သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်သည်။ သူတို့ လောကတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝ အဆက်အသွယ် မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြ ပါသည်။ သူတို့သည် အိမ်ထောင်ကျသော အခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေသည်။
ဆလုံရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင် လာသည်ဟု ဆိုကာ
== တစ္ဆေကြီးပွဲ ==
|