ပုပ္ပါးတောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နိုင်ပါသည် +နိုင်သည်, -ရှိပါသည် +ရှိသည်, -တူပါသည် +တူသည်, -ခဲ့ပါသည် +ခဲ့သည်, -ရပါသည် +ရသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လာပါသည် +လာသည်)
စာကြောင်း ၁၅၀ -
ပုဂံသည် အနိရုဒ္ဓလက်ထက်၌ ထေရဝါဒဗုဒ္ဓသာသနာ ရောက်ရှိလာခဲ့ပြီးနောက် ပုဂံပြည်သူတရပ်လုံး ဗုဒ္ဓသာသနာ သက်ဝင်ယုံကြည်လာကြသည်ဟုဆိုသည်။ ပုဂံရှိ ဘုရားပုထိုး စေတီတို့ကလည်း ပြည်သူတရပ်လုံး ဗုဒ္ဓ၏ အဆုံးအမ၌ တည်နေကြပြီ ဖြစ်ကြောင်း သက်သေပြနေဘိသို့ ရှိသည်။ သို့သော် ပုပ္ပားနှင့် သက်ဆိုင်လာသော အခါ၌မူ သာသနာ မရောက်မီကရှိခဲ့သော နတ်ယုံကြည်မှုဓလေ့သည် မင်းနှင့်တကွ ပြည်သူတို့ကြားတွင် ပြန်လည် ပေါ်ပေါက်ခဲ့ဟန် ရှိသည်။ စင်စစ်မူ မင်းတိုင်းကား ဤသို့မဟုတ်ဟု ထင်ပါသည်။ ရာဇဝင်ဆရာက ပုဂံမင်းနှင့် ပုပ္ပားနတ်တို့ကို တွဲ၍ပြခဲ့သော အရေအတွက်မှာ အနည်းငယ်မျှသာ ရှိခဲ့သည်။
 
ဤတွင် ကျန်စစ်သားဟု အသိများသော ထီးလိုင်ရှင်ကို မဟာဂီရိနတ်နှင့် စကားပြောသူအဖြစ် တခမ်းတနား ဖော်ပြပေးခဲ့သည်။ ပုပ္ပား စောရဟန်းနှင့်တုန်းက မင်းမျိုးမဟုတ်၍ စကားမပြောချင်ဟုဆိုသောနတ်သည် ကျန်စစ်သားမင်းနှင့်မူ စကားဆို ပြန်သောကြောင့် ယင်းကို မင်းမျိုးဟု သတ်မှတ်စေလို၍ပေလော တွေးဆဖွယ် ဖြစ်လာပါသည်။ဖြစ်လာသည်။ မဟာဂီရိသည် ကျန်စစ်သားကို ဒုက္ခအပေါင်းမှ အကြိမ်ကြိမ်ကယ်ခဲ့သည့် နတ်ဖြစ်သည်။ ထိုဖော်ပြချက်က ကျန်စစ်သားမင်းကို ဘုန်းတန်ခိုးကြီးကြောင်း ပေါ်လွင်စေလို၍၊ သို့မဟုတ် မင်းမဟာဂီရိနတ်ကို လူတို့က ပိုမိုပူဇော် ပသလာစေလို၍ ဖြစ်မည်ထင်ပါသည်။
 
ယင်းတို့နှစ်ဦးသည် ရှေးက ရှင်အရဟံနှင့်အတူ ဆုတောင်းဖက်များဟုဆိုခဲ့သည်။ ဤသည်မှာ ရာဇဝင်ဆရာတို့က အကြောင်းတခုကြောင့် ကျန်စစ်သားကို မျက်နှာလိုက်ခြင်းပေလော တွေးဆဖွယ်ဖြစ်သည်။ စည်သူ (၁ ) လက်ထက်တွင် မဟာဂီရိနတ်သည် ပို၍ပင် ကြီးကျယ်လာခဲ့တော့သည်။ အကြောင်းမှာ ယင်းသည် စည်သူ (၁) ၏ ဆရာလေးဦး စာရင်းတွင် အပါအဝင် ဖြစ်လာသောကြောင့်တည်း။ ထိုစည်သူ (၁) ၏ ဆရာများမှာ ရှင်အရဟံ၊ စိမ်းညက်မင်း သားတော် မဟာထေရ်၊ ရှင်အာနန္ဒာနှင့် မင်းမဟာဂီရိ တို့ဖြစ်သည် (ကုလား၊ပ၊ ၂၂၁) ။ ဤတွင် မင်းမဟာဂီရိကို ရဟန်း သံဃာတော်များနှင့် တတန်းတစားတည်း ထားဘိသကဲ့သို့ ရှိတော့သည်။ မည်သို့ပင်ဖြစ်စေ ပုဂံခေတ်တွင် (ကျောက်စာတို့၌ မတွေ့ရှိရသော်လည်း) နတ်ကိုးကွယ်မှုသည် ယုတ်လျော့သွားခဲ့သည်မရှိဘဲ သာသနာ မရောက်မီကကဲ့သို့ပင် အားကောင်းဆဲဟူ၍သာ ဆိုရမည်ဖြစ်သည်။