ကုန်းတွင်းပိတ်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက်ရှိ +လျက် ရှိ, -ဆိုပါသည် +ဆိုသည်)
စာကြောင်း ၁ -
ကုန်းတွင်းပိတ်နိုင်ငံဟူသည်မှာ [[ပင်လယ်ကမ်းစပ်]]နှင့်နယ်မြေမထိစပ်ပဲ [[ကုန်းမြေ]]အတွင်းပိတ်နေသော (သို့မဟုတ်) [[ကုန်းတွင်းပိတ်ပင်လယ်]]နှင့်သာ နယ်မြေထိစပ်နေသော တိုင်းပြည်ကို ဆိုလိုသည်။ ကမ္ဘာပေါ်တွင် ကုန်းတွင်းပိတ်နိုင်ငံ စုစုပေါင်း (၄၇)နိုင်ငံရှိသည်။ [[မြောက်အမေရိကတိုက်]]၊ [[ဩစတြေးလျတိုက်]]နှင့် လူနေထိုင်မှုမရှိသော [[အန္တာတိကတိုက်]] တို့တွင် ကုန်းတွင်းပိတ်နိုင်ငံ မရှိပေ။
 
[[ကမ္ဘာ့ကုလသမဂ္ဂ]] ပင်လယ်ဆိုင်ရာသဘောတူညီချက်ဥပဒေများအရ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုအား ဆက်စပ်နိုင်ငံနယ်မြေတစ်ခုမှတစ်ဆင့် ပင်လယ်ကမ်းရိုးတန်းဆီသို့ အခွန်မဲ့ ကုန်စည်သယ်ယူပို့ဆောင်ခွင့် ပေးထားသည်။ ကုလသမဂ္ဂမှ ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲနိုင်ငံများအား ကူညီရန်အတွက် အထွေထွေအတွင်းရေးမှူးချုပ်၏ ကွပ်ကဲမှုအောက်တွင် အစီအစဉ်တစ်ခု ချမှတ်ဆောင်ရွက်လျှက်ရှိသည်။ချမှတ်ဆောင်ရွက်လျက် ရှိသည်။ လက်ရှိတာဝန်ရှိသူမှာ Anwarul Karim Chowdhury ဖြစ်သည်။ အချို့သောတိုင်းပြည်များသည် လွန်စွာရှည်လျားသော ကမ်းရိုးတန်းများ ပိုင်ဆိုင်ကြသော်လည်း ကုန်သွယ်ရေးအတွက် အသုံးပြု၍ မရနိုင်ပေ။ ဥပမာအားဖြင့် သမိုင်းကြောင်းအရ [[ရုရှားနိုင်ငံ]]သည် [[အာတိတ် သမုဒ္ဒရာ]]ဖက်တွင်သာ [[ဆိပ်ကမ်း]]တည်ဆောက်နိုင်ပြီး ရေခဲနေမှုကြောင့် တစ်နှစ်လျှင် လပေါင်းများစွာ အသုံးမပြုနိုင်ပဲ ပိတ်ထားရသည်။ သို့ဖြစ်၍ [[ပင်လယ်ကမ်းရိုးတန်း]] ပိုင်ဆိုင်လိုမှုသည် ရုရှား၏ [[ဘောလ်တစ်ပင်လယ်]]၊ [[ပင်လယ်နက်]] နှင့် [[ပစိဖိတ်သမုဒ္ဒရာ]] များဖက်သို့ နယ်မြေချဲ့ထွင်မှုအတွက် တွန်းအားဖြစ်စေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း အချို့သော ကုန်းတွင်းပိတ်နိုင်ငံများသည် နီးစပ်ရာ ပင်လယ်ကမ်းစပ်သို့ ဆက်သွယ်ရန်အတွက် သင်္ဘောများ ခုတ်မောင်းနိုင်လောက်အောင် ကြီးမားသော မြစ်ကြီးများ ရှိနေကြသည်။ ဥပမာအားဖြင့် [[ပါရာဂွေးနိုင်ငံ|ပါရာဂွေး]]နှင့် [[ဘိုလီးဗီးယား]] တို့သည် [[ပါရာဂွေးမြစ်]]နှင့် [[ပါရာနားမြစ်]] များမှတစ်ဆင့် ပင်လယ်ထွက်ပေါက် ရယူနိုင်ကြသည်။ အချို့သောတိုင်းပြည်များမှာမူ [[ကက်စပီယန်ပင်လယ်]] နှင့် [[အေရယ်ပင်လယ်]] တို့ကဲ့သို့သော ကုန်းတွင်းပိတ်ပင်လယ်များနှင့် ရှည်လျားသော ကမ်းရိုးတန်းများ ရှိနေကြသည်။ သို့ရာတွင် [[သမုဒ္ဒရာထွက်ပေါက်]] မရှိသဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မပြုနိုင်ပေ (ကက်စပီယန်ပင်လယ်သည် ယခုအခါ [[ဗော်လ်ဂါမြစ်]]နှင့် [[ဒွန်းမြစ်]]များ အကြားတွင် ပင်လယ်နက်ဆီသို့ လူလုပ် တူးဖော်ထားသော တူးမြောင်းဖြင့် ပင်လယ်နက်ဆီသို့လမ်းဖောက်ထားသည်။)။ ဥပမာအားဖြင့် [[ကာဇက်စတန်နိုင်ငံ]]။
 
== ကုန်းတွင်းပိတ်နိုင်ငံများ စာရင်း ==
စာကြောင်း ၂၃၉ -
 
== ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံများ ==
အကယ်၍ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုကို ဝိုင်းပတ်ပိတ်ဆို့ထားသော ပတ်ဝန်းကျင်နိုင်ငံမှာ တစ်နိုင်ငံတည်းသာ ရှိလျှင် ၎င်းကုန်းတွင်းပိတ်နိုင်ငံကို ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံဟု ခေါ်ဆိုပါသည်။ခေါ်ဆိုသည်။
ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံ (၃)နိုင်ငံရှိသည်။
# [[ဆန်မာရီနိုနိုင်ငံ]] ([[အီတလီနိုင်ငံ]]အတွင်း လုံးဝပိတ်နေသည်။)