အာတိတ် သမုဒ္ဒရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက်ရှိ +လျက် ရှိ)
စာကြောင်း ၂ -
အာတိတ်သမုဒ္ဒရာ သည် မြောက်ကမ္ဘာခြမ်းတွင် တည်ရှိပြီး အာတိတ် မြောက်ဝင်ရိုးစွန်းဒေသ အများဆုံးပါဝင်ကာ ကမ္ဘာပေါ်ရှိ အဓိက သမုဒ္ဒရာ ဒေသကြီး ၅ ခုတွင် အသေးငယ်ဆုံးနှင့် အတိမ်ဆုံး ဖြစ်သည်။ အချို့သော သမုဒ္ဒရာဆိုင်ရာ ပညာရှင်များက ထိုနေရာကို အာတိတ်မြေထဲပင်လယ် သို့မဟုတ် အာတိတ်ပင်လယ်ဟု ခေါ်ဆိုလေ့ ရှိကြပြီး [[အတ္တလန္တိတ် သမုဒ္ဒရာ]]၏ မြေထဲပင်လယ်ဒေသ တစ်ခု အဖြစ် သတ်မှတ်ကြသော်လည်း နိုင်ငံတကာ ဟိုက်ဒရိုဂရပ်ဖ်ဖစ် အဖွဲ့အစည်းမှ ထိုနေရာကို သမုဒ္ဒရာ အဖြစ် သတ်မှတ်ထားသည်။ အာတိတ်သမုဒ္ဒရာဒေသ ကို ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ၏ မြောက်ဖက် အစွန်ဆုံး အပိုင်းအဖြစ်လည်း ရှုမြင်နိုင်သည်။
 
ယူရေးရှားကုန်းပြင် နှင့် မြောက်အမေရိကတို့က လုံးဝနီးပါး ဝန်းရံထားသော အာတိတ်သမုဒ္ဒရာ၏ အချို့အစိတ်အပိုင်းများမှာ တစ်နှစ်ပတ်လုံး ပင်လယ်ရေခဲများဖြင့် ဖုံးလွှမ်းလျှက်ရှိပြီးဖုံးလွှမ်းလျက် ရှိပြီး ဆောင်းရာသီတွင် သမုဒ္ဒရာတစ်ခုလုံးကို ရေခဲများဖြင့် လွှမ်းခြုံထားသည်။ အာတိတ် သမုဒ္ဒရာ၏ အပူချိန်နှင့် ဆားပါဝင်မှုနှုန်းမှာ ရေခဲများ အရည်ပျော်မှု နှင့် အေးခဲမှုတို့ အပေါ်တွင် မူတည်၍ ရာသီအလိုက် ပြောင်းလဲမှု ရှိသည်။ ထိုသမုဒ္ဒရာ၏ ပျမ်းမျှ ဆားပါဝင်မှုနှုန်းမှာ သမုဒ္ဒရာ ၅ ခုစလုံးတွင် အနည်းဆုံး ဖြစ်သည်။ အကြောင်းမှာ ရေငွေ့ပျံ့မှု နည်းပါးခြင်းနှင့် မြစ်များ ချောင်းများမှ ရေချိုစီးဝင်မှု အလွန်များပြားခြင်း နှင့် ပတ်ဝန်းကျင်ရှိ ဆားပါဝင်မှုများသော သမုဒ္ဒရာရေထုများသို့ ဆက်သွယ်မှုနှင့် စီးထွက်မှု နည်းပါးခြင်း တို့ကြောင့် ဖြစ်သည်။ နွေရာသီတွင် ရေခဲထု ကျုံ့ဝင်မှုမှာ ၅၀ ရာခိုင်နှုန်းအထိ ရှိသည်။ အမေရိကန် အမျိုးသား နှင်းနှင့် ရေခဲ အချက်အလက် ဌာန (NSIDC) မှ ဂြိုဟ်တုမှ ရရှိသော အချက်အလက်များပေါ်တွင် မူတည်၍ အာတိတ်ပင်လယ်၏ ရေခဲဖုံးလွှမ်းမှု နှင့် ပျမ်းမျှ အချိန်အပိုင်းအခြားနှင့် ကုန်လွန်ခဲ့ပြီးသော နှစ်များအပေါ် နှိုင်းယှဉ်သော ရေခဲအရည်ပျော်မှုနှုန်း ကို နေ့စဉ် မှတ်တမ်းတင်ထားသည်။
 
==အာတိတ်သမုဒ္ဒရာ==