ကော့ကရိတ်မြို့: တည်းဖြတ်မှု မူကွဲများ

ပအိုဝ်းလူမျိုးနေထိုင်ရဲ့သာနဲ့ စရင်းမပါလို့ စရင်းထဲမှာပအိုဝ်းလူမျိုးကို ထည့်‌ဖြည့်ပြုပြင်ရတာပါ။
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အချက်အခြာ +အချက်အချာ)
စာကြောင်း ၄၀ -
'''ကော့ကရိတ်မြို့''' ({{lang-ksw|ကီၢ်ကရံၣ်ဝ့ၢ်ဖိ}}) သည် [[မြန်မာနိုင်ငံ]]၊ [[ကရင်ပြည်နယ်]]၊ [[ကော့ကရိတ်ခရိုင်]]၊ [[ကော့ကရိတ်မြို့နယ်]]၏ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။ [[မော်လမြိုင်မြို့]]၏ အရှေ့ဘက် မိုင် ၅ဝ ခန့်အကွာတွင် တည်ရှိ၏။ မော်လမြိုင်မြို့မှ [[ဂျိုင်းမြစ်]]အတိုင်း မိုင် ၄ဝ ခန့်ဆန်တက်ကာ [[ဟောင်သရောမြစ်]]လက်တက်ဖက်သို့ ချိုးဝင်ပါက [[ကျုံဒိုးမြို့]]သို့ရောက်၍၊ ထိုမှတစ်ဆင့်မော်တော်ကားဖြင့် ကော့ကရိတ်မြို့သို့ ၁၅ မိုင်ခန့်သွားရသည်။
 
ကော့ကရိတ်မြို့သည် ထိုင်း မြန်မာနယ်စပ်ဖြစ်သော [[မြဝတီမြို့]]နှင့် ၄၁ မိုင်မျှသာကွာဝေး၍ ကားလမ်းဖြင့်ဆက်သွယ်ထား၏။ သို့ဖြစ်၍ ကော့ကရိတ်မြို့မှာ ထိုင်းနှင့် မြန်မာ ကူးသန်းရောင်းဝယ်ရေးတွင် အချက်အခြာဌာနတစ်ခုအချက်အချာဌာနတစ်ခု ဖြစ်လေသည်။ ယိုးဒယား၊ ရှမ်း၊ မွန်၊ မြန်မာ၊ ကရင်၊ပအိုဝ်း‌၊ တရုတ်၊ ကုလား စသည်ဖြင့် လူမျိုးပေါင်းစုံနေထိုင်၍ တောင်သူလယ်သမား အဖြစ် အသက်မွေးမြူသူများသည်။
 
ကော့ကရိတ်မြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၃.၂ ခန့်ရှိ၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၂,၉၅၀ ဦး<ref name="census-2014">{{cite book|title=သန်းခေါင်စာရင်း အစီရင်ခံစာ|publisher=လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန|location=နေပြည်တော်|date=မေ ၂၀၁၅|series=၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ|volume=အတွဲ-၂|pages=၅၁|url=https://drive.google.com/file/d/0B067GBtstE5TeUlIVjRjSjVzWlk/view}}</ref> ရှိသည်။ ကော့ကရိတ်မြို့နယ်မှာ ရှေးအခါက [[ဟောင်သရောမြို့နယ်]] ဖြစ်ခဲ့ဘူး၏။ ကော့ကရိတ်မြို့နယ်နှင့် [[ကြာအင်းဆိပ်ကြီးမြို့နယ်]] ၂ ခု ပေါင်း၍ ကော့ကရိတ်ခရိုင်အဖြစ် ဖွဲ့စည်းထားသည်။ ဤမြို့နယ် ၂ ခုကို [[ကရင်ပြည်နယ်]]သို့ ပူးပေါင်း သွတ်သွင်းရန် ၁၉၅၂-ခုနှစ်တွင် သတ်မှတ်ခဲ့သည်။