သေနတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထားပါသည် +ထားသည်, -တတ်ပါသည် +တတ်သည်, -ရပါသည် +ရသည်, -နိုင်ပါသည် +နိုင်သည်, -ရှိပါသည် +ရှိသည်, -ခဲ့ပါသည် +ခဲ့သည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လာပါသည် +လာသည်, -သွားပါသည် +သွားသည်, -ကျည်ဆံ +ကျည်ဆန်)
 
စာကြောင်း ၁ -
[[File:Gun_adv_from_old_burma.jpg|thumb|200px|ရှေးခေတ်သေနတ်ကြော်ငြာ]]သေနတ်(gun)သည် စပရင်မောင်းခလုတ်ပါရှိ၍ [[ကျည်ဆံကျည်ဆန်]]ထည့်ပစ်ရသော ကိရိယာဖြစ်သည်။
 
သေနတ်ကို စတင် တီထွင်ခဲ့သူများမှာ တရုတ်လူမျိုးများဖြစ်သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။ တီထွင်သူ၏အမည်ကိုမူ ဖော်ပြထားခြင်း မတွေ့ရပါ။ ခရစ်နှစ် ၉၀၅-ခုနှစ် (လွန်ခဲ့သော အနှစ် ၁၁၀၀-ကျော်)က တီထွင်ခဲ့ခြင်းပင် ဖြစ်သည်။ တရုတ်တို့သည် မီးတို့ထားသော ဖယောင်းတိုင်ကို သံချွန်တစ်ခုနှင့်တွဲစပ်ပြီး ကျည်ဆန်အဖြစ် အသုံးပြုပါသည်။ ၎င်းအား မှုတ်၍ဖြစ်စေ၊ ပစ်၍ဖြစ်စေ သေနတ်ကဲ့သို့ အသုံးပြုခဲ့ကြသည်။ သို့သော် ထိုကိရိယာကို သေနတ်ဟု မခေါ်ကြသေးပါ။ မီးလှံဟုသာ ခေါ်ဆိုခဲ့ကြသည်။ မည်သို့ပင် ဆိုစေ အဆိုပါမီးလှံသည် သေနတ်၏ မူလအစ ပစ္စည်းပင်ဖြစ်သည်။
စာကြောင်း ၉ -
ထို့ကြောင့် ချိုင်းတွင် ညှပ်မပစ်တော့ပဲ ပခုံးတွင် ထောက်ပစ်နိုင်သော သေနတ်မျိုးကို တီထွင်လာကြပြန်ပါသည်။ ထိုသေနတ်မျိုးကို ၁၅-ရာစုတွင် တီထွင်ခဲ့ပြီး အာကွီဗတ် (arquebus) သေနတ်ဟုခေါ်ပါသည်။ ၎င်းသေနတ်မျိုးမှာ အလွန်လေးလံသည့်အတွက် စစ်သားတယောက်တည်း မ,မနိုင်ပါ။ ထို့ကြောင့် သေနတ်အသစ်တစ်မျိုးကို ထပ်မံတီထွင်ရပြန်ပါသည်။
 
အာကွီဗတ်သေနတ်ကို တစ်ဆင့်တက်လိုက်သောအခါ စနက်မောင်းသေနတ် ဖြစ်လာပါသည်။ဖြစ်လာသည်။ ထိုသေနတ်မျိုးတွင် သေနတ်ပြောင်းနောက်နား၌ စနက်မောင်းတစ်ခု တပ်ဆင်ထားသည်။ မီးရှို့မည့်အစား ခလုတ်ကိုဆွဲလိုက်ပါက စနက်မောင်းသည် စနက်ပေါက်တွင် လာရောက်ရိုက်သဖြင့် မီးပွင့်ပြီး သေနတ်ကျည်ဆန် ထွက်သွားပါသည်။ထွက်သွားသည်။ သို့သော် ဤသေနတ်မျိုးမှာ မိုးရွာလျှင် မီးမကူးသောကြောင့် ကျည်မထွက် ဖြစ်တတ်ပြန်ပါသည်။ ၁၅၄၀-ပြည့်လောက်တွင် စပိန်လူမျိုးတို့သည် စနက်မောင်းသေနတ်ထက် ကောင်းသော မတ်စကတ် (Musket) သေနတ်ကို တီထွင်ခဲ့ပြန်ပါသည်။ မတ်စကတ် သေနတ်တွင် ဒတ်ချ်တို့သည် ခဲကျည်လုံးကို အသုံးပြုထားသည်။ ပြောင်းဝလည်း ပိုရှည်ပါသည်။ ကျည်လုံးကို ယမ်းဆောင့်တံနှင့် ပြောင်းဝမှ ထိုးထည့်ပေးရသည်။ သို့မှသာ ယမ်းနှင့် ကျည်လုံးတို့ ထိနေမည်ဖြစ်သည်။ ထိုအချိန်တွင် စနက်မောင်းဖြုတ်လိုက်ပါက ယမ်းပေါက်ကွဲပြီး ကျည်ထွက်သွားမည်ဖြစ်သည်။
 
ဒတ်ချ်တို့သည် ၁၇-ရာစုတိုင်အောင် ဤမတ်စကတ်သေနတ်ကို အသုံးပြု၍ နယ်ချဲ့ခဲ့ကြသည်။ ခရစ် ၁၆၀၃-တွင် ပေါ်တူဂီလူမျိုး [[ငဇင်ကာ]]သည် မြန်မာနိုင်ငံသို့ ကျူးကျော်လာစဉ်က ဤသေနတ်မျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၇-ရာစုမှ ၁၉-ရာစုတွင် မီးခတ်သေနတ်တမျိုး ပေါ်လာပြန်ပါသည်။ ယင်းမီခတ်သေနတ်သည် ပေါက်ကွဲအား ပိုမိုကောင်းမွန်သည့်အတွက် မတ်စကတ်အစား အသုံးများလာပြန်ပါသည်။ ပြင်သစ်တော်လှန်ရေးနှင့် နပိုလီယန် စစ်ပွဲများတွင် အဆိုပါ မီးခတ်သေနတ်ကို အသုံးပြုခဲ့ကြသည်။
 
ယနေ့ခေတ် အသုံးပြုနေကြသော ပစ္စတိုခေါ် ပြောင်းတိုသေနတ်မျိုးကို စတင်တီထွင်ခဲ့သူမှာ ဆင်မြူရယ်ကော့ (Saumel) အမည်ရှိ အမေရိကန်လူမျိုး သင်္ဘောသားတဦးပင် ဖြစ်သည်။ ကော့တ်သည် ၁၈၃၀-တွင် သင်္ဘောသားအဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရသည်။ ထိုခရီးစဉ်တွင် ကော့တ်သည် သင်္ဘော၌ တပ်ဆင်ထားသော ရေယက်ဘီးကို ကြည့်မိရာမှ သေနတ်တွင် ဆုံလည်တပ်ဆင်လိုက်လျှင် ကျည်ဆံများများကိုကျည်ဆန်များများကို တချိန်တည်း ပစ်နိုင်မည်ဟု တွေးမိပါသည်။ ကော့တ်သည် သူ့အတွေးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ရာ ၁၈၃၆-တွင် မူပိုင်အဖြစ် မှတ်ပုံတင်နိုင်ပြီး ပစ္စတိုသေနတ်၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ ကော့တ်ပြုလုပ်သော သေနတ်များကို ၁၈၃၇-မှစ၍ အမေရိကန်နိုင်ငံတွင် စတင်အသုံးပြုခဲ့ကြသည်။
 
မရှင်းဂန်းခေါ် စက်သေနတ်ကိုမူ ၁၈၆၂-ခုနှစ်တွင် အမေရိကန်လူမျိုး တီထွင်သူ ရစ်ချတ်ဂတ်လင်း (Richard J.Gatling) က စတင်တီထွင်နိုင်ခဲ့သည်။ ဂတ်လင်းတီထွင်သော စက်သေနတ်မှာ ပေါ့ပေါ့ပါးပါး မဟုတ်သော်လည်း တမိနစ်အတွင်း ကျည်ဆန်အတောင့်ရေ ၂၅၀-မှ ၃၅၀-အထိ ပစ်ခတ်နိုင်သည်။ ဂတ်လင်း၏ စက်သေနတ်အမျိုးအစားကို အမေရိကန်ပြည်တွင်းစစ်တွင် အသုံးပြုခဲ့ကြသည်။