လားဟူလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရှိပါသည် +ရှိသည်, -တတ်ပါသည် +တတ်သည်, -ရပါသည် +ရသည်, -လာပါသည် +လာသည်, -ထားပါသည် +ထားသည်)
စာကြောင်း ၁ -
[[File:Lahu girls.jpg|thumb|လားဟူအမျိုးသမီးများ]]
 
'''လားဟူလူမျိုး'''များသည် တိဘက်မြန်မာ "လိုလို" ဟူသော လူမျိုးမှ ဆင်းသက်လာသည်။ ခရစ်တော် မပေါ်မှီ ဘီစီ ၆၀၀ ခန့်အထိ [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ|တရုတ်နိုင်ငံ]] အနောက်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေ များပြားလာသည်နှင့် အမျှ ရေကြည်ရာ မျက်နုရာသို့ ပြောင်းရွှေ့လာရာ [[မဲခေါင်မြစ်]]၊ [[သံလွင်မြစ်]] ကြောင်းအတိုင်း စုန်ဆင်းလာရာ တရုတ်ပြည် တောင်ပိုင်း [[ရှမ်းပြည်နယ်]]၊ [[ထိုင်းနိုင်ငံ|ယိုးဒယားနိုင်ငံ]]၊ [[လာအိုနိုင်ငံ]] နယ်စပ်ဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ တရုတ်နိုင်ငံ လန်ချန်း လားဟူပြည်နယ်တွင် ၅ သိန်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ၂ သိန်း၊ ယိုးဒယား၊ လာအို၊ [[ကမ္ဘောဒီးယားနိုင်ငံ|ကမ္ဘောဒီးယား]]နှင့် [[ဗီယက်နမ်နိုင်ငံ|ဗီယက်နမ်]]တို့တွင် ၁ သိန်း စုစုပေါင်း ၈ သိန်းခန့် ရှိပါသည်။ရှိသည်။
 
လားဟူအနွယ်ဝင် လားဟူ န နှင့် လားဟူ ရှိ ၂ မျိုးရှိသည်။ အမျိုးကွဲပေါင်း ၂၀ ကျော် ရှိပြီး [[ကျိုင်းတုံမြို့]]တွင် ၁၂ မျိုး နေထိုင်သည်ဟု သိရသည်။ လားဟူ အမျိုးသားများသည် ပိတ်အနက်ဖြင့် ချုပ်ထားသော ဘောင်းဘီ၊ အင်္ကျီနှင့် ခေါင်းပေါင်းရှည်ကို ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ရှေးယခင်က အင်္ကျီအရှည်နှင့် ခေါင်းပေါင်းအရှည် ဝတ်ဆင်ကြောင်း သိရသည်။ ယခုအခါ အင်္ကျီခါးတို၊ လုံချည်၊ ထမီများပြောင်းလဲ ဝတ်ဆင်လာပါသည်။ဝတ်ဆင်လာသည်။ ရိုးရာဝတ်စုံများကို မင်္ဂလာဆောင်ပွဲ၊ ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူးပွဲစသော အခါကြီးရက်ကြီးများတွင် ဝတ်ဆင်ကြသည်။ အမျိုးသမီးများ၏ လက်ဝတ်တန်ဆာမှာ ငွေလက်ကောက်၊ ငွေနားတောင်း၊ ငွေလည်ဆွဲပြားတို့ ဖြစ်ပြီး အမျိုးသားများမှာ လွယ်အိတ်၊ ဓား၊ ဆေးတံ၊ တူမီးသေနတ်တို့ကို အမြဲ ကိုင်ဆောင်လေ့ရှိသည်။ လားဟူ လူမျိုးများသည် [[နတ်]]၊ [[ဗုဒ္ဓဘာသာ]]၊ [[ခရစ်ယာန်ဘာသာ]]တို့ကို ကိုးကွယ်ကြသည်။ လားဟူ လူမျိုးတို့၏ အနှစ်သက်ဆုံး အလုပ်မှာ "အမဲလိုက်ခြင်း" ဖြစ်သည်။
 
လားဟူလူမျိုးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း
စာကြောင်း ၄၃ -
# ကောက်သစ်စားပွဲ (စက်တင်ဘာအကုန် အောက်တိုဘာအချိန်တွင် ကျင်းပလေ့ရှိသည်။)
 
ကောက်နှံများ ရင့်မှည့်လာသောအချိန်မှာ ရပ်ရွာလူကြီးများက ကောက်သစ်စားပွဲ ကျင်းပမည့် နေ့ရက်ကို သတ်မှတ်ကြရ၏။ လားဟူလူမျိုးတို့၏ ပြက္ခဒိန်ရက် သတ်မှတ်မှုသည် တရုတ်လူမျိုးများနှင့် ဆင်တူသည်။ တစ်ပတ်တွင် နေ့ရက် ၁၂ ရက်ရှိပြီး ရက်များကို ခွေး၊ နွား၊ မြွေ စသည့် တိရစ္ဆာန်အမည်များဖြင့် သတ်မှတ်ထားပါသည်။သတ်မှတ်ထားသည်။ ထိုရက်များထဲမှ ယုန်ရက်၊ ကျားရက်နှင့် နဂါးရက်များမှာ နေ့ထူးနေ့မြတ်များ ဖြစ်သောကြောင့် ရွေးချယ်ကြခြင်း ဖြစ်သည်။ ထိုသို့ ရက်သတ်မှတ်ပြီးလျှင် ရပ်ရွာရှိ လမ်းများကို သေချာပြင်ဆင်ပြီး တစ်ရွာလုံး သန့်ရှင်းရေး လုပ်ကြရသည်။ ရွာသူရွာသားများက ကောက်သစ်စားပွဲအတွက် စပါးကို သေချာရိတ်သိမ်းပြီး ဆန်အဖြစ် ထောင်းကြရသည်။ ကောက်သစ်နှင့်အတူ တောင်ယာတွင် စိုက်ထားသော ပြောင်းဖူး၊ ငရုတ်၊ သခွား စသည့် ဟင်းသီးဟင်းရွက်များနှင့် ဟင်းခပ် အမွေးအကြိုင်များကိုပါ ဆွတ်ခူး ယူလာကြရပါသည်။ယူလာကြရသည်။ ကောက်သစ်စားပွဲနေ့ မနက်တွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူက တောင်ယာထွက် ကောက်သစ်နှင့် သီးနှံများနှင့် ဘုရားသခင်ကို ဆက်ကပ်ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး ဝတ်ပြု ဆုတောင်းကြသည်။
 
နတ်ကိုးကွယ်သူများမှာ သူတို့၏ ဘာသာရေးခေါင်းဆောင် ရှိပြီး ယောက်ျားအား '''သိုဗို''' ဟုခေါ်ပြီး အမျိုးသမီးကို '''သာလာမာ''' ဟုခေါ်သည်။ ထွက်လာသော ဦးဦးဖျားဖျား ဆန်ဖြစ်ဖြစ်၊ တစ်ခြား အသီးအနှံဖြစ်ဖြစ် ဘုရားကျောင်းကဲ့သို့ သီးသန့်ပူဇော်သည့် နေရာ၌ သွားရောက် ပူဇော်ကြသည်။ ထိုကဲ့သို့ ပူဇော်ပြီးနောက် ကောက်သစ်စားပွဲကို ကျင်းပလေ့ရှိပါသည်။ကျင်းပလေ့ရှိသည်။ ကောက်သစ်စားပွဲကို အများအားဖြင့် စုပေါင်းကျင်းပကြသည်။ ရွာအလိုက် ကျင်းပကြသည်လည်း ရှိသည်။ လားဟူများမှာ အချင်းချင်း နီးနီးနားနား နေထိုင်ကြသည်က များသည်။ ဟိုဖက်ရွာ၌ ကောက်သစ်စားပွဲရှိလျှင် ဒီဖက်ရွာမှလည်းသွားကြသည်။ အလည့်ကျ ခေါ်ဖိတ်ပြီး ဆင်နွှဲကြသဖြင့် ပွဲကြီးမှာ စည်ကား၍နေပေသည်။
 
ချက်ပြုတ်သည့် နေရာမှာမူ ဒေသအလိုက် ကွဲပြားမှုလေးများ ရှိကြသည်။ တစ်ချို့က တစ်ရွာလုံး စုပေါင်းချက်ပြုတ်ကြသလို တစ်ချို့ကတော့ မိမိတို့ နေအိမ်တွင် ချက်ပြုတ်ပြီး ရွာလည်တစ်နေရာ၌ စုပေါင်းစားသောက်ကြသည်။
 
ဖိတ်ကြားထားသော ဧည့်သည်များအတွက် ရွာတွင် စုပေါင်းပြီး ချက်ထားတတ်ပါသည်။ချက်ထားတတ်သည်။ ချက်ပြုတ်ထားသည့် အစားအသောက်များ အားလုံး တစ်နေရာတွင် စုပေါင်းထားပြီး ဧည့်သည်များရော ရွာသူရွာသားများပါ အတူတူ လက်ဆုံစားကြသည်။
 
လားဟူရိုးရာအရ ကောက်သစ်စားပွဲ ပြင်ဆင်ရာ၌ ထမင်းနှင့်ဟင်းကို လားဟူဘာသာဖြင့် '''အာဖရှ'''ခေါ် သစ်ရွက်ရှည် တစ်မျိုးဖြင့် ထုတ်ပြီး ပေါင်းရပါသည်။ပေါင်းရသည်။ ထိုသို့ ပေါင်းရာမှာလည်း အရွယ်တူ သစ်ရွက်နှစ်ရွက်ကို ကြက်ခြေခတ်ထုတ်ပြီး နှီးနှင့်ချည်ကာ ပေါင်းရပါသည်။ပေါင်းရသည်။ ဧည့်သည်များအား ထိုထမင်းပေါင်း ဟင်းပေါင်းများနှင့် ဧည့်ခံရသည်။ ကောက်သစ်စားပွဲမှာ ရိုးရာအရဆိုလျှင် ပန်းကန်ခွက်ယောက်များ လုံးဝမသုံးရပါ။ ကောက်သစ်စားပွဲမှာ မလုပ်မဖြစ်သည့် ရိုးရာတစ်ခုပါသည်။
 
မပါမဖြစ်သည့် ရိုးရာတစ်ခုက '''ဟွန်တောင်ထီး'''ဟု ခေါ်သော ရိုးရာဟင်းဖြစ်သည်။ ထိုဟင်းသည် အသားကို ဟာကြား ဟုခေါ်သော ဆီးဖြူခေါက်၊ ဂျူးမြစ်၊ နံနံပင်၊ ကြက်သွန်မြိတ်စသည့် ဟင်းခတ် အမွေးအကြိုင်များနှင့် ရော၍ တောက်တောက်စင်း ဖက်နှင့်ထုတ်ပြီး ပေါင်းထားသော ဟင်းတစ်မျိုးဖြစ်သည်။