အနောက်နန်းမိဖုရား မမြလေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထားပါသည် +ထားသည်, -နိုင်ပါသည် +နိုင်သည်, -လိုပါသည် +လိုသည်, -ရှိပါသည် +ရှိသည်, -ခဲ့ပါသည် +ခဲ့သည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သွားပါသည် +သွားသည်, -ဖြစ် ပါသည် +ဖြစ်သည်)
စာကြောင်း ၃၆ -
အနောက်နန်းမိဖုရား မြကလေးကလည်း အသက်အရွယ် ငယ်ငယ်၊ ချောချောလှလှ၊ ရွှေဘို မင်းတရားကြီး က သူ့ထက် "အသက်တစ်ပြန်ကြီးသူ" ဖြစ်သည်။ ရွှေဘိုမင်းတရားကြီး၏ သားတော် ကြီး ပြည်မင်းနှင့် မမြကလေး က သက်တူရွယ်တူ ဖြစ်နေရာ အနုပညာဂီတကဗျာ ဝါသနာထုံသူ နှလုံးသား ချင်းတူသူဖြစ်၍ ပြည်မင်း က မြကလေးအား ဖခမည်းတော်ကိုယ်စား သနားခြင်း၊ ညှာတာခြင်းများရှိပြီး ခမည်းတော်က မြကလေး အပေါ် ကြင်နာတော် မမူတော့သယောင် အခြေအနေတွင် တွေ့မြင် သိရှိရသော အခါ "အဖေ ကလည်း ဗျာ၊ သူ့ခမျာ သနားစရာကလေးပါ၊ ပစ်ပယ်မထားပါနဲ့" ဟု အရပ်သား သာမန်လူတန်း စား တို့လိုလည်း ပြောရဲမည် မဟုတ်လေတော့ စုတ်သပ်၍ သနားကြင်နာနေရုံမှတစ်ပါး အခြားမတတ်နိုင်ရှိခဲ့ ပါသည်။ စင်စစ် ရွှေဘိုမင်းတရားကြီးက အနောက်နန်းမိဖုရား မြကလေးကို မင်းသား ဘဝက ရန္တပိုစာချုပ်ကိစ္စနှင့် လာရင်း ဟင်္သာတမြို့ ရောက်စဉ်၌ တွေ့မြင် ကောက်ယူတော်မူခဲ့ပြီးလျှင် အလွန်ပင် ချစ်ခင်မြတ်နိုးတော်မူ ခဲ့သည်။ မင်းမျိုးနွယ်အတွင်းမှ ကိုယ်လုပ်တော်ကြီးများကိုပင် နန်းရ၊ ဆောင်ရ မိဖုရားအရာ မပေးခဲ့ဘဲ သာမန် အရပ်သူ မြကလေးအား အနောက်နန်း မိဖုရားကြီးအရာမြှောက်၍ ရတနာအစုအပုံထက်၌ ဘိသိက် သွန်းခြင်း၊ "သီရိမဟာသုတ ရတနာဒေဝီ" အမည်နှင့် ရွှေဘွဲ့ချီတော်မူပြီး ရွှေလောင်းတိုက်ကို မြို့စား ပေး သနားတော်မူခဲ့သည်။ တောင်နန်းစံ မိဖုရားခေါင်ကြီးမှလွဲ၍ မြောက်နန်းမိဖုရား အလယ်နန်း မိဖုရားကြီးများ နှင့်အတူ အနောက်နန်း မိဖုရားကြီးအဖြစ် မြှောက်စားသနားတော်မူခဲ့သည်။
 
ဘိုးတော်ဘုရားတို့ကဲ့သို့ မိဖုရားကိုယ်လုပ်တော် ငါးဆယ်ကျော် မရှိသူ ရွှေဘိုမင်းသည် မိဖုရားမများပါ။ မိဖုရား ခေါင်ကြီး နှင့် နန်းရ ဆောင်ရ မိဖုရား ကိုယ်လုပ်တော်တွေ စုစုပေါင်းမှ ၁၅ ဦးမျှသာရှိသူ ဖြစ် ပါသည်။ဖြစ်သည်။
 
သည်တော့ ဟိုမိန်းမတွေဆီ သွားနေရတာကြောင့် မြလေးအတွက် ရက်မရခြင်း မဟုတ်ဘဲ အသက်အရွယ် တော် ကလည်း ထောက်လာပြီဖြစ်လို့ လောကီစည်းစိမ် ချိုးနှိမ် ခြိုးခြံပြီး တိုင်းရေး ပြည်ရေး၊ သာသနာ တော် အရေး ၌ အလေးသာ၍ နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု တစ်နည်းတစ်ဟန် ကြံဖန် သုံးသပ် ကြည့်မည် ဆို လျှင်လည်း ဖြစ်နိုင်ပါသေးသည်။
စာကြောင်း ၄၃ -
ရွှေဘိုမင်းတရားကြီးသည် အသက် ၃၀ အရွယ် သာယာဝတီမင်းသားဘဝက အနောက်နန်း မိဖုရား မမြကလေး အား ၁၁၈၈ ခုနှစ်တွင် သိမ်းပိုက်တော်မူပါသည်။ ၁၁၇၁ ခုနှစ်တွင် မွေးဖွားသူ မြကလေးသည် သာယာဝတီမင်း ကောက်ယူတော်မူစဉ်အခါက အသက် ၁၇ နှစ်မျှသာရှိပါသေးသည်။ သာယာဝတီမင်း သည် ဘကြီးတော် လက်ထက် သာယာဝတီ မင်းသားအဖြစ်နှင့် လွှတ်တက်မင်းသားကြီး အစီးအနင်း အဆောင် အရွက် ထက် လွန်ကဲ၍ အိမ်ရှေ့မင်းတို့ တာဝန်နီးနီး နိုင်ငံတာဝန် ထမ်းရွက်နေစဉ် ဖြစ်သည်။
 
မမြကြုတ်ခေါ် မြကလေးသည် သာယာဝတီ မင်းသား၏ ကြင်ရာတော်ဘဝ၌ ပထမ သားဦးရတနာတစ်ပါး ထွန်းကား ပါသည်။ ၎င်းသားတော်သည် ငယ်စဉ်အခါကပင် ကွယ်လွန်အနိစ္စ ရောက်သွားပါသည်။ရောက်သွားသည်။ ထိုနောက် ၁၁၉၅ ခုနှစ်၊ မမြကလေး အသက် ၂၄ နှစ် အရောက်၊ သာယာဝတီမင်း၏ ကြင်ရာတော်အဖြစ် ၇ နှစ် မြောက် တွင် သမီးတော် လှိုင်မြို့စားကို ဖွားမြင်တော်မူပါသည်။
 
သမီးတော် ပုခက်တွင်းအရွယ်။ ထိုစဉ်က "အဖွားကြီး" ဟု ခမည်းတော်က ချစ်စနိုးခေါ်ခဲ့သော လှိုင်မြို့စား မင်းသမီး ၄ နှစ် အရွယ်သို့ ရောက်သောအခါ သာယာဝတီမင်းသည် ထီးနန်းရရှိပြီး ဘုရင်အဖြစ် ရောက်ခဲ့ ပါသည်။ ဘုရင် ဖြစ်သောအခါ အသက် ၅၀ ရှိနေပါပြီ။ ရွှေဘိုမင်းတရားဟုလည်း ခေါ်ပါသည်။ စာဆိုတော် များကမူ "ရွှေဘို ဘုန်းပွင့်ဘုရား" ဟုလည်း ခေါ်ဝေါ်သုံးနှုန်း ရေးသားလေ့ရှိကြသည်။