စပိန်အနုပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
စာကြောင်း ၁၁ -
စပိန်နိုင်ငံတွင် ထွန်းကားခဲ့သော အနုပညာရပ်များ အနက် ဗိသုကာအတတ်သည် အဓိဖြစ်သည်။ ရှေးအခါက စပိန်နိုင်ငံတွင် မှတ်သားလောက်သော အနုပညာသည်ကြီးများ မပေါ်ပေါက်သေးချေ။ သို့သော်လည်း အမေရိကတိုက်၌ နယ်သစ်ပယ်သစ်များကို ရှာဖွေတွေ့ရှိခဲ့သည့် အချိန်မှစ၍ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာပြီးလျှင် အနုပညာရပ်များသည်လည်း ထွန်းကားလာခဲ့လေသည်။
 
စပိန်နိုင်ငံ၏ ပန်းချီဆေးရေး သမိုင်းကို ကြည့်ပြန်လျှင်၊ ရှေးဦးစွာ စပိန်နိုင်ငံကျက်သရေကို ဆောင်ရွက်ခဲ့သူမှာ စပိန်သား တစ်ယောက်မဟုတ်ဘဲ၊ ကရိကျွန်းသား ဖြစ်သောအယ်ဂရေးကိုး ဖြစ်သည်။ အယ်ဂရေးကိုးဟူသည်မှာ 'ဂရိဆရာကြီး'ဟု အဓိပ္ပါယ်ရသည်။အဓိပ္ပာယ်ရသည်။ အယ်ဂရေးကိုးသည် ကရိကျွန်းတွင် မွေးဖွား၍၊ အရွယ်ရောက်သောအခါ အီတလီနိုင်ငံ ဗင်းနစ်မြို့၌ဆရာကြီးတစ်ရှန်ထံတွင် ပညာဆည်းပူးလေသည်။ ထိုနောက် ရောမမြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့၏။ ရောမတွင် ခေတ္တမျှနေထိုင်ပြီးနောက် တစ်ဖန် စပိန်နိုင်ငံသို့ ပြောင်းရွေ့ကာ ထိုနိုင်ငံတွင် ရာသက်ပန် အခြေစိုက်ကာ နေထိုင်ခဲ့လေသည်။ ကြွယ်ဝချမ်းသာလာသော စပိန်ဘုရင်တို့သည် အနုပညာရပ်များကိုလည်း အားပေးစ ပြုလာကြ၏။ ပြည်တွင်းရှိ အနုပညာသည်များကိုလည်း လေ့လာစေလေသည်။ ထိုပြင် ဂျာမနီ၊ ဖလန်းဒါးအစရှိသော အနုပညာဖွံ့ဖြိုးရာ နိုင်ငံများမှ ထင်ရှားသော သုခုမ ပညာကျော်ကြီးများသည်လည်း စပိန်နိုင်ငံတွင်းသို့ အလည်အပတ် လာရောက်ခဲ့ကြရာမှ၊ မိမိတို့၏ အနုပညာရပ်များကို တစ်ဆင့် ဖြန့်ချိကြလေသည်။ ဖလန်းဒါးပြည်နယ်မှ ယန်ဗန်အိုက်၊ ဗိုင်းဒင်၊ ဂျရုမ်းဗော့စသော ပန်းချီကျော်ကြီးများသည် စပိန်နိုင်ငံသို့ ရောက်ကြ၏။ ခရစ် ၁၆ဝ၃ ခုနှစ်တွင် ဖလန်းဒါးပြည်မှ ကျော်ကြားလှသော ဆရာကြီးရူးဗင်းသည် စပိန်နိုင်ငံသို့ သံအမတ်အဖြစ် ရောက်ရှိလာလေသည်။ ထိုအခါတွင် စပိန်ဘုရင်သည် ရူးဗင်းအား စပိန် အနုပညာသည်များ၏ အကူအညီဖြင့် ပန်းချီကားများကို ရေးခြယ်စေ၏။ ရူးဗင်းသည် စပိန် အနုပညာသည်များ အနက်၊ ဗေလားစကေး ဆိုသူ လူငယ်တစ်ဦး၏ လက်ရာအစွမ်းအစကို များစွာ သဘောကျကာ၊ ထိုလူငယ်အား အီတလီသို့ စေလွှတ်သင့်ကြောင်း ဘုရင်အား တိုက်တွန်းလေသည်။ ဗေလားစကေးသည် နန်းတွင်းပန်းချီဆရာကြီး ဖြစ်လေသည်။
 
စပိန်နိုင်ငံသို့ ရူးဗင်း ရောက်လာချိန်တွင်၊ ဗေလားစကေးသည် အီတလီပြည်မှ ပုဂ္ဂိုလ်ထူးကြီးများဖြစ်သော၊ မိုက်ကယ်အန်ဂျလို အစရှိသူတို့အကြောင်းကို ကြားသိသည်နှင့် အီတလီပြည်သို့ သွားရောက်လေ့လာလေသည်။