မေးလာ့ဒ် ဖီးလ်မိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လှျင် +လျှင်)
စာကြောင်း ၄၇ -
နယူးယောက်အနောက်ပိုင်းရှိ တောတွင်းသစ်လုံးအိမ်လေးတွင် မွေးဖွားသည်။ ကျောင်းနေခဲ့ဖူးခြင်းမရှိ။ ၁၄နှစ်သားတွင် စက်ချုပ်ဆိုင်အကူ အဖြစ်အသက်မွေးသည်။ ဥပဒေဘာသာရပ်ကို စိတ်ပါဝင်စားပြီး ကိုယ့်ထူးကိုယ်ချွန် ကြိုးစားခဲ့သဖြင့် အသက် ၂၃နှစ်တွင် ရှေ့နေဖြစ်လာသည်။ နိုင်ငံရေးနယ်ပယ်တွင် ကြိုးစားပမ်းစား တိုးဝင်သဖြင့် ဒုသမ္မတဖြစ်လာခြင်းဖြစ်သည်။
 
ဖီးလ်မိုး သည် ပုံစံပျော့ပျောင်းပြီး ဒုသမ္မတရာထူးအတွက် သင့်လှျော်သည်။ သို့သော် သမ္မတတစ်ဦးအနေဖြင့်အား ပျော့လွန်းသည်ဟု သတ်မှတ်ကြသည်။ သူ့မူဝါဒမှာ ရွှေပြည်အေးမူဝါဒဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုကို ရှေ့တန်းတင်သည်။ ထိုသို့သော သဘောတရားများဖြင့် သူတင်ပြသည့် စေ့စပ်ညှိနှိုင်းရေး ဥပဒေ (Compromise of 1850)သည်သာလှျင်သည်သာလျှင် သူ့သမ္မတသက်တမ်းအတွက် တစ်ခုတည်းသော အောင်မြင်မှုဟု လက်ညိုးထိုးပြနိုင်သည်။ ထို ဥပဒေထွက်ပေါ်လာသည်ကြောင့် ငွေဝယ်ကျွန်ပြဿနာပြေလည်ပြီး ပြည်တွင်းအကွဲအပြဲ မပေါ်နိုင်တော့ဟု ဆိုသော်လည်း အစစ်အမှန်အားဖြင့် ဆယ်စုနှစ်တစ်ခုမှျ ပြဿနာကို ဆွဲဆန့်ပေးသွားနိုင်ခြင်း သာဖြစ်သည်။ ထိုရွှေပြည်အေး ဥပဒေပါနောက်ဆုံး အပိုဒ်ဖြစ်သည့် ထွက်ပြေးကျွန်များ ပြန်လည်းဖမ်းဆီးပေးပို့သော ဥပဒေကြောင့် အကွဲအပြဲမှာ အတွင်းကြိတ်နက်ရှိူင်းလာပြီး နောက်ဆုံးတွင် တောင်-မြောက်နှစ်ပိုင်းကွဲပြီး ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာရသည်။ ဖီးလ်မိုး၏ တိုတောင်းလှသော သမ္မတသက်တမ်းအတွင်း အိမ်ဖြူုတော်တွင် ရေနွေးစိမ်ချိုးနိုင်သော ရေချိုးကန်တပ်ဆင်ခဲ့သဖြင့် နောင်[[အိမ်ဖြူတော်]]တွင် နေသူများ ဇိမ်ရှိရှိ ရေချိုးနိုင်သည်ဟု ပြောစမှတ်ရှိကြသည်။
 
ထိုထွက်ပြေးကျွန် ဥပဒေကို သက်ဝင်စေရန် သမ္မတတွင်တာဝန်ရှိသည်။ ထို့ကြောင့်ပင် သမ္မတ ဖီးလ်မိုးက စစ်တပ်များဖြင့် ထွက်ပြေးကျွန်များကို ဖမ်းဆီးစေသည်။ ထို့ကြောင့် အမြင်မတူများတွင် လူဆိုးဆန်လာသည်။ ထောက်ခံမှုများကျဆင်းလာသည်။ အထူးသဖြင့် မြောက်ပိုင်းသားများ၊ အထူးသဖြင့် သူ့ဇာတိ ဘတ်ဖဲလိုကပင် သူ့ကို အမြင်မကြည်လင်တော့ပေ။ (ဘတ်ဖဲလို မှာ ကနေဒါနယ်စပ်အနီးတွင် တည်ရှိပြီး ငွေဝယ်ကျွန်များအတွက် ထွက်ပြေးပေါက်ကြီးလည်း ဖြစ်သည်။) သို့ဖြင့် သူ၏ ပါတီဖြစ်သည့် ဝှစ်ပါတီက သူ့အားနောက်တစ်ကြိမ် သမ္မတအဖြစ် ရွေးကောက်ခံရန် မထောက်ခံတော့ပေ။ ဝှစ်ပါတီအနေဖြင့်လည်း ဖီးလ်မိုးမှာ ပါတီအတွက် နောက်ဆုံးသမ္မတလည်း ဖြစ်ခဲ့ရသည်။ ထိုနောက်တွင် ပါတီပျက်ကာ ရီပါပလီကန် ပါတီသစ် (Republican) ပေါ်ထွက်လာသည်။