ကိုလံဘီယာ တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက်ရှိ +လျက် ရှိ, -ဖြစ်ပါသည် +ဖြစ်သည်, -ပါဝင်ပါသည် +ပါဝင်သည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ငလျှင် +ငလျင်)
စာကြောင်း ၅၄ -
ကိုလံဘီယာတက္ကသိုလ်တွင် ပညာသင်ယူသော ကျောင်းသားများမှာ များပြားပြီး ဝင်ခွင့်ဖြေဆိုသောအခါ အမျိုးသမီးအများစုမှာ အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင်မှု အားနည်းခဲ့သည်ကြောင့် ဘာနာရတ် အမျိုးသမီးကောလိပ် (Barnard College) ကို ၁၉၈၃ ခုနှစ်တွင် သီးသန့်ဖွင့်လှစ်ခဲ့သည်။ ကိုလံဘီယာတက္ကသိုလ်သည် စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှစတင်ပြီး ယနေ့အချိန်အထိ ကောလိပ်နှင့် ကျောင်းပေါင်း ၁၇ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။
 
ကိုလံဘီယာတက္ကသိုလ်၏ ကျောင်းပရဝုဏ်သည် ၃၂ ဧက ကျယ်ဝန်းပြီး အဓိက နေရာ ၆ခုရှိသည်။ ကိုလံဘီယာတက္ကသိုလ်ထဲမှ လမ်းများကိုလည်း ယခင်အင်္ဂလန်မြို့တွင် တည်ဆောက်ခဲ့သော အတိုင်း နံပါတ်စဉ်ဖြင့် ရေတွက်ခဲ့သည်။ အဆောက်အဦပေါင်း ၇၈၀ဝ ကျော်ခန့်တည်ရှိကာ ရှေးဟောင်း သမိုင်းဝင်အဆောက်အအုံတစ်ချို့မှာ ငလျှင်ဒါဏ်ကြောင့်ငလျင်ဒါဏ်ကြောင့် ပျက်စီးမှုများရှိခဲ့ကာ ပြန်လည်ပြုပြင် ထိန်းသိမ်းထားသကဲ့သို့ ခေတ်သစ်အဆောက်အအုံများမှာ မဟာဌာနများ၊ ဓာတ်ခွဲခန်းများ၊ စာကြည့်တိုက်များ၊ ကျောင်းသားကျောင်းသူတို့ နေထိုင်ရန် အဆောင်များ၊ ဝန်ထမ်းများအတွက် အဆောင်များ ပါဝင်သည်။
 
ကိုလံဘီယာတက္ကသိုလ်၏ မဟာအင်ဂျင်နီယာဌာနသည် အမေရိကန်လူငယ်များအပါအဝင် ကမ္ဘာတစ်ဝန်းက လူငယ်အများစု၏ စိတ်ကူးမျှော်လင့်ချက်များစွာ တည်ရှိသော ဌာနတစ်ခုဖြစ်ပေသည်။ အမေရိကန်အစိုးရမှနေပြီး ကိုလံဘီယာမဟာအင်ဂျင်နီယာ ဌာနအတွက် ထောက်ပံ့မှုများသည် ၂၀၁၉ ခုနှစ်အထိ ရှိနေမှာဖြစ်ပြီး ဌာနမှလည်း အမေရိကန်အစိုးရအတွက် လိုအပ်သည့် သုတေသနများစွာကို ပြုလုပ်ပေးနေသည်။ အမေရိကန်အစိုးရက ထောက်ပံ့မှုပေးပြီး ပညာတော်သင်ကျောင်းသားများအတွက် ထောက်ပံ့ကြေးအပြည့်အဝပေးသော အမေရိကန်တက္ကသိုလ်များထဲတွင် ကိုလံဘီယာတက္ကသိုလ်လည်း ပါဝင်သည်။ နှစ်စဉ်နှစ်တိုင်း အမေရိကန်အစိုးရက အမေရိကန်နိုင်ငံသားအပြင် အခြားသော နိုင်ငံတကာမှ ကျောင်းသားများအတွက် ပညာတော်သင် ထောက်ပံ့မှုများလည်း ရှိနေသည်။