ဆာမူရိုင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
စာကြောင်း ၁၈ -
အချို့သော ဂိုဏ်းများသည် နန်းတော်မှခန့်အပ်ထားသော အရာရှိများကို သူတို့၏ မြေများကိုအုပ်ချုပ်ရန်နှင့် အခွန်အတုတ်ကောက်ယူရန်စေလွှတ်သောအခါတွင် ကာကွယ်ရန် မိမိဘာသာ လက်နက်ကိုင်ထားသော အဖွဲ့အစည်းများဖြစ်သည်။ ထိုဂိုဏ်းများသည် ပို၍ အင်အားကြီးမားသောဂိုဏ်းများ၏ရန်မှ ကာကွယ်ရန်အတွက် သူတို့အချင်းချင်း မဟာမိတ်ဖွဲ့ထားကြသည်။ ဟဲအိအန်(Heian) ခေတ်၏ အလယ်ပိုင်းသို့ရောက်သောအခါတွင် သူတို့သည် ဂျပန်သံချပ်ဝတ်စုံနှင့် လက်နက်များကို စတင်အသုံးပြုလာခဲ့ကြပြီး ဘူရှီဒို ခေါ် သူတို့၏ကျင့်ဝတ်များကို အစပြိုး အုတ်မြစ်ချလာခဲ့ကြလေသည်။
 
ဆာမူရိုင်းစစ်သူရဲတို့သည် မိမိတို့ဘာသာ "စစ်သူရဲလမ်းစဉ်" သို့မဟုတ် ဘူရှီဒိုကို လိုက်နာကျင့်သုံးသူများအဖြစ် ခံယူလေ့ရှိသည်။ ဂျပန်အဘိဓာန်တွင် ဘူရှီဒိုဟူသော စကားလုံးကို ရှိုဂတ်ကုကန် ကိုကုဂို ဒိုင်းဂျိတန် (Shogakukan Kokugo Daijiten) ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပြီးအဓိပ္ပာယ်ဖွင့်ဆိုထားပြီး "မူရိုမာချီ(Muromachi) သို့ ချူဆေးခေတ်(chusei) တွင် စစ်သူရဲများအကြား ပျံ့နှံ့နေသော သီးသန့် ယုံကြည်ယူဆချက်(ronri)" ဟု အဓိပ္ပာယ်ရသည်။ အစကနဦးထဲကပင် ဆာမူရိုင်းတို့သည် သခင်တစ်ယောက်ကို အသက်ပေး၍ သစ္စာရှိခြင်း၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသည် စစ်သူရဲတစ်ယောက်၏ ဂုဏ်သိက္ခာရှိသော အပြုအမူနှင့် လမ်းစဉ်ဟု ယုံကြည်ကြသည်။
 
ဥပမာအားဖြင့် ကာတို ကိယိုမာဆာ(၁၅၆၂-၁၆၁၁) သည် ဆန်ဂေါ့ကုခေတ်မှ အာဏာအရှိဆုံး နှင့် အထင်ရှားဆုံး ပဒေသရာဇ်တစ်ယောက်ဖြစ်သည်။ သူသည် ဂျပန်၏ အဓိက ဂိုဏ်းများကို ကိုရီးယားကို ကျူးကျော်စဉ် (၁၅၉၂-၁၅၉၈) အတွင် အမိန့်ပေးစေခိုင်းခဲ့သည်။ လက်စွဲစာအုပ်ထဲတွင် သူက မည်သည့်အဆင့် ရှိသည့် ဆာမူရိုင်းမဆို စစ်သူရဲတို့၏ဘဝတွင် တစ်ခုတည်းသော တာဝန်မှာ ဓားတိုဓားရှည်များကို ဆွဲ၍ သေဆုံးရန်ဟု သူ၏နောက်လိုက်များကို ပြောခဲ့သည်။ သူက နောက်လိုက်များကို ဂန္ထဝင်စစ်ပညာများ အထူးသဖြင့် သစ္စာစောင့်သိမှုနှင့် သားကောင်းပီသမှုနှင့် ပတ်သက်သော အရာများကို အစွမ်းကုန်ကြိုးစားအားထုတ်၍ သင်ကြားရန် အမိန့်ပေးခဲ့သည်။ သူသည်