ပထမအီဂျစ် ပြည်ထောင်စု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သာမာန် +သာမန်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
စာကြောင်း ၆ -
 
=== အုပ်ချုပ်ရေး ===
အုပ်ချုပ်ရေးအနေဖြင့် ဘုရင်များသည် [[သက်ဦးဆံပိုင်စနစ်]]ဖြင့် အုပ်ချုပ်ကြပြီး အလွန်ဩဇာကြီးကြသည်။ ပြည်သူတို့က ၎င်းတို့ကို ဖာရိုး(Pharoah) ဟုခေါ်ကြသည်။ အဓိပ္ပါယ်အားဖြင့်အဓိပ္ပာယ်အားဖြင့် အိမ်ကြီး (သို့) နန်းတော် ဟုဆိုလိုသည်။ ဘုရင်များသည် ဘာသာရေးဆရာ(နတ်ဆရာ၊ ဝတ်ကျောင်းဘုန်းကြီး) များအားထောက်ပံ့၍ ပြည်သူများအား ယုံကြည်အောင် သိမ်းသွင်းနိုင်သဖြင့် မကြာသောကာလတွင်ပင် ဖာရိုးဘုရင်တို့သည်ရေး(နေနတ်ဘုရား)မှ တိုက်ရိုက်ဆင်းသက်လာသည့် သားတော်များဟု ယုံကြည်လာရာမှ ဘုရင်များသည့် အုပ်ချုပ်ရေးအရသာမက ဘာသာရေးအရပါ အကြီးအကဲဖြစ်လာတော့သည်။ ထိုသို့ ထီးနန်းအာဏာ ခိုင်မြဲရေးနှင့် မြင့်မြတ်သော အနွယ်သွေးကို ထိန်းသိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် သွေးနှောခြင်းကို ကာကွယ်ရန်အတွက် ဘုရင်တို့သည် အပြင်မှ အရပ်သူအရပ်သားများနှင့် လက်ဆက်ခြင်းမှ ရှောင်ရှားကာ ဆွေမျိုးအချင်းချင်း အရင်းအခြာများပါမကျန် သွေးနီး၊သွေးဝေး အမျိုးအဆွေအချင်းချင်းသာ လက်ထပ်ကြတော့သည်။ အကျိုးဆက်အနေဖြင့် အချိန်ကာလ ကြာသည်နှင့်အမျှ မင်းမျိုးမင်းနွယ်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဉာဏစွမ်းရည်နှိမ့်ပါးလာရသည်။
 
အဆိုပါ ဖေရိုးမင်းများ နောက် ဒုတိယနေရာမှ ဘုန်းတန်ခိုးကြီးစိုးသူများမှာ မင်းညီမင်းသားများ ဖြစ်သည်။ ဖာရိုးမင်းများနည်းတူ လယ်ယာမြေပိုင်စိုးကြသဖြင့် ၎င်းတို့ကို နယ်စားများဟုလည်း သတ်မှတ်ကြသည်။ နယ်စားတို့သည် အုပ်ချုပ်ရေးအရ အရေးပါသည့် ရာထူးများကိုလည်း ရယူထားသေးသည်။