ဗညားဒလ (ဝန်ကြီး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊, - ။ +။)
စာကြောင်း ၄၂ -
 
မွန်ဝန်ကြီး အဂ္ဂမဟာသေနာပတိ ဗိုလ်ချုပ်ကြီးဗညားဒလသည် သူ့ဘဝတစ်လျှောက်အမှုတော်ထမ်းဆောင်သည်မှာ ကွယ်လွန်သည်အထိ စစ်ချီစစ်တက်စစ်တိုက်လျက်ပင် စစ်၏ဝန်းကျင်တွင် ကျင်လည်ခဲ့ရသူဖြစ်သည်။ သူကိုယ်တိုင်၏ ဗီဇကပင် စစ်နှင့်ပျော်မွေ့ဟန်တူ၏။ သူဖြတ်သန်းလာရသော ခေတ်ကိုကပင်စစ်ရေးဖြင့် နိုင်ငံကြီးကိုပြန်လည်တည်ဆောက်နေသော စစ်ကာလဖြစ်သည်။ ဤသို့သောကာလတွင် မွန်ဝန်ကြီးဗညားဒလသည် ရာဇဓိရာဇ်အရေးတော်ပုံကျမ်းကို ရေးသားခဲ့ခြင်းဖြစ်သည်။
စစ်ပွဲကိုကိုယ်တိုင်ဆင်နွှဲနေသည့် စစ်သေနာပတိတဦးက ပြုစုရေးသားသည့်မွန်မြန်မာ အနှစ် (၄၀)တန်ခိုးပြိုင်ပွဲများကို ဖော်ပြသည့် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှာ မည်မျှအသက်ဝင်လှုပ်ရှား၍ မည်မျှပြောင်မြောက်မည်ကိုကား ဆိုဖွယ်ရာမရှိတော့ချေ ။ဆိုဖွယ်ရာမရှိတော့ချေ။
 
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည် ဗညားဒလ၏ကိုယ်ပိုင်ရေးကျမ်းကားမဟုတ်ချေ။ မွန်ဘာသာစကားပြေဖြင့်ရှေးဆရာများ (ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့ခေတ်) ပြုစုရေးသားထားသော ဥပန္နသုဝဏ္ဏဘုမ္မိအာရမ်တကထာ၊ သုဓမ်မဝတီရာဇဝံသနှင့် သီဟရာဇာဓိရာဇဝံသ အမည်ရှိသည့်မွန်ရာဇဝင်ကျမ်း ပထမတွဲ၌ပါရှိသော မဂဒူးမင်းဆက်သက္ကရာဇ် ၆၄၃ မှအစ ရာဇာဓိရာဇ်အဆုံးသက္ကရာဇ် ၇၈၃ အထိ ကိုယ်ပိုင် စိတ်ကူးဥဏ် ကွန့်မြူးလျက် မြန်မာစကားပြေဖြင့် ပြန်ဆိုရေးသားခဲ့ခြင်းဖြစ်သည်။
စာကြောင်း ၇၈ -
အမတ်ဗညားဒလကို ထားတော်မူ၍ ငါးလခန့် ရှိလျှင် ဇနက်ဟူသောအရပ်သည် ဖျားနာတတ်သည်ဟုယိုးဒယားမင်းကယူပြီးလျှင် ကမန်ပိုက်တွင် ထားစေသည်။ ဗညားဒလကို ပြောင်း၍ထားကြောင်းကိုလည်း ယိုးဒယားမင်းကဆင်ဖြူများရှင် ဘဝရှင်မင်းတရားကြီးထံ လျှောက်ထားသည်။ မင်းကြီးလည်း မည်သို့မျှအမိန့်တော်မရှိ။ အမတ်ကြီးဗညားဒလသည်လည်း ကမန်ပိုက်သို့ ရောက်၍ တစ်လကြာလျှင် သက္ကရာဇ် ၉၃၄ ခုနှစ်၌ ကြမ္မာကုန်လေသည်။
မွန်ဝန်ကြီးဗညားဒလ စစ်ရေး၊ နိုင်ငံရေးဆောင်ရွက်ချက်များမှာ သက္ကရာဇ် ၉၁၆ ခုနှစ်မှ ကွယ်လွန်သော ၉၃၄ ခုနှစ်အထိ ( ၁၈ ) နှစ်ကာလအတွင်း လွန်စွာမှများပြားလှ၏။ သူ၏ အကြံပေးလျှောက်ထားချက်များအရပင် မြန်မာတစ်နိုင်ငံလုံး သိမ်းရုံးဖွဲ့စည်းနိုင်သည့်အပြင် တိုင်းတစ်ပါးခြား ယိုးဒယားမဏိပူရသို့ ချီတတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။
သူ၏ဘဝတွင် တစ်စောင်တစ်ဖွဲ့ဆို ဆိုသလောက်ပင် မြန်မာစကားပြေဖြင့် စံပြဘာသာပြန်ဆိုရေးသားသွားသည့် ရာဇဓိရာဇ်အရေးတော်ပုံကျမ်းနှင့် သူ့အမည်ကိုကား ယနေ့ နှစ်ပေါင်း ၄၂၆ တိုင်သော်လည်း မမေ့နိုင်သေးပေ။ သူ့အမည်မှာ ယနေ့တိုင် ထင်ပေါ်ကျော်ကြား လူသိများနေဆဲပင်။ သူပြုစုခဲ့သော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာလည်း သစ်လွင်တောက်ပဆဲပင်ဖြစ်ပေသည်။<ref>ဗညားဒလ ရန်ကုန် ၊မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်းရန်ကုန်၊မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း စာ ၁၈၅ ၊၁၈၅၊ ၂၀၃</ref><ref>မောင်သုတ(ဗိုလ်မှူးဘသောင်း) စာဆိုတော်များအတ်ထုပွတ်တိ၊ ရန်ကုန်၊ ဇွဲစာပေရိပ်မြုံ ၊ဇွဲစာပေရိပ်မြုံ၊ ပ ကြိမ် ၁၉၇၁ ၊၁၉၇၁၊ စာ ၁၂၃ ၊၁၂၃၊ ၁၂၇</ref>
 
== ဘုရင့်နောင်နှင့် ဗညားဒလ ==