မင်းတုန်းမင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၇၃ -
မင်းတရားကြီး၏ ကုသိုလ်တော်များကား မန္တလေး တောင်ပေါ်တွင် တည်ဆောက်ထားသော တန်ဆောင်း ပြာသာဒ် တော်ကြီးနှင့်တကွ ဗျာဒိတ်ညွှန်းရွှေရပ်တော်ကြီးဘုရား၊ တောင် ခြေရှိ မဟာသကျ မာရဇိန်ကျောက်တော်ကြီးဘုရား၊ စန္ဒမုနိ ဘုရားနှင့် မဟာလောက မာရဇိန်စေတီတော်၊ ထိုစေတီတော် အတွင်းရှိ ပိဋကတ်သုံးပုံ ကျောက်ချပ်နှင့် အုတ်ဂူ ၇၂၉ ခုစီ၊ ရန်ကင်းတေင်ခြေရှိ မဟာကျော်စေတီတော်၊ ရွှေတိဂုံစေတီ ထီး တော်နှင့် လုံးတော်ပြည့် ရွှေဆိုင်းတော်ချခြင်း၊ ဘုရားပွင့်တော်မူ ရာ မဟာဗောဓိပင်တော် အနောက်မြောက်ဘက်တွင် အုတ်ဇရပ် တော်ကြီးတစ်ဆောင်၊ အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ် ထားသည့် မက္ကာမြို့ ဘုရားဝတ်ပြုသည့်ကျောင်းအနီး စတုဒီသာ ဇရပ်ကြီးတစ်ဆောင်နှင့် ပဋ္ဌာန်းဟော သိမ်ကြီးတစ်ဆောင်၊ မဟာဗောဓိ ဒက္ခိဏသာခါ လက်ယာတောင်ကိုင်းကို မြတ်စွာ ဘုရား အရပ်တော်ပမာဏအတိုင်း ရုပ်ပွားတော်မြတ် ထုလုပ် ကိုးကွယ်သည့်အပြင် အပ္ပရာဇိတပလ္လင်မြေကို ဌာပနာသွင်း၍ တစ်မိုက် လေးသစ်ခန့် ရွှေချစေတီတော် ထုလုပ်ပြီးလျှင် မှန်အိမ်ထည့်သွင်းကာ ရှစ်သောင်း လေးထောင်သော ရဟန်း ရှင်လူ အပေါင်းတို့အား တစ်ဆူကျစီ ဝေငှပေးစေတော်မူသည်။ ရွှေမြို့တော် အရှေ့မြောက်ဘက်တွင် အတုလဝေယန် အုတ် ကျောင်းတော်ကြီး၊ အရှေ့ပြင်တွင် ကျောင်းရံ ၂ဝ နှင့်တကွ မဟာအတုလဘုံစံ ရွှေကျောင်းတော်ကြီး၊ အနောက်ဘက်တွင် ကျောင်းရံ ၂ဝ နှင့်တကွ မဟာဇောတိကာရာမတိုက်ရတနာဘုံစံ ကျောင်းတော်ကြီးတို့ကို ဆောက်လုပ်လှူဒါန်းလေသည်။ ထိုမျှ မက ရွှေမြို့တော်ဝန်းကျင်၌ အုတ်ဇရပ်တော်များ၊ ဓမ္မာရုံ ဇရပ်များ၊ တရားတင်းကုပ်များ၊ ရေကန်များ စသည်တို့ကို မြောက်မြားစွာ လှူဒါန်းတော်မူသည်။ သာသနာတော် စင်ကြယ် ရန် ဟူသော ရည်ရွယ်ချက်ဖြင့် မင်းတုန်းမင်းတရားကြီးသည် ၁၂၁၇ ခုနှစ်တွင် ဆရာတော်များနှင့်တိုင်ပင်၍ ဓမ္မဝိနယအမိန့် တော်ပြန်တမ်းကို မင်းမိန့်နှင့် ထုတ်ပြန်သည်။ သို့ရာတွင် မင်းတရားကြီး ရည်ရွယ်တော်မူရင်းသို့ မရောက်ဘဲ ယင်းဓမ္မ ဝိနယစာတမ်းကို အကြောင်းပြု ဂိုဏ်းကွဲမှု စသော မလိုအပ် သည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ရသည်။ မင်းတရားကြီးသည် ပြည်သူပြည်သား အပေါင်းတို့အားလည်း သီလနှင့် ကုသိုလ် တရား မမေ့မလျော့စေရန် လစဉ်လဆန်း ၅ ရက်နေ့ ရောက် တိုင်း ဂရုဓမ္မ အမိန့်တော် ပြန်တမ်းကြီးကို ပြည်တွင်းပြည်ပ လှည့်လည်ဖတ်ကြား စည်လည်စေသည်။ ယင်းသို့ဖြင့် သာသနာ နေရောင်လရောင်ပမာ ထွန်းပြောင်စေရန် မင်းတရား ကြီး အားပေးချီးမြှောက်တော် မူသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် သာသနာရေးသာ မက စာပေလည်းထွန်းကားသည်။ ကဗျာ လင်္ကာဘက်၌ စာ ကောင်းပေကောင်းကြီးများ ထွန်းကားခဲ့သည့်နည်းတူ စကားပြေ ဘက်၌လည်း ယခင်ခေတ်များကထက် ပိုမိုကောင်းမွန်သော စာ ကြီးပေကြီးများကို တွေ့နိုင်သည်။ မင်းတရားကြီးလက်ထက်တွင် ဘောလယ်ဟူသော ကဗျာသီချင်းတစ်မျိုးနှင့် ညဉ့်ချင်းပြီး ပြဇာတ်အရေးအသားများ ပေါ်ပေါက်လာသည်။ ဘကြီးတော် လက်ထက် ရေးသားသော မှန်နန်းရာဇဝင်သည် ၁၁၈၃ ခုနှစ် အထိသာ ရောက်သဖြင့် မင်းတုန်းမင်းတရားကြီး လက်ထက် ဆက်လက်ရေးသားစေရာ ကုန်းဘောင်ဆက် မဟာရာဇဝင်ဟူ၍ ပေါ်ပေါက်လာသည်။ ထိုမင်းလက်ထက် ထင်ရှားသော စာဆို တော်များကား ဦးရွှေခြည်၊ [[စလေဦးပုည]]၊ [[လှိုင်ထိပ်ခေါင်တင်]]၊ [[ယောမင်းကြီး ဦးဘိုးလှိုင်|ယောအတွင်းဝန် ဦးဘိုးလှိုင်]]၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ [[မန်လည်ဆရာတော်]] စသည်တို့ဖြစ်သည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
'''မင်းတုန်းမင်းတရားကြီး'''သည် မြန်မာနိုင်ငံနှင့် ကုန်းဘောင်မင်းဆက်၏ ဒုတိယ နောက်ဆုံး ဘုရင်ဖြစ်ပြီး ၁၈၀၈ ခုနှစ် ၊ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် အမရပူရ၌ မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်လွင်ဖြစ်သည်။ ညီတော် ကနောင်မင်းသားနှင့်အတူ ရွှေဘိုသို့သွားကာ နောင်တော် ပုဂံမင်းအား ပုန်ကန်ကြသည်။ ပုန်ကန်သည့်အစီအစဉ် အောင်မြင်ကာ ကုန်းဘောင်မင်းဆက်၏ ၁၀ ပါးမြောက် ဘုရင်ဖြစ်လာသည်။ ဘုရင် ဖြစ်လာပြီးနောက် နေပြည်တော်ကို မန္တလေးသို့ ၁၈၅၄ တွင် ပြောင်းရွှေ့နန်းစိုက်ခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး ကို အိမ်ရှေ့စံ အဖြစ် အပ်နှင်းခဲ့သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ကနောင်မင်းသားကြီး၏ စီမံခန့်ခွဲမှုဖြင့် ဗြိတိန် ၊ ပြင်သစ်ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် အမေရိကန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့ပြီး စက်မှု လုပ်ငန်းများ တည်ထောင်ခဲ့သည်။ ၁၈၆၈ တွင် ကုသိုလ်တော် ဘုရားကို တည်ထားကိုးကွယ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟု မှတ်တမ်းဝင်သည့် ဗုဒ္ဓ မြတ်စွာ၏ [[ပိဋကတ် သုံးပုံ]]ကို ကျောက်စာဖြင့် ထွင်းထု ပူဇော်ခဲ့သည်။ ၁၈၇၁ တွင် [[ရွှေတိဂုံစေတီတော်]] ကို ထီးတော်အသစ် တင်လှူခဲ့သည်။ ၁၈၇၁ တွင်ပင် ပဉ္စမ သင်္ဂါယနာ တင်နိုင်ခဲ့သည်။ နောင်တော်ပုဂံမင်းလက်ထက်က အင်္ဂလိပ်ထံဆုံးရှုံးခဲ့ရသည့် နယ်မြေများအတွက် စာချုပ်များကို လက်မှတ်ရေးထိုးရန် လျစ်လျူရှုခဲ့သဖြင့် အင်္ဂလိပ်-မြန်မာဆက်ဆံရေးတွင် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ လတ်တလော ရှင်းလင်းရမည့် နိုင်ငံရေးကိစ္စများကို အရေးမမူဘဲ မြို့သစ်တည်ခြင်း၊ ဘုရားတည်ခြင်း၊ သင်္ဂါယနာတင်ခြင်းတို့ကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။ ၁၈၆၆ ဇွန်လ (၁၈) တွင် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ညီတော် ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရသည်။ မင်းတုန်းမင်းကြီးမှာမူ လက်မတင်လေး လွတ်မြောက်သွားခဲ့သည်။ ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မင်းတုန်းမင်းကြီးသည် ထီးနန်းဆက်ခံရန် အိမ်ရှေ့စံ အပ်နှင်းခြင်း မရှိခဲ့ပေ။ မင်းတုန်းမင်းကြီး မကျန်းမမာ ဖြစ်လာသောအခါ မိဖုရားခေါင် ဖြစ်သော ဆင်ဖြူမရှင် မိဖုရားကြီးက နန်းတွင်းရေးများကို ခြယ်လှယ်လာခဲ့သည်။ ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီး၏ အကြံဖြင့် စွမ်းရည်ရှိသော မင်းသားအများအပြားကို ကွပ်မျက် သုတ်သင်ကာ မိမိတို့ ကြိုးဆွဲရာ ကမည့် သီပေါမင်းကို နန်းတင်ခဲ့သည်။
 
== ကျမ်းကိုး ==