မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
 
စာကြောင်း ၄၄ -
ဦးထော်လေးသည် ယခင်ကအတိုင်းပင် ဒလမြို့ကို အပိုင်စား အုပ်ချုပ်နေရပြန်သည်။ သို့သော် တာရှည်မနေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သန်လျင်မြို့ဝန်မောင်စပ်သည် အင်္ဂလိပ်တို့က မြှောက်ပေးသဖြင့် မြန်မာဘုရင်ကို သောင်းကျန်းပုန်ကန်သည်။ ထိုအခါ မြန်မာဘုရင်သည် မွန်အမျိုးသားတို့အား အယုံအကြည်ကင်းမဲ့လာပြီးလျှင် စစ်ဆေးမေးမြန်းခြင်း ပြု၍ သင်္ကာမကင်း ဖြစ်လာလေတော့သည်။ သန်လျင်မြို့ဝန် မောင်စပ်ကလည်း ဦးထော်လေးအား သူနှင့် ပူးပေါင်း၍ ပုန်ကန်တော်လှန်ရန် ဖြားယောင်းသွေးဆောင်သေးသည်။ နောက်ဆုံး အမျိုးမျိုး စည်းရုံး၍ မရသောအခါ အမျက်သို၍ နေလေရာ ဦးထော်လေးသည် ရေကြောင်းခရီးဖြင့် အင်္ဂလိပ်ပိုင်နက်ဖြစ်သော မော်လမြိုင်ဘက်သို့ တိမ်းရှောင်သွားခဲ့ရလေသည်။ ဤအဖြစ်အပျက်နှင့်ပတ်သက်၍ စစ်ကဲကြီး ဦးထော်လေး သူကိုယ်တိုင်ရေးသားသော ‘ရေစက်ချမှတ်တမ်း’ ၌ ၁၈၈၆ ခု၊ အကြိမ်တွင် သမ္ဘိန္နဝင်၊ မြန်ခွင်ပိုင်နင်း၊ ပြည်ရှင်မင်းနှင့် အင်္ဂလိပ်ဘုရင် အရှင်မင်းခေါင်၊ ပြည်ထောင်နှစ်ပါး၊ ရန်ကြီးပွား၍၊ အများစစ်ပြိုင်ကြရာ၊ စင်္ကြာဝန်ကြီးမင်း လက်အောက်တော်ဝယ်၊ ခုနှစ်ရာကျော် သူရဲကို မှူးကဲအုပ်ကွပ်လျက်၊ သက်စွန့်ကြိုးပမ်း၊ မှုတော်ထမ်းခဲ့၍၊ စစ်ခန်း ပြေငြိမ်းကြသည့်နောက်၊ ရှစ်ခုမြောက် သက္ကရာဇ်ဆီတွင်၊ သံလျှင်ရွှေမြို့ကို၊ ခွန်ပို့ပိုင်ချုပ်၊ ဝန်ပြုလုပ်သော၊ မင်းသမိန်ဘရူးသည်၊ ကျေးဇူးရှင် သစ္စာတော်ကို မထောက်၊ အရှင်ကို ပြန်ချောက်သော မျောက်သူငယ် အဟန်၊ ရန်စစ်တမူ၊ တော်လှန်မှုပြုသည်ကို၊ မခုခံသာ မဝင်သာသောကြောင့်၊ ငါးရာကျော်လှေသင်းနှင့်၊ နေရင်းမုတ်ကျွတ်းမှ၊ ဒရတွန်းထွက်ခွာသဖြင့်၊ မင်္ဂလမဏ္ဍိုင်၊ ကုန်သည်မျိုးဆိုင်ဖြစ်သော၊ မော်လမြိုင်မြို့ကြီးသို့ ရောက်၏။ စသည်ဖြင့် ရေးသား မှတ်တမ်းတင်၍ ထားခဲ့လေသည်။
 
အချို့သော ဆောင်းပါးရှင်တို့က စစ်ကဲမောင်ထော်လေးသည် သစ္စာဖောက်၍ အင်္ဂလိပ်လက်အောက် ရောက်နေသော တနင်္သာရီဒေသ မော်လမြိုင်သို့ ခိုဝင်သွားသည်ဟု ရေးသားကြသည်။ စင်စစ်အားဖြင့်မူ စစ်ကဲ ဦးထော်လေးသည် မောင်စပ်၏ ရန်ကြောင့်လည်းကောင်း၊ မြန်မာမင်း၏ အယုံအကြည်ကင်းမဲ့ခြင်းကို မခံရသင့်ပါလျက် ခံရသောကြောင့်လည်းကောင်း၊ အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် ဘေးကင်းရန် မော်လမြိုင်သို့ ရှောင်ထွက်ခွာသွားခြင်းသာ ဖြစ်လေသည်။ မော်လမြိုင်မြို့သည် အလောင်းမင်းတရား လက်ထက်က ကြီးကျယ်စည်ကားသောမြို့မဟုတ်ချေ။ တောရွာကလေးသာသာ ရှိသည်။ [[အလောင်းမင်းတရား|အလောင်းမင်းတရားကြီး]] ကိုယ်တိုင် ယိုးဒယား(ထိုင်း) သို့ ချီတက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် မကျန်းမမာ ဖြစ်ကာ မော်လမြိုင်အနီး မုတ္တကျေးကင်းရွာ၌ မြန်မာသက္ကရာဇ် ၁၁၂၂ ခုနှစ် ၊ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့ (ခရစ်နှစ် ၁၇၆၀ မေ ၁၁)တွင် နတ်ပြည်စံတော်မူသဖြင့် နေပြည်တော်သို့ ဗမာ့တပ်မတော်များ ပြန်လာခဲ့ကြသည်။ ထိုစဉ် ဗိုလ်ချုပ် [[မင်းခေါင်နော်ရထာ]]သည် ရသမျှသော သုံ့ပန်းလူစုများနှင့် မော်လမြိုင်ကို ပြုပြင်တည်ထောင်ခဲ့သည်။ အလောင်းမင်းတရားကြီး၏ အရိုက်အရာကို ဆက်ခံသော [[နောင်တော်ကြီးမင်း]]က မင်းခေါင်နော်ရထာကိုပင် မြို့ပြတည်ထောင်ခြားနား၍ ပုန်ကန်သည် အထင်မှားခြင်းကို ခံခဲ့ရဖူးလေသည်။ တစ်ဖန် အင်္ဂလိပ်- မြန်မာ စစ်ပွဲဖြစ်ပြီး ဦးထော်လေး၏ ဆရာ စကြာဝန်ကြီးအား မော်လမြိုင်မြို့ကို ပြုပြင်ခိုင်းပြန်သည်။ တိုင်းပြည်မအေးချမ်းသဖြင့် ပြန်လည်ပျက်စီး ယိုယွင်းခဲ့ရပြန်သည်။ တတိယ အကြိမ် ဦးထော်လေး ပြန်လည်ပြုပြင်သဖြင့် မော်လမြိုင်မြို့သည် ကြီးကျယ် စည်ကားလာခဲ့သည်။ ဦးထော်လေး အသက် ၅၂ နှစ် အရွယ်တွင် မော်လမြိုင်သို့ ရောက်လာ၏။ မြန်မာသက္ကရာဇ် ၁၁၈၇ (ခရစ်နှစ် ၁၈၂၆)ခုနှစ်လောက်က စ၍ ပြုပြင်ရာ တစ်နှစ်အတွင်းတွင် မော်လမြိုင်သည် အိမ်ခြေတိုးတက် စည်ကားသိုက်မြိုက်လာ၏။
 
== မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး ==
[[File:Earl Amherst.JPG|thumb|တနင်္သာရီဘုရင်ခံ လော့ဒ်အင်းမှတ်စ် (Lord Amherst)]]
အင်္ဂလိပ်တို့ကလည်း ဦးထော်လေးအား လေးစားလာသဖြင့် တနင်္သာရီ ဒုတိယဘုရင်ခံ လော့ဒ်အင်းမှတ်စ်က မော်လမြိုင်မြို့တွင် ဦးထော်လေးအား ခရစ်နှစ် ၁၈၃၅ ခုနှစ် ၊ခုနှစ်၊ ဇူလိုင်လဆန်းမှ စ၍ အင်္ဂလိပ်အစိုးရက စစ်ကဲ ခန့်အပ်လိုက်သည်။ ထိုခန့်အပ်လွှာ အတိုင်းဆိုလျှင် စ၍ ခန့်သည့်အခါက လစာငွေတစ်လလျှင် ၁၂၅ ကျပ် ရခဲ့လေသည်။ ထို့နောက်မှ လစာတိုးမြှင့်ခဲ့သည်။ ထိုအခါက စစ်ကဲ ဦးထော်လေးသည် ရုံးထိုင်အရာရှိ တရားသူကြီးအဖြစ် သက်ဆိုင်ရာအမှုများကို စီရင်စစ်ဆေးရ၏။ မြို့ဝန်ဖြစ်လာသူ ဖြစ်သဖြင့် တရားမမှု၊ မြို့မှု၊ ရွာမှု၊ အမွေမှုများကို ပိုင်နိုင်စွာ စစ်ဆေးနိုင်ခဲ့သည် ဆို၏။ ထိုအခါက သီးခြားရုံး အဆောက်အအုံ မဖွင့်နိုင်သေးသဖြင့် မိမိပိုင် နေအိမ်ကြီး၏ တစ်ဝက်ကို ရုံးခန်း အဖြစ်ဖြင့် အသုံးပြုခဲ့ရသည်။ ဦးထော်လေး ရုံးစိုက်ရာ နေရာ အရပ်ကို ယခုတိုင် မော်လမြိုင်မြို့တွင် စစ်ကဲကုန်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၁၉၂ ခုနှစ် ရွှေကျင်မြို့ဝန် ဦးမြတ်ဖြူသည် အင်္ဂလိပ်အစိုးရလက်အောက်သို့ ပြေးဝင်ခိုလှုံလာပြန်သည်။ ထိုအခါ အင်္ဂလိပ်အစိုးရတို့က ဦးမြတ်ဖြူအား ဒိုင်းဝန်ကွင်းအရပ်တွင် နေရာချထားပြီး မြောက်ပိုင်းစစ်ကဲဟု သတ်မှတ်ခန့်အပ်လိုက်သည်။ ထိုအချိန်မှစ၍ ဦးထော်လေးသည် တောင်ပိုင်းစစ်ကဲ တရားသူကြီး ဖြစ်လာသည်။ ဦးထော်လေး၏ လက်အောက်တွင် သူကြီးများ၊ အရပ်အုပ်များ၊ သမာဓိမြို့ဝန် တရားသူကြီးများ ခန့်ထားရာ ဦးထော်လေးသည် တပည့်များ ဖြစ်သော မောင်ငန်၊ မောင်ဘိုးစောနှင့် မောင်သာယာတို့အား ရာထူးပေး အုပ်ချုပ်စေ၏။ ထိုတပည့်များ အုပ်ချုပ်ရာ အရပ်များသည် ယခုတိုင် မောင်ငန်ရပ်၊ ဘိုးစောကုန်းရပ်၊ သာယာကုန်းရပ် ဟူ၍ အမည်တွင် ကျန်ရစ်ခဲ့သည်။ ထိုစဉ်က တရားစီရင်ရာတွင် အိန္ဒိယက ရာဇတ်ပုဒ်မ အက်ဥပဒေများ မြန်မာနိုင်ငံသို့ မရောက်သေးသဖြင့် ဦးထော်လေးသည် မြန်မာ့အုပ်ချုပ်ရေး ထုံးတမ်းစဉ်လာဖြစ်သည့် ဓမ္မသတ်၊ ရာဇသတ်တို့ဖြင့် အုပ်ချုပ်၍ တရားစီရင်ခဲ့ရလေသည်။ အင်္ဂလိပ်အစိုးရကလည်း စစ်ကဲခန့်စာ၌ မိမိကျွမ်းကျင်လိမ္မာသလို အုပ်ချုပ်ရန် ညွှန်ကြားထားလေသည်။
စစ်ကဲဦးထော်လေး လက်ထက်က မော်လမြိုင်၌ ရုံးများ ဖွင့်စပြုပြီး ဖြစ်၍ ရုံးခွန်ကို စတင်ကောက်ခံစေသည်။ ဦးထော်လေး၏ လက်ထက်၌ပင်လျှင် မော်လမြိုင်သည် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ၌ ပထမဆုံး မြို့တော်အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ သို့မတိုင်မီက အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်အင်းမှတ်စ်သည် ရခိုင်ပြည်နှင့်တနင်္သာရီနယ်ပယ်တစ်လွှားကို သိမ်းယူပြီးနောက် ရခိုင်ပြည်ကို အနောက် ဘင်္ဂလားပြည်ဘုရင်ခံ၏ လက်အောက်သို့ လွှဲထား၏။ တနင်္သာရီကို [[မဒရပ်ပြည်နယ်|မဒရပ်]] ပြည်နယ်အစိုးရ လက်အောက်သို့လွဲ၍ အုပ်ချုပ်စေခဲ့သည်။ ထားဝယ်၊ မြိတ်နှင့် တနင်္သာရီမြို့များကိုမူ ဗြိတိသျှပိုင် [[မလေး ကျွန်းဆွယ်|မလေးကျွန်းစွယ်]] ပီနန်ဘုရင်ခံလက်အောက်တွင် ခေတ္တလွဲထားသည်။ ပထမ အောက်မြန်မာနိုင်ငံ မြို့တော်အဖြစ် ကျိုက္ခမီကို သတ်မှတ်ရာမှ ဦးထော်လေး ပြုပြင်သဖြင့် မော်လမြိုင်သည် တဖြည်းဖြည်း စည်ကားလာသည်ကို တွေ့ရသဖြင့် မော်လမြိုင်သို့ ပြောင်းလွဲရုံးစိုက်ကာ မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။ ဤတွင် အင်္ဂလိပ်အစိုးရတို့ကလည်း ဦးထော်လေးအား ပိုမိုလေးစားလာကြသည်။
ထိုစဉ်က မော်လမြိုင်နှင့် အောက်ဗမာပြည်များတွင် စစ်ဘက်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေး ပူးတွဲရှိနေသဖြင့် အင်္ဂလိပ်အစိုးရတို့သည် ဗမာပြည်အတွက် သတ်မှတ်ပြီး သီးခြား ဥပဒေမရှိသေးကြောင်း ထင်ရှားစွာ တွေ့ရလေသည်။ ခရိုင် ဝန်ရှင်တော်မင်းကြီးနှင့် အရေးပိုင် စသော အင်္ဂလိပ်လူမျိုးတို့သည် စစ်ဘက်မှ ကာနယ်၊ မေဂျာ စသောအရာရှိများသာ ဖြစ်ကြသည်။ ယင်းကို ထောက်၍ အင်္ဂလိပ်တို့သည် မြန်မာပြည်ကို နောက်ထပ် တိုက်ခိုက်ရန် တာစူလျက် စစ်ဘက်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိသာနိုင်ပေသည်။ ဦးထော်လေးအား မော်လမြိုင်တွင် အခြေတည်၍ နေထိုင်စဉ် သန်လျင်မြို့ဝန် မောင်စပ်သည် အင်္ဂလိပ်ပိုင် တနင်္သာရီနယ်သို့ နောက်ပါ လူတစ်သောင်းဖြင့် ခိုဝင်လာသည်။ အင်္ဂလိပ်အစိုးရက မောင်စပ်အား တစ်လလျင် ၂၅၀ ကျပ်ပေးကာ အငြိမ်းစား နေစေသည်။ မောင်စပ်သည် မော်လမြိုင်တွင် ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်နှစ်၌ ကွယ်လွန်သွားခဲ့လေသည်။
စာကြောင်း ၆၃ -
== ဘဝနိဂုံး ==
[[ဖိုင်:Moulmeinfromgreatpagoda.JPG|thumb|ခရစ်နှစ် ၁၈၇ဝ ခုနှစ်ကာလ ဗြိတိသျှပိုင် မော်လမြိုင်မြို့]]
အသက် ၇၇ နှစ် အရွယ်သို့ ရောက်သောအခါ ဇရာထောင်းလာသောကြောင့် ဦးထော်လေးသည် မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး ဘဝမှ အငြိမ်းစားယူကာ ရန်ကုန်မြို့သို့ ရောက်လာနေထိုင်ခဲ့လေသည်။ ထိုမှ တစ်ဖန် ဒလ (တွံ့တေးမြို့ ) သို့ သွားရောက်နေထိုင်ကာ တွံတေး ရွှေဆံတော် စေတီတော်ကို လှူဒါန်းခဲ့ပြန်လေသည်။ ဦးထော်လေးအား [[ဝိတိုရိယ ဘုရင်မ]] မှ ကျက်သရေဆောင် ရွှေစလွယ်မင်းဘွဲ့ကို ပေးအပ်ခဲ့သည်။ ထို့ကြောင့် ဦးထော်လေးသည် ဒလ (တွံတေး) မြို့၌နေစဉ် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်၊ (ခရစ်နှစ် ၁၈၆၇ ခုနှစ် ) အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်သွားသည်ဟု ဘီအာရ်ပန်း၏ ရန်ကုန်ရာဇဝင်တွင် ဆိုလေသည်။ အင်္ဂလိပ်အစိုးရတို့သည် ပထမမြန်မာစစ်ပွဲ ၊ပထမမြန်မာစစ်ပွဲ၊ ဒုတိယ မြန်မာစစ်ပွဲအတွင်း၌ ပါဝင် ထင်ရှားကျော်စောခဲ့သော အင်္ဂလိပ်စစ်ဗိုလ်များ ၏ အမည်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့လမ်းများကို မှည့်ခေါ်ခဲ့ကြသည်။ ဂုဏ်ပြုမှည့်ခေါ်သူများတွင် အင်္ဂလိပ်စစ်ဗိုလ်များနှင့်အတူ ထင်ရှားခဲ့သော ဦးထော်လေးနှင့် ဦးခိုင်တို့ကိုလည်း အမည်ပေးရန် ပန်ကြားခဲ့ကြသည်။ ယခု ဗိုလ်ဆွန်ပက်လမ်း ဟု ခေါ်တွင်နေသော မောင်ထော်လေးလမ်းကို ဦးထော်လေးက သူ၏ အမည် မှည့်ခေါ်စေလိုခြင်းမှာ (၁) ထိုလမ်း၌ ရန်ကုန်မြို့တွင် ရှေးအကျဆုံးဖြစ်သော ကွန်ဗင့်ကျောင်းဟောင်းကြီး ရှိ၏။ တည်ထောင်သည်မှာ နှစ်ပေါင်း ၁၅၀ ကျော်မျှရှိပြီဖြစ်၏။ ထိုကျောင်းဆောက်စ အခါက ခရစ်ယာန် ဘာသာပြန့်ပွားသွားမည်စိုး၍ ဦးထော်လေးက အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။ ထိုကျောင်းတွင် မြန်မာ့သမိုင်း၌ ထင်ရှားသော ဒေါက်တာမတ် ခေါ် ဆရာမှတ်ကြီး နေထိုင်သွားဖူးသည်ဟု ဆို၏။ သို့ကန့်ကွက်ခဲ့သည်ကို အကြောင်းပြု၍ လည်းကောင်း ၊လည်းကောင်း၊ ( ၂ ) တစ်ဖန် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၌ အင်္ဂလိပ်တို့က ရန်ကုန်ကို တိုက်ခိုက်ရာတွင် ဦးထော်လေးသည် ကန္နားမှ ခုခံရင်း တပ်ဆုတ်ရသော အခါ၌ ထိုလမ်းတစ်လျောက်မှ ဆုတ်ပေးခဲ့ဖူးသောကြောင့် တစ်ကြောင်း၊ ထို နှစ်ကြောင်းတို့ကြောင့် ၎င်းလမ်းကို သူ၏အမည် မှည့်ပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု သိရသည်။
 
 
စာကြောင်း ၇၄ -
<references/>
*(က) ဦးဘသန်း၊ မော်လမြိုင်ရာဇဝင်၊ မော်လမြိုင် ဦးစိန်ရံ အင်ဆန်းစာပုံနှိပ်တိုက်၊ ပကြိမ်၊ ၁၃၁၁ ခု။
*(ခ) စီးပွားရေးမြင့်ဦး၊ ‘စစ်ကဲ မောင်ထော်လေး’ ၊မောင်ထော်လေး’၊ ရှုမဝမဂ္ဂဇင်း၊ တွဲ ၇ ၊၇၊ မှတ် ၈၀ ( ၁၉၅၄ ခု၊ ဇန်နဝါရီလ )၊ စာ ၁၈၄၊ ၁၉၂။
*(ဂ) ပါမောက္ခဒေါက်တာ နိုင်ပန်းလှ ၊နိုင်ပန်းလှ၊ သုတေသန စာပေများ၊ ရန်ကုန်၊ မွှေးစာပေ၊ ပကြိမ်၊ ၁၉⁠၉၈။ စာ ၁၅၇ ၊၁၅၇၊ ၁၆၀။
*(ဃ) B.R.Rearn : A History of Rangon.